bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
James 4
James 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
1
သင်တို့တွင်ရှိသော စစ်တိုက်ခြင်းနှင့်ခိုက်ရန်ဖြစ်ခြင်းတို့သည် အဘယ်ကဖြစ်လာကြသနည်း။ သင်တို့၏ကိုယ်အင်္ဂါများထဲ၌ ပြိုင်ဆိုင်တိုက်ခိုက်နေကြသည့် သင်တို့၏ကာမဂုဏ်ခံစားလိုသောစိတ်မှ ဖြစ်လာကြသည်မဟုတ်လော။
2
သင်တို့သည် တပ်မက်သော်လည်း မရသောကြောင့် လူသတ်ကြ၏။ အလွန်အလိုရှိသော်လည်း မရရှိနိုင်သောကြောင့် ခိုက်ရန်ဖြစ်၍ စစ်တိုက်ကြ၏။ သင်တို့မရကြသည်မှာ သင်တို့မတောင်းလျှောက်ကြသောကြောင့်ဖြစ်၏။
3
တောင်းလျှောက်သော်လည်း မရကြသည်မှာ သင်တို့၏ကာမဂုဏ်ခံစားမှုအတွက်သုံးစွဲရန် လွဲမှားစွာ တောင်းလျှောက်ကြသောကြောင့်ဖြစ်၏။
4
ဖောက်ပြန်သောသူတို့၊ လောကနှင့်မိတ်ဖွဲ့ခြင်းသည် ဘုရားသခင်ကိုရန်ဘက်ပြုခြင်းဖြစ်ကြောင်း သင်တို့မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွေဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။
5
သို့မဟုတ် ကျမ်းစာက “ကိုယ်တော်သည် ငါတို့၌ ကိန်းဝပ်စေတော်မူသောဝိညာဉ်ကို သဝန်တိုသောသဘောဖြင့် တောင့်တတော်မူ၏”ဟူ၍ အကြောင်းမဲ့ဆိုထားသည်ဟု သင်တို့ထင်ကြသလော။
6
သို့သော် ကိုယ်တော်သည် ပို၍ကြီးမြတ်သောကျေးဇူးတော်ကိုပေးတော်မူ၏။ သို့ဖြစ်၍ “ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏” ဟု ကျမ်းစာ၌ဆိုထား၏။
7
ထို့ကြောင့် ဘုရားသခင်ကိုနာခံကြလော့။ မာရ်နတ်ကိုဆန့်ကျင်တွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်ပြေးလိမ့်မည်။
8
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။
9
စိတ်ညှိုးငယ်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငိုကြွေးခြင်းရှိကြလော့။ သင်တို့၏ရယ်မောခြင်းကို ဝမ်းနည်းကြေကွဲခြင်းဖြစ်စေ၍ သင်တို့၏ဝမ်းမြောက်ခြင်းကို ဝမ်းနည်းပူဆွေးခြင်းဖြစ်စေကြလော့။
10
ထာဝရဘုရားရှေ့တော်၌ မိမိကိုယ်ကိုနှိမ့်ချကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်။
11
ညီအစ်ကိုတို့၊ အချင်းချင်းပုတ်ခတ်ပြောဆိုခြင်းမပြုကြနှင့်။ ညီအစ်ကိုကိုပုတ်ခတ်ပြောဆိုသောသူ၊ သို့မဟုတ် မိမိညီအစ်ကိုကိုစီရင်သောသူသည် ပညတ်တရားကိုပုတ်ခတ်ပြောဆို၍ ပညတ်တရားကိုစီရင်သူဖြစ်၏။ သင်သည် ထိုသို့ ပညတ်တရားကိုစီရင်လျှင် ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူမဟုတ်ဘဲ တရားစီရင်သောသူဖြစ်၏။
12
ပညတ်တရားကိုပေးသောသူ၊ တရားစီရင်သောသူသည် တစ်ပါးတည်းရှိတော်မူပြီး ထိုအရှင်သည် ကယ်တင်နိုင်စွမ်းရှိ၍ ဖျက်ဆီးနိုင်စွမ်းလည်းရှိတော်မူ၏။ သင်မူကား မည်သူဖြစ်၍ မိမိဝန်းကျင်၌ရှိသောသူကိုစီရင်ရသနည်း။
13
“ယနေ့၊ သို့မဟုတ် မနက်ဖြန်တွင် ဤမြို့၊ သို့မဟုတ် ထိုမြို့သို့သွား၍ ထိုအရပ်၌ တစ်နှစ်ပတ်လုံးနေလျက် ကူးသန်းရောင်းဝယ်ကာ အမြတ်ရအောင်လုပ်ကြမည်”ဟု ဆိုတတ်သောသူတို့၊ ယခုနားထောင်ကြလော့။
14
သင်တို့သည် မနက်ဖြန် မည်သို့ဖြစ်မည်ကို မသိကြ။ သင်တို့၏အသက်သည် မည်သို့သောအရာဖြစ်သနည်း။ သင်တို့သည် ခေတ္တခဏပေါ်လာပြီးနောက် ပျောက်ကွယ်သွားတတ်သော အခိုးအငွေ့ဖြစ်ကြ၏။
15
ထို့ကြောင့် “ထာဝရဘုရားအလိုတော်ရှိလျှင် ငါတို့သည် အသက်ရှင်၍ ဤအမှု၊ သို့မဟုတ် ထိုအမှုကိုပြုကြမည်”ဟုသာ သင်တို့ဆိုသင့်၏။
16
သို့သော် ယခု သင်တို့သည် ဟိတ်ဟန်ထုတ်လျက် ဝါကြွားနေကြ၏။ ထိုသို့သောဝါကြွားခြင်းဟူသမျှသည် မကောင်းသောအမှုဖြစ်၏။
17
သို့ဖြစ်၍ မည်သူမဆို ကောင်းသောအမှုကိုလုပ်ဆောင်ရန် သိလျက်နှင့်မလုပ်ဘဲနေလျှင် သူ့အတွက်အပြစ်ဖြစ်၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
All chapters:
1
2
3
4
5
Recommended Reading
Commentary
James Commentaries
→
Devotional
James Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→