bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
John 18
John 18
Burmese MSBU
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 19 →
1
ယေရှုသည် ထိုသို့မြွက်ဆိုတော်မူပြီးနောက် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ ထွက်သွားတော်မူ၏။ ထိုအရပ်၌ ဥယျာဉ်တစ်ခုရှိ၍ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ ထိုဥယျာဉ်ထဲသို့ဝင်တော်မူ၏။
2
ယေရှုသည် ထိုအရပ်တွင် တပည့်တော်တို့နှင့် မကြာခဏစုဝေးလေ့ရှိသောကြောင့် ကိုယ်တော်ကိုအပ်နှံမည့်သူ ယုဒသည်လည်း ထိုအရပ်ကိုသိထား၏။
3
သို့ဖြစ်၍ ယုဒသည် တပ်ဖွဲ့တစ်ဖွဲ့ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ဖာရိရှဲများက စေလွှတ်လိုက်သောအစောင့်တပ်သားတို့ကိုလည်းကောင်း ခေါ်ဆောင်၍ ထိုအရပ်သို့ရောက်လာ၏။ ထိုသူတို့သည် မီးအိမ်၊ မီးရှူးနှင့် လက်နက်များကိုကိုင်ဆောင်ထားကြ၏။
4
ယေရှုသည် မိမိ၌ဖြစ်လာမည့်အရာအလုံးစုံတို့ကို သိနှင့်တော်မူသောကြောင့် ထွက်လာ၍ “မည်သူ့ကိုရှာကြသနည်း” ဟု မေးတော်မူလျှင်
5
သူတို့က “နာဇရက်မြို့သားယေရှုကိုရှာသည်”ဟု ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း “ငါဖြစ်သည်” ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသူ ယုဒသည်လည်း ထိုသူတို့နှင့်အတူရပ်လျက်နေ၏။
6
ထိုသို့ ကိုယ်တော်က “ငါဖြစ်သည်” ဟု မိန့်တော်မူသောအခါ သူတို့သည် နောက်သို့ဆုတ်၍ မြေပေါ်၌လဲကျကြ၏။
7
ထို့ကြောင့် ကိုယ်တော်သည် နောက်တစ်ဖန် သူတို့အား “မည်သူ့ကိုရှာကြသနည်း” ဟု မေးတော်မူလျှင် သူတို့က “နာဇရက်မြို့သားယေရှုကိုရှာသည်”ဟု ဆိုကြ၏။
8
ယေရှုကလည်း “ငါဖြစ်သည်ဟု သင်တို့အား ငါပြောခဲ့ပြီ။ သို့ဖြစ်၍ သင်တို့သည် ငါ့ကိုရှာကြလျှင် ဤသူတို့သွားပါလေစေ” ဟု ပြန်၍မိန့်တော်မူ၏။
9
ထိုသို့မိန့်တော်မူသည်မှာ “အကျွန်ုပ်ထံ ကိုယ်တော်ပေးအပ်တော်မူသောသူတို့တွင် မည်သူမျှ အကျွန်ုပ်မဆုံးရှုံးခဲ့ပါ” ဟု ကိုယ်တော်မြွက်ဆိုခဲ့သောစကား ပြည့်စုံစေရန်ဖြစ်၏။
10
ထိုစဉ်တွင် ရှိမုန်ပေတရုသည် ပါလာသောဓားကိုဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ယာဘက်နားရွက်ပြတ်သွားလေ၏။ ထိုအစေအပါး၏အမည်ကား မာလခုဖြစ်၏။
11
ယေရှုကလည်း “ဓားကို ဓားအိမ်ထဲသို့ပြန်သွင်းလော့။ ငါ့အား ခမည်းတော်ပေးတော်မူသောခွက်ကို ငါမသောက်ဘဲနေရမည်လော” ဟု ပေတရုအား မိန့်တော်မူ၏။
12
ထိုအခါ တပ်ဖွဲ့တစ်ဖွဲ့၊ တပ်မှူးကြီးနှင့် ဂျူးလူမျိုးအစောင့်တပ်သားတို့သည် ယေရှုကိုဖမ်းဆီး၍ ချည်နှောင်ကြကာ
13
အန္နတ်ထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။ အကြောင်းမူကား အန္နတ်သည် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမဖြစ်၏။
14
ထိုကယာဖသည် “လူတစ်ဦးက လူထုကိုယ်စားအသေခံခြင်းသည် ပို၍ကောင်း၏”ဟု ဂျူးလူမျိုးတို့အား အကြံပေးခဲ့သူဖြစ်၏။
15
ရှိမုန်ပေတရုနှင့် အခြားတပည့်တော်တစ်ပါးသည် ယေရှုနောက်တော်သို့ လိုက်သွားကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏အသိဖြစ်၍ ယေရှုနှင့်အတူ ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲသို့ ဝင်လေ၏။
16
ပေတရုမူကား ခြံတံခါးအပြင်ဘက်၌ ရပ်နေ၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်မင်း၏အသိဖြစ်သော ထိုတပည့်တော်သည်ထွက်လာ၍ တံခါးစောင့်မိန်းမအားပြောပြီးလျှင် ပေတရုကို အထဲသို့ခေါ်သွားလေ၏။
17
ထိုအခါ တံခါးစောင့်ဖြစ်သော ထိုအစေခံမိန်းမက ပေတရုအား “သင်သည်လည်း ထိုသူ၏တပည့်တစ်ဦးဖြစ်သည်မဟုတ်လော”ဟု ဆိုလျှင် ပေတရုက “မဟုတ်ပါ”ဟု ဆိုလေ၏။
18
ထိုကာလသည်ချမ်းအေးသောကြောင့် အစေအပါးတို့နှင့် အစောင့်တပ်သားတို့သည် မီးခဲဖိုပြီး ရပ်လျက်မီးလှုံနေကြ၏။ ပေတရုသည်လည်း သူတို့နှင့်အတူရပ်၍ မီးလှုံနေ၏။
19
ထိုစဉ်တွင် ယဇ်ပုရောဟိတ်မင်းသည် ယေရှုအား တပည့်တော်တို့နှင့်ပတ်သက်၍လည်းကောင်း၊ သူ၏သွန်သင်ချက်နှင့်ပတ်သက်၍လည်းကောင်း မေးမြန်း၏။
20
ယေရှုကလည်း “ငါသည် လောက၌ ထင်ရှားစွာဟောပြောခဲ့၏။ ဂျူးလူမျိုးအပေါင်းတို့စုဝေးရာ ဝတ်ပြုစည်းဝေးကျောင်းနှင့် ဗိမာန်တော်၌ အစဉ်အမြဲသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပေ။
21
သင်သည် အဘယ်ကြောင့် ငါ့ကိုမေးမြန်းသနည်း။ လူတို့အား မည်သို့ ငါဟောပြောခဲ့သည်ကို ကြားနာသောသူတို့ထံ မေးမြန်းလော့။ ငါပြောဆိုခဲ့သောအရာများကို ထိုသူတို့သိကြ၏” ဟု ပြန်၍မိန့်တော်မူ၏။
22
ထိုသို့မိန့်တော်မူသောအခါ အနီး၌ရပ်နေသော အစောင့်တပ်သားတစ်ဦးက “ယဇ်ပုရောဟိတ်မင်းကို ဤသို့ပြန်ပြောရသလော”ဟု ဆိုလျက် ယေရှုကိုရိုက်ပုတ်လေ၏။
23
ယေရှုကလည်း “ငါပြောသောအရာမမှန်လျှင် မမှန်သည့်အကြောင်းကို ထောက်ပြလော့။ မှန်သည်ဆိုလျှင် အဘယ်ကြောင့် ငါ့ကိုရိုက်သနည်း” ဟု ထိုသူအား မိန့်တော်မူ၏။
24
ထို့နောက် အန္နတ်သည် ကိုယ်တော်ကိုချည်နှောင်ထားသည့်အတိုင်း ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ပို့လိုက်၏။
25
ရှိမုန်ပေတရုမူကား ရပ်လျက်မီးလှုံနေဆဲဖြစ်၏။ ထိုအခါ လူတို့က “သင်သည်လည်း ထိုသူ၏တပည့်များထဲမှတစ်ဦးဖြစ်သည်မဟုတ်လော”ဟု မေးကြလျှင် ပေတရုက “မဟုတ်ပါ”ဟု ငြင်းဆိုလေ၏။
26
ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးဖြစ်ပြီး ပေတရုခုတ်၍ နားရွက်ပြတ်သောသူ၏ဆွေမျိုးလည်းဖြစ်သူက “သင့်ကို ထိုသူနှင့်အတူ ဥယျာဉ်ထဲ၌ ငါမြင်ခဲ့သည်မဟုတ်လော”ဟု ဆိုလေ၏။
27
ထိုအခါ ပေတရုသည် ပြန်၍ငြင်းဆိုသည်နှင့် ချက်ချင်းပင် ကြက်တွန်လေ၏။
28
ထို့နောက် သူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ အချိန်ကား နံနက်စောစောအချိန်ဖြစ်၏။ သူတို့သည် ညစ်ညူးခြင်းနှင့်ကင်းလွတ်၍ ပသခါပွဲတော်ကိုစားနိုင်ရန် ရုံးတော်ထဲသို့မဝင်ဘဲနေကြ၏။
29
ထို့ကြောင့် ပိလတ်မင်းသည် သူတို့ရှိရာအပြင်သို့ ထွက်လာ၍ “သင်တို့သည် ဤသူအပေါ်၌ မည်သည့်စွပ်စွဲချက်ကို တင်ကြသနည်း”ဟု မေးလေ၏။
30
သူတို့ကလည်း “ဤသူသည် အပြစ်ကျူးလွန်သူမဟုတ်လျှင် သူ့ကို အရှင့်ထံသို့ အပ်နှံကြမည်မဟုတ်ပါ”ဟု ပြန်၍လျှောက်ကြ၏။
31
ထိုအခါ ပိလတ်မင်းက “သင်တို့ကိုယ်တိုင် သူ့ကိုခေါ်သွား၍ သင်တို့၏ပညတ်တရားအတိုင်း စီရင်ကြပါ”ဟု ဆို၏။ ဂျူးလူမျိုးတို့ကလည်း “အကျွန်ုပ်တို့၌ မည်သူ့ကိုမျှ ကွပ်မျက်ပိုင်ခွင့်မရှိပါ”ဟု လျှောက်ကြ၏။
32
ဤသည်ကား မိမိသည် မည်သို့သောသေခြင်းမျိုးဖြင့် အသေခံရမည်ကို အရိပ်အမြွက်မိန့်တော်မူခဲ့သော ယေရှု၏စကားပြည့်စုံစေမည့်အကြောင်းတည်း။
33
ထို့ကြောင့် ပိလတ်မင်းသည် ရုံးတော်ထဲသို့ ပြန်ဝင်၍ ယေရှုကိုခေါ်ပြီးလျှင် “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု မေးလေ၏။
34
ယေရှုက “သင်သည် ကိုယ့်ဆန္ဒအလျောက် ဤသို့မေးသလော၊ သို့မဟုတ် အခြားသောသူတို့သည် သင့်အား ငါ့အကြောင်းကို ပြောကြသလော” ဟု ပြန်၍မေးတော်မူ၏။
35
ပိလတ်မင်းက “ငါသည် ဂျူးလူမျိုးဖြစ်သလော။ သင်၏အမျိုးသားချင်းနှင့် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် သင့်ကို ငါ့ထံအပ်နှံကြပြီ။ သင်မည်သည့်အရာကိုပြုမိသနည်း”ဟု မေးလေ၏။
36
ယေရှုက “ငါ့နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ့နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်ခဲ့လျှင် ငါသည် ဂျူးလူမျိုးတို့လက်သို့ အပ်နှံခြင်းမခံရရန် ငါ့လူတို့သည် တိုက်ခိုက်ခဲ့ကြပေလိမ့်မည်။ သို့သော် ယခုတွင် ငါ့နိုင်ငံသည် ဤနေရာမှဖြစ်တည်သည်မဟုတ်” ဟု မိန့်တော်မူ၏။
37
ထို့ကြောင့် ပိလတ်မင်းက “သို့ဖြစ်လျှင် သင်သည် ဘုရင်ပေလော”ဟု ဆိုလျှင် ယေရှုက “သင်ဆိုသည့်အတိုင်း ငါသည်ဘုရင်ပေတည်း။ ငါသည် သမ္မာတရားဘက်၌သက်သေခံရန် မွေးဖွားခြင်းကိုခံ၍ ထိုအတွက်ပင် ဤလောကသို့ကြွလာ၏။ သမ္မာတရားနှင့်စပ်ဆိုင်သောသူတိုင်း ငါ့အသံကိုနားထောင်၏” ဟု ပြန်၍မိန့်တော်မူ၏။
38
ပိလတ်မင်းက “သမ္မာတရားဆိုသည်မှာ အဘယ်နည်း”ဟု ဆိုပြီးလျှင် ဂျူးလူမျိုးတို့ရှိရာသို့ တစ်ဖန်ထွက်သွား၍ “ထိုသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့။
39
သို့ရာတွင် ပသခါပွဲတော်၌ လူတစ်ဦးကို သင်တို့အတွက် ငါလွှတ်ပေးရမည့်ထုံးစံရှိသည်ဖြစ်၍ ဂျူးလူမျိုးတို့၏ဘုရင်ကို သင်တို့အတွက် လွှတ်ပေးစေလိုသလော”ဟု သူတို့အားမေးလေ၏။
40
ထိုအခါ သူတို့က “သူ့ကိုမလွှတ်ဘဲ ဗာရဗ္ဗကိုလွှတ်ပေးပါ”ဟု ပြန်၍အော်ဟစ်လျှောက်ထားကြ၏။ ဗာရဗ္ဗကား ဓားပြဖြစ်၏။
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21