bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
John 19
John 19
Burmese MSBU
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 20 →
1
ထိုအခါ ပိလတ်မင်းသည် ယေရှုကိုထုတ်ဆောင်၍ ဒဏ်ခတ်ရိုက်နှက်စေ၏။
2
စစ်သားတို့သည်လည်း ဆူးပင်ကို သရဖူအဖြစ်ရစ်ခွေပြီး ကိုယ်တော်၏ဦးခေါင်းပေါ်၌ ဆောင်းစေ၍ ခရမ်းရောင်ဝတ်ရုံကို ဝတ်စေပြီးလျှင်
3
ကိုယ်တော်ထံသို့ချဉ်းကပ်လျက် “ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေသော”ဟု ဆိုပြီး ကိုယ်တော်ကိုရိုက်ပုတ်ကြ၏။
4
ပိလတ်မင်းသည် နောက်တစ်ဖန် အပြင်သို့ထွက်လာ၍ “နားထောင်ကြလော့။ ထိုသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့ကြောင်း သင်တို့သိမြင်ရန် သူ့ကို သင်တို့ရှိရာသို့ခေါ်ဆောင်လာမည်”ဟု ဆို၏။
5
ထိုအခါ ယေရှုသည် ဆူးသရဖူနှင့်ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်လျက် အပြင်သို့ထွက်လာ၏။ ပိလတ်မင်းကလည်း “ကြည့်ပါ။ ဤသူပင်တည်း”ဟု ဆို၏။
6
ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့် အစောင့်တပ်သားတို့သည် ကိုယ်တော်ကိုမြင်သောအခါ “လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ၊ လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းက “ငါသည် ဤသူ၌ မည်သည့်ပြစ်မှုကိုမျှ မတွေ့သောကြောင့် သင်တို့ကိုယ်တိုင် သူ့ကိုခေါ်သွား၍ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြလော့”ဟု ဆိုလေ၏။
7
ဂျူးလူမျိုးတို့ကလည်း “အကျွန်ုပ်တို့၌ ပညတ်တရားရှိပါ၏။ ဤသူသည် မိမိကိုယ်ကို ဘုရားသခင်၏သားတော်ဖြစ်သည်ဟုကြေညာသောကြောင့် ထိုပညတ်တရားအရ သေထိုက်ပါ၏”ဟု ပြန်လျှောက်ကြ၏။
8
ပိလတ်မင်းသည် ထိုစကားကိုကြားရသောအခါ ပို၍ကြောက်လာသဖြင့်
9
ရုံးတော်ထဲသို့ပြန်ဝင်ကာ ယေရှုအား “သင်သည် မည်သည့်အရပ်မှလာသနည်း”ဟု မေးလေ၏။ သို့သော် ယေရှုသည် တစ်ခွန်းမျှ ဖြေကြားတော်မမူ။
10
သို့ဖြစ်၍ ပိလတ်မင်းက “သင်သည် ငါ့ကိုစကားမပြောဘဲနေသလော။ ငါ၌ သင့်ကို လွှတ်ပေးနိုင်သောအခွင့်အာဏာရှိ၍ လက်ဝါးကပ်တိုင်ပေါ်၌တင်နိုင်သော အခွင့်အာဏာလည်းရှိသည်ကို သင်မသိသလော”ဟု ဆို၏။
11
ယေရှုက “အထက်အရပ်မှပေးအပ်တော်မမူလျှင် သင်သည် ငါ့အပေါ် မည်သည့်အခွင့်အာဏာမျှမရှိ။ ထို့ကြောင့် ငါ့ကို သင့်လက်သို့အပ်နှံသောသူ၌ ပို၍ကြီးလေးသောအပြစ်ရှိ၏” ဟု ပြန်၍မိန့်တော်မူ၏။
12
ထိုအခါမှစ၍ ပိလတ်မင်းသည် ယေရှုကိုလွှတ်ပေးရန် ကြိုးစားရှာကြံ၏။ သို့ရာတွင် ဂျူးလူမျိုးတို့က “အရှင်သည် ထိုသူကိုလွှတ်ပေးလျှင် ဆီဇာဧကရာဇ်၏ဘက်တော်သားမဟုတ်ပါ။ မိမိကိုယ်ကိုဘုရင်ဖြစ်သည်ဟု ကြေညာသောသူအားလုံးသည် ဆီဇာဧကရာဇ်ကိုဆန့်ကျင်ပြောဆိုသောသူဖြစ်ပါသည်”ဟု အော်ဟစ်ကြ၏။
13
ပိလတ်မင်းသည် ထိုစကားတို့ကိုကြားသောအခါ ယေရှုကို အပြင်သို့ခေါ်ဆောင်လာ၍ ဟေဗြဲဘာသာစကားအားဖြင့် ဂဗ္ဗသအမည်ရှိသည့် ကျောက်ခင်းစင်္ကြံဟုခေါ်ဝေါ်သောနေရာမှ တရားပလ္လင်ပေါ်တွင် ထိုင်လေ၏။
14
ထိုနေ့သည် ပသခါပွဲတော်အတွက် ပြင်ဆင်ရာနေ့ဖြစ်၏။ အချိန်ကား မွန်းတည့်ချိန်ခန့်ရှိ၏။ ပိလတ်မင်းသည် ဂျူးလူမျိုးတို့အား “ကြည့်ပါ။ သင်တို့၏ဘုရင်ပေတည်း”ဟု ဆိုလေ၏။
15
ထိုအခါ သူတို့က “သုတ်သင်လိုက်ပါ၊ သုတ်သင်လိုက်ပါ၊ သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းက “သင်တို့၏ဘုရင်ကို လက်ဝါးကပ်တိုင်ပေါ်၌ ငါတင်ရမည်လော”ဟု မေးလျှင် ယဇ်ပုရောဟိတ်အကြီးအကဲတို့က “အကျွန်ုပ်တို့တွင် ဆီဇာဧကရာဇ်မှလွဲ၍ အခြားဘုရင်မရှိပါ”ဟု ပြန်လျှောက်ကြ၏။
16
ထိုအခါ ပိလတ်မင်းသည် ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌တင်စေရန် သူတို့လက်သို့အပ်လိုက်သဖြင့် သူတို့သည် ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
17
ကိုယ်တော်သည် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းလျက် ဦးခေါင်းခွံအရပ်ဟုခေါ်သောနေရာသို့ ထွက်သွားတော်မူ၏။ (ထိုအရပ်ကို ဟေဗြဲဘာသာစကားအားဖြင့် ဂေါလဂေါသဟုခေါ်သည်။)
18
သူတို့သည် ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ဦးတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။ ယေရှုကိုအလယ်၌ထား၍ ထိုသူနှစ်ဦးတို့ကို ကိုယ်တော်၏တစ်ဖက်တစ်ချက်စီ၌ထားကြ၏။
19
ပိလတ်မင်းသည် ကမ္ပည်းကိုလည်း ရေးထိုး၍ လက်ဝါးကပ်တိုင်ပေါ်မှာတပ်ထား၏။ ထိုကမ္ပည်းတွင် “ဂျူးလူမျိုးတို့၏ဘုရင်၊ နာဇရက်မြို့သားယေရှု”ဟု ရေးထား၏။
20
ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြသောအရပ်သည် မြို့နှင့်နီးသည့်အပြင် ထိုကမ္ပည်းကို ဟေဗြဲဘာသာ၊ လက်တင်ဘာသာနှင့် ဂရိဘာသာတို့ဖြင့် ရေးထားသည်ဖြစ်၍ များစွာသောဂျူးလူမျိုးတို့သည် ၎င်းကိုဖတ်ကြ၏။
21
ထို့ကြောင့် ဂျူးလူမျိုးတို့၏ယဇ်ပုရောဟိတ်အကြီးအကဲများက “ဂျူးလူမျိုးတို့၏ဘုရင်ဟု မရေးဘဲ ဤသူက ငါသည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်သည်ဟုဆိုခဲ့၏ဟူ၍ ရေးပေးပါ”ဟု ပိလတ်မင်းအား လျှောက်ထားကြ၏။
22
ပိလတ်မင်းကလည်း “ငါရေးပြီးသည့်အတိုင်း ငါရေးပြီ”ဟု ပြန်ပြောလေ၏။
23
စစ်သားတို့သည် ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီးသောအခါ ကိုယ်တော်၏ဝတ်ရုံတော်ကို လေးပိုင်းပိုင်း၍ တစ်ယောက်တစ်ပိုင်းစီယူကြ၏။ အတွင်းအဝတ်တော်ကိုလည်းယူကြရာ ၎င်းသည် ချုပ်ရိုးမရှိဘဲ အထက်စွန်းမှ တစ်ထည်လုံးကို တစ်ဆက်တည်းရက်ထားသည့် အဝတ်ဖြစ်သောကြောင့်
24
“ဤအဝတ်ကိုမဆုတ်ဘဲ မည်သူရမည်ကို မဲချကြစို့”ဟု အချင်းချင်းပြောဆိုကြ၏။ စစ်သားတို့ ဤသို့ပြုကြခြင်းမှာ “သူတို့သည် အကျွန်ုပ်၏ဝတ်ရုံကို အချင်းချင်းခွဲဝေကြ၍ အကျွန်ုပ်၏အဝတ်အတွက် မဲချကြ၏” ဟု ကျမ်းစာ၌ဆိုထားသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
25
ယေရှု၏လက်ဝါးကပ်တိုင်တော်အနီး၌ကား ယေရှု၏မယ်တော်၊ မယ်တော်၏ညီမ၊ ကလောဖ၏ဇနီး မာရိနှင့် မာဂဒလမြို့သူမာရိတို့သည် ရပ်နေကြ၏။
26
ယေရှုသည် အနီး၌ရပ်နေသည့် ချစ်တော်မူသောတပည့်တော်နှင့် မယ်တော်ကို မြင်တော်မူလျှင် မယ်တော်အား “အသင်အမျိုးသမီး၊ ကြည့်လော့။ သင်၏သားပေတည်း” ဟု မိန့်တော်မူ၏။
27
ထို့နောက် ထိုတပည့်တော်အား “ကြည့်လော့။ သင်၏အမိပေတည်း” ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ခေါ်ထားလေ၏။
28
ထို့နောက် ယေရှုသည် အမှုအလုံးစုံပြီးစီးပြီဖြစ်ကြောင်း သိတော်မူ၍ ကျမ်းစာကိုပြည့်စုံစေရန် “ငါရေငတ်သည်” ဟု မိန့်တော်မူ၏။
29
ထိုအရပ်၌ ဝိုင်ချဉ်အပြည့်ရှိသော အိုးတစ်လုံးကိုထားရှိသည်ဖြစ်၍ လူတို့သည် ဝိုင်ချဉ်ဝနေသောရေမြှုပ်ကို ဟုဿုပ်ရိုးတံအဖျား၌တပ်လျက် နှုတ်ခမ်းတော်နားသို့ကပ်ပေးကြ၏။
30
ထိုသို့ ဝိုင်ချဉ်ကိုခံယူပြီးသောအခါ ယေရှုသည် “အမှုပြီးပြီ” ဟု မိန့်တော်မူလျက် ဦးခေါင်းတော်ငိုက်စိုက်ကျကာ အသက်ကိုစွန့်တော်မူ၏။
31
ထိုနေ့သည် ပြင်ဆင်ရာနေ့ဖြစ်ပြီး နောက်တစ်နေ့သည် ကြီးမြတ်သောဥပုသ်နေ့ဖြစ်သောကြောင့် ဂျူးလူမျိုးတို့သည် ထိုဥပုသ်နေ့တွင် လက်ဝါးကပ်တိုင်ပေါ်မှာ အလောင်းများမရှိစေလိုသဖြင့် လက်ဝါးကပ်တိုင်ပေါ်၌ တင်ထားခြင်းခံရသောသူများ၏ခြေတို့ကိုချိုးပြီး အလောင်းများကိုယူသွားခွင့်ပေးရန် ပိလတ်မင်းထံ တောင်းဆိုကြ၏။
32
ထို့ကြောင့် စစ်သားတို့သည်လာ၍ ယေရှုနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသူ ပထမတစ်ဦး၏ခြေနှင့် နောက်တစ်ဦး၏ခြေတို့ကို ချိုးကြ၏။
33
သို့သော် ယေရှုထံသို့ရောက်၍ ကိုယ်တော်သေဆုံးပြီဖြစ်ကြောင်း တွေ့မြင်သောအခါ ခြေတော်ကိုမချိုးဘဲ
34
စစ်သားတစ်ဦးက နံဘေးတော်ကို လှံနှင့်ထိုးလေ၏။ ထိုအခါ သွေးနှင့်ရေသည် ချက်ချင်းထွက်လာ၏။
35
ဤအခြင်းအရာကိုမြင်သောသူသည် သက်သေခံခဲ့၍ သူ၏သက်သေခံချက်သည်မှန်ကန်၏။ သင်တို့သည်လည်း ယုံကြည်ကြရန် သူသည် မှန်ကန်စွာပြောဆိုနေကြောင်း သူကိုယ်တိုင်သိ၏။
36
ဤသို့ဖြစ်ပျက်ခဲ့သည်မှာ “သူ၏အရိုးတစ်ချောင်းမျှ ချိုးဖဲ့ခြင်းမခံရ” ဟူသောကျမ်းချက်ကို ပြည့်စုံစေရန်ဖြစ်၏။
37
တစ်ဖန် အခြားသောကျမ်းချက်၌ “သူတို့သည် မိမိတို့ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်” ဟု ဆိုထား၏။
38
ထိုသို့ဖြစ်ပြီးသည့်နောက် ဂျူးလူမျိုးတို့ကိုကြောက်သောကြောင့် လျှို့ဝှက်စွာ ယေရှု၏တပည့်တော်ဖြစ်နေသော အရိမသဲမြို့သား ယောသပ်ဆိုသူသည် ယေရှု၏အလောင်းတော်ကို ယူသွားခွင့်ပြုရန် ပိလတ်မင်းအား တောင်းဆိုလေ၏။ ပိလတ်မင်းသည်လည်း ခွင့်ပြုလိုက်သဖြင့် သူသည်လာ၍ အလောင်းတော်ကို ယူသွားလေ၏။
39
ယခင်က ယေရှုထံသို့ ညအချိန်လာဖူးသော နိကောဒင်သည်လည်း မုရန်နှင့်အကျော်ရောနှောထားသောနံ့သာ ပိဿာနှစ်ဆယ်ခန့်ကို ယူဆောင်၍လာလေ၏။
40
ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍ ဂျူးလူမျိုးတို့၏သင်္ဂြိုဟ်ခြင်းဆိုင်ရာ ဓလေ့ထုံးစံအတိုင်း အလောင်းတော်ကို အမွှေးနံ့သာနှင့်အတူ ပိတ်ထည်များဖြင့်ပတ်စည်းကြ၏။
41
လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံတော်မူသောအရပ်တွင် ဥယျာဉ်တစ်ခုရှိ၍ ထိုဥယျာဉ်၌ မည်သူ့ကိုမျှ မသင်္ဂြိုဟ်ဖူးသေးသော သင်္ချိုင်းဂူသစ်တစ်ခုရှိ၏။
42
ထိုနေ့သည် ဂျူးလူမျိုးတို့၏ပြင်ဆင်ရာနေ့ဖြစ်ပြီး ထိုသင်္ချိုင်းဂူသည်လည်း အနီးတွင်ရှိသောကြောင့် ယေရှုကို ထိုဂူ၌သင်္ဂြိုဟ်ကြ၏။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Recommended Reading
Commentary
John Commentaries
→
Devotional
John Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→