bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
John 21
John 21
Burmese MSBU
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
1
ထို့နောက် ယေရှုသည် တိဗေရိပင်လယ်နားတွင် တပည့်တော်တို့အား နောက်တစ်ဖန် ကိုယ်ထင်ရှားပြတော်မူ၏။ ထင်ရှားပြတော်မူပုံကား ဤသို့ဖြစ်၏။
2
ရှိမုန်ပေတရုနှင့် ဒိဒုမုဟုခေါ်သည့်သောမ၊ ဂါလိလဲနယ် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည် အတူရှိနေကြစဉ်
3
ရှိမုန်ပေတရုက “အကျွန်ုပ်ငါးသွားဖမ်းမည်”ဟု ဆို၏။ ထိုသူတို့က “အကျွန်ုပ်တို့လည်း သင်နှင့်အတူလိုက်မည်”ဟု ဆိုလျက် ထွက်သွား၍ လှေပေါ်သို့တက်ကြ၏။ သို့သော် ထိုညတွင် မည်သည့်အရာကိုမျှမရကြချေ။
4
မိုးလင်းချိန်ရောက်သောအခါ ယေရှုသည် ကမ်းစပ်တွင်ရပ်နေတော်မူ၏။ သို့ရာတွင် တပည့်တော်တို့သည် ယေရှုဖြစ်ကြောင်းကိုမသိကြ။
5
ထိုအခါ ယေရှုက “ချစ်သားတို့၊ သားငါးတစ်စုံတစ်ရာရှိသလော” ဟု သူတို့အားမေးတော်မူလျှင် သူတို့က “မရှိပါ”ဟု ပြန်ပြောကြ၏။
6
ကိုယ်တော်ကလည်း “လှေ၏ယာဘက်တွင် ပိုက်ကွန်ကိုပစ်ချကြလော့။ ထိုသို့ပြုလျှင် ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။ ထို့ကြောင့် သူတို့သည် ပိုက်ကွန်ကိုပစ်ချကြရာ ငါးများစွာမိသဖြင့် ပိုက်ကွန်ကိုဆွဲတင်၍မရနိုင်ကြတော့ပေ။
7
ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က ပေတရုအား “သခင်ဘုရားပေတည်း”ဟု ဆိုလေ၏။ ရှိမုန်ပေတရုသည် သခင်ဘုရားဖြစ်ကြောင်း ကြားသောအခါ အဝတ်ချွတ်ထားသည်ဖြစ်၍ အပေါ်အဝတ်ကို ခါး၌စည်းပြီးလျှင် ပင်လယ်ထဲသို့ခုန်ဆင်းလေ၏။
8
အခြားတပည့်တော်တို့မူကား ကမ်းနှင့်မဝေးလှဘဲ ကိုက်တစ်ရာခန့်သာကွာသည့်နေရာ၌ရှိကြသောကြောင့် ငါးနှင့်ပြည့်နေသောပိုက်ကွန်ကိုဆွဲလျက် လှေငယ်ဖြင့်လာကြ၏။
9
ဤသို့ဖြင့် သူတို့သည် ကုန်းပေါ်သို့ရောက်ကြသောအခါ မီးခဲပုံနှင့် ထိုမီးခဲပုံပေါ်တင်ထားသောငါးကိုလည်းကောင်း၊ မုန့်ကိုလည်းကောင်း တွေ့ကြ၏။
10
ယေရှုက “ယခုဖမ်းမိသောငါးအချို့ကို ယူခဲ့ကြလော့” ဟု သူတို့အား မိန့်တော်မူသဖြင့်
11
ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍ ပိုက်ကွန်ကို ကုန်းပေါ်သို့ဆွဲတင်ရာ ငါးကြီးတစ်ရာငါးဆယ့်သုံးကောင်နှင့်ပြည့်လျက်ရှိ၏။ ထိုမျှလောက်များသော်လည်း ပိုက်ကွန်သည်မစုတ်ပြဲခဲ့ပေ။
12
ယေရှုက “လာ၍နံနက်စာကိုစားကြလော့” ဟု သူတို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားဖြစ်ကြောင်း သိကြသောကြောင့် မည်သူကမျှ “အရှင်သည်မည်သူနည်း”ဟု မမေးဝံ့ကြ။
13
ယေရှုသည်လာ၍ မုန့်ကိုယူပြီးလျှင် သူတို့အားပေးတော်မူ၏။ ငါးကိုလည်း ထိုနည်းတူပေးတော်မူ၏။
14
ဤသည်ကား ယေရှုသည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီးနောက် တပည့်တော်တို့အား တတိယအကြိမ် ကိုယ်ထင်ရှားပြတော်မူခြင်းဖြစ်၏။
15
ထိုသို့ နံနက်စာကို သူတို့စားကြပြီးသောအခါ ယေရှုက ရှိမုန်ပေတရုအား “ယောဟန်၏သားရှိမုန်၊ ဤသူတို့ငါ့ကိုချစ်သည်ထက် သင်သည် ငါ့ကိုပို၍ချစ်သလော” ဟု မေးတော်မူ၏။ ပေတရုက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း “ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့” ဟု မိန့်တော်မူ၏။
16
တစ်ဖန် “ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော” ဟု ဒုတိယအကြိမ်မေးတော်မူ၏။ ပေတရုက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း “ငါ၏သိုးတို့ကို အုပ်ထိန်းလော့” ဟု မိန့်တော်မူ၏။
17
တတိယအကြိမ်၌ ကိုယ်တော်က “ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော” ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌ “သင်သည် ငါ့ကိုချစ်ခင်သလော” ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း “ငါ၏သိုးတို့ကို ကျွေးမွေးလော့။
18
သင့်အား ငါအမှန်အကန်ဆိုမည်။ သင်သည် ငယ်ရွယ်စဉ်အခါ၌ ကိုယ်ကိုယ်တိုင်ခါးပန်းစည်း၍ ကိုယ်အလိုရှိရာအရပ်သို့ သွားလာလေ့ရှိ၏။ အိုမင်းသောအခါ၌မူကား သင်သည် ကိုယ့်လက်နှစ်ဖက်ကိုဆန့်၍ သူတစ်ပါးသည် သင့်ခါးကို ခါးပန်းစည်းကာ သင်အလိုမရှိရာအရပ်သို့ ခေါ်ဆောင်သွားမည်” ဟု မိန့်တော်မူ၏။
19
ဤသို့မိန့်တော်မူခြင်းမှာ ပေတရုသည် မည်သို့သောသေခြင်းမျိုးဖြင့် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေမည်ကို အရိပ်အမြွက်မိန့်တော်မူခြင်းဖြစ်၏။ ဤအရာကိုမိန့်တော်မူပြီးနောက် “ငါ့နောက်သို့လိုက်လော့” ဟု ပေတရုအား မိန့်တော်မူ၏။
20
ပေတရုသည် လှည့်ကြည့်လိုက်ရာ ယေရှုချစ်တော်မူသောတပည့်တော်သည် နောက်မှလိုက်လာသည်ကို မြင်လေ၏။ ထိုတပည့်တော်သည် ယခင်ညစာစားစဉ်က ယေရှု၏ရင်ခွင်တော်သို့ချဉ်းကပ်လျက် “သခင်ဘုရား၊ ကိုယ်တော်ကိုအပ်နှံမည့်သူသည် မည်သူနည်း”ဟု မေးလျှောက်ခဲ့သူလည်းဖြစ်၏။
21
ထိုတပည့်တော်ကိုမြင်သောအခါ ပေတရုက “သခင်ဘုရား၊ ဤသူကား မည်သို့ဖြစ်မည်နည်း”ဟု ယေရှုအား မေးလျှောက်၏။
22
ယေရှုကလည်း “ငါကြွလာသည့်တိုင်အောင် သူ့ကိုအသက်ရှင်စေရန် ငါအလိုရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်း။ သင်သည် ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူ၏။
23
သို့ဖြစ်၍ “ထိုတပည့်တော်သည် သေရမည်မဟုတ်”ဟူသောစကားသည် ညီအစ်ကိုတို့ကြားတွင် ပျံ့နှံ့သွား၏။ သို့သော် ယေရှုက “ထိုသူသည် သေရမည်မဟုတ်”ဟု မိန့်တော်မူသည်မဟုတ်ဘဲ “ငါကြွလာသည့်တိုင်အောင် သူ့ကိုအသက်ရှင်စေရန် ငါအလိုရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်း” ဟူ၍သာ မိန့်တော်မူ၏။
24
ဤအကြောင်းအရာများကို သက်သေခံ၍ ရေးထားသောသူမှာ ထိုတပည့်တော်ပင်ဖြစ်၏။ သူ၏သက်သေခံချက်မှန်ကန်ကြောင်းကိုလည်း ငါတို့သိကြ၏။
25
ယေရှုပြုတော်မူသော အခြားအမှုအရာများစွာရှိသေး၏။ ထိုအမှုအရာများကို တစ်ခုချင်းရေးထားပါက ဤကမ္ဘာကြီး၌ပင် ထိုရေးထားသောကျမ်းဂန်များဆန့်မည်မဟုတ်ဟု ငါထင်မှတ်၏။
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21