bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Lamentations 4
Lamentations 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
1
ရွှေသည် အရောင်မှိန်သွားပါပြီတကား။ ရွှေစင်သည် အရောင်ပြောင်းသွားပါပြီတကား။ သန့်ရှင်းရာဌာနမှ ကျောက်များသည်လည်း လမ်းဆုံလမ်းခွတို့၌ ပြန့်ကျဲနေပါပြီတကား။
2
ရွှေစင်သဖွယ်အဖိုးတန်သော ဇိအုန်မြို့သားတို့ကို အိုးထိန်းသည်လက်ဖြင့်လုပ်သောမြေအိုးကဲ့သို့ ထင်မှတ်ကြလေပြီတကား။
3
ခွေးအတို့ပင်လျှင် သားပေါက်ကို နို့တိုက်တတ်၏။ ငါ့လူမျိုးသမီးပျိုတို့မူကား ကန္တာရငှက်ကုလားအုတ်ကဲ့သို့ ရက်စက်တတ်ပါသည်တကား။
4
နို့စို့ကလေးငယ်သည် နို့ဆာသောကြောင့် သူ၏လျှာသည် အာခေါင်၌ ကပ်နေ၏။ ကလေးသူငယ်တို့သည် မုန့်ကိုတောင်းသော်လည်း ပေးမည့်သူတစ်ယောက်မျှမရှိ။
5
စားကောင်းသောက်ဖွယ်များ စားခဲ့ရသောသူတို့သည်လည်း လမ်းများပေါ်မှာ ငတ်မွတ်သေကျေကြရလေပြီ။ ကြက်သွေးရောင်အိပ်ရာပေါ်မှာ စံစားခဲ့ရသောသူတို့သည်လည်း နောက်ချေးပုံပေါ်၌ အိပ်ရလေပြီ။
6
မည်သူမျှမတိုက်ခိုက်ဘဲ တစ်ခဏအတွင်း ပြိုလဲသွားသော သောဒုံမြို့ခံရသောအပြစ်ဒဏ်ထက် ငါ့လူမျိုးသမီးပျို ခံရသောအပြစ်ဒဏ်သည် ကြီးလေးပါသည်တကား။
7
သူ၏အကြီးအကဲတို့သည် နှင်းပွင့်ထက်စင်ကြယ်၍ နို့ရည်ထက်ဖြူခဲ့၏။ သူတို့၏အသားအရေသည် ပတ္တမြားထက်နီ၏။ နီလာကဲ့သို့ တောက်ပသောအဆင်း ရှိခဲ့၏။
8
ယခုမူ သူတို့၏အသားသည် မီးသွေးထက်မည်းသဖြင့် လမ်းတွင်တွေ့လျှင်ပင် မမှတ်မိ၊ အသားအရေသည် အရိုး၌ကပ်နေသဖြင့် ထင်းခြောက်သဖွယ် ဖြစ်လေပြီ။
9
ဓားဘေးဖြင့် သေရသောသူတို့သည် လယ်ယာသီးနှံမထွက်သောကြောင့် ငတ်မွတ်၍ သေရသောသူတို့ထက် သာ၍ကောင်း၏။
10
သနားကြင်နာတတ်သောမိန်းမများပင်လျှင် မိမိရင်သွေးများ၏အသားကို ချက်ပြုတ်စားကြပြီ။ ငါ့လူမျိုးသမီးပျိုသည် ဆင်းရဲဒုက္ခရောက်သောကာလ၌ သူတို့ရင်သွေးသည် သူတို့အတွက် စားစရာဖြစ်လေပြီ။
11
ထာဝရဘုရား ပြင်းစွာအမျက်ထွက်လေပြီ။ အမျက်တော်မီးကို သွန်ချလေပြီ။ ဇိအုန်မြို့ကိုမီးရှို့၍ မြို့၏အုတ်မြစ်ကိုပါ လောင်ကျွမ်းစေလေပြီ။
12
ရန်ပြုလာသောရန်သူတို့ ဂျေရုဆလင်မြို့တံခါးထဲ ဝင်ရောက်လာနိုင်သည်ကို မည်သည့်မြေကြီးဘုရင်မျှ၊ မည်သည့်လောကလူသားမျှ မယုံနိုင်ကြပေ။
13
ဖြောင့်မတ်သောသူတို့၏သွေးကို မြို့လယ်ခေါင်၌ သွန်းခဲ့သော ပရောဖက်တို့၏အပြစ်၊ ယဇ်ပုရောဟိတ်တို့၏ဒုစရိုက်များကြောင့် ဤသို့ဖြစ်ရလေပြီ။
14
သူတို့သည် လမ်းများပေါ်တွင် မမြင်မကန်းလှည့်လည်သွားလာနေကြ၏။ သူတို့သည် သွေးဖြင့်ညစ်စွန်းနေသောကြောင့် မည်သူမျှသူတို့အဝတ်ကို မထိဝံ့ကြ။
15
လူတို့ကလည်း သူတို့အား “ထွက်သွားကြ၊ မစင်ကြယ်သောသူတို့၊ ထွက်သွားကြ၊ ထွက်သွားကြ။ ငါတို့ကို မထိနှင့်”ဟု ဟစ်အော်ကြ၏။ သူတို့လည်း ထွက်သွား၍ လှည့်လည်သွားလာကြရ၏။ လူမျိုးတကာတို့ကလည်း “ငါတို့နှင့်အတူ မနေကြတော့နှင့်”ဟု ဆိုကြ၏။
16
ထာဝရဘုရားကိုယ်တော်တိုင် သူတို့ကို ကွဲလွင့်စေတော်မူပြီ။ သူတို့ကို မကြည့်ရှုတော့ပေ။ လူတို့သည် ယဇ်ပုရောဟိတ်တို့ကို မရိုသေကြ။ သက်ကြီးဝါကြီးတို့ကို မသနားကြ။
17
ငါတို့သည် ကူညီမစခြင်းကို အချည်းနှီးစောင့်မျှော်လျက် ငါတို့မျက်စိသည် အားအင်ကုန်ခန်းလေပြီ။ မကယ်တင်နိုင်သောလူမျိုးခြားကို စောင့်မျှော်နေမိပြီ။
18
သူတို့သည် ငါတို့ကို ခြေရာခံလိုက်ကြသောကြောင့် လမ်းပေါ်၌ ငါတို့မသွားမလာနိုင်။ ငါတို့နိဂုံးချုပ်ချိန် နီးလာပြီ။ ငါတို့နိဂုံးချုပ်ချိန် ရောက်လာပြီဖြစ်၍ ငါတို့အသက်ရှင်ရသောနေ့ ကုန်ဆုံးလေပြီ။
19
ငါတို့ကို လိုက်သောသူတို့သည် ကောင်းကင်လင်းယုန်ငှက်ထက် သာ၍လျင်မြန်ကြ၏။ တောင်များပေါ်တွင် ငါတို့ကို အပြင်းအထန်လိုက်ကြ၏။ တောကန္တာရတွင်လည်း ငါတို့ကို ချောင်းမြောင်းကြ၏။
20
ငါတို့က “လူမျိုးခြားတို့တွင် ထိုသူ၏အရိပ်အောက်၌ ငါတို့ခိုလှုံအသက်ရှင်ကြမည်”ဟု ဆိုခဲ့သော်လည်း ငါတို့၏အသက်သခင်ဖြစ်သော၊ ထာဝရဘုရားဘိသိက်ပေးသော ထိုသူသည် သူတို့တူးသောတွင်းထဲသို့ ကျလေပြီ။
21
ဥဇပြည်၌နေထိုင်သော ဧဒုံသမီးပျို၊ ရွှင်မြူးထားနှင့်လော့။ ဝမ်းမြောက်ထားနှင့်လော့။ ဖလားတော်သည် သင့်ထံကူးလာမည်ဖြစ်၍ သင်သည်သောက်၍ ယစ်မူးသဖြင့် အဝတ်အချည်းစည်းဖြစ်ရလိမ့်မည်။
22
အို ဇိအုန်သမီးပျို၊ သင်ခံရသောအပြစ်ဒဏ်ပြီးဆုံးလေပြီ။ သင်သည် ဖမ်းခေါ်သွားခြင်းခံရတော့မည်မဟုတ်။ အို ဧဒုံသမီးပျို၊ သင်မူကား ဒဏ်ခတ်ခံရလိမ့်မည်။ သင်၏အပြစ်များကို ဖော်ထုတ်တော်မူမည်။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
All chapters:
1
2
3
4
5
Recommended Reading
Commentary
Lamentations Commentaries
→
Devotional
Lamentations Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→