bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Lamentations 5
Lamentations 5
Burmese MSBU
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
1
အို ထာဝရဘုရား၊ အကျွန်ုပ်တို့ မည်သို့ဖြစ်ခဲ့သည်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို ကြည့်တော်မူပါ။ မြင်တော်မူပါ။
2
အကျွန်ုပ်တို့ အမွေမြေသည် သူစိမ်းလက်သို့ ရောက်လေပြီ။ အကျွန်ုပ်တို့ နေအိမ်များသည် တစ်ပါးအမျိုးသားတို့လက်သို့ ရောက်လေပြီ။
3
အကျွန်ုပ်တို့သည် ဖခင်မရှိသော ဖတဆိုးများဖြစ်ကြပြီ။ မိခင်သည်လည်း မုဆိုးမ ဖြစ်ရလေပြီ။
4
အကျွန်ုပ်တို့သောက်သောရေသည် ငွေဖြင့် ဝယ်ရပါ၏။ ထင်းသည်လည်း အဖိုးအခပေးရပါ၏။
5
အကျွန်ုပ်တို့ကို လိုက်သောသူတို့သည် အကျွန်ုပ်တို့ လည်ကုတ်ပေါ် တက်စီးကြပါ၏။ အကျွန်ုပ်တို့ မနားရသောကြောင့် ပင်ပန်းလှပါ၏။
6
အစာရေစာအလုံအလောက်ရရှိဖို့ရန် အီဂျစ်ပြည်၊ အဆီးရီးယားပြည်တို့ထံ ခယတောင်းဆိုရပါပြီ။
7
အကျွန်ုပ်တို့ဘိုးဘေးတို့သည် အပြစ်ပြုပြီး သေဆုံးသွားကြပြီ။ သူတို့၏အပြစ်ဝန်ကို အကျွန်ုပ်တို့ ထမ်းရကြပါပြီ။
8
ကျွန်တို့သည် အကျွန်ုပ်တို့ကို အုပ်စိုးကြပါ၏။ သူတို့လက်မှ အကျွန်ုပ်တို့ကို ကယ်နုတ်မည့်သူမရှိပါ။
9
တောကန္တာရထဲ၌ရှိသော ဓားဘေးကြောင့် အကျွန်ုပ်တို့သည် အသက်ကိုရင်းပြီးမှ အစာကို ရပါ၏။
10
ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်ကြောင့် အကျွန်ုပ်တို့ အရေပြားသည် မီးဖိုမှမီးကဲ့သို့ ပူလောင်နေပါ၏။
11
သူတို့သည် ဇိအုန်မြို့သူများ၊ ယုဒမြို့ရွာတို့မှ အပျိုကညာတို့ကို အဓမ္မပြုကြပါပြီ။
12
မိမိတို့လက်ဖြင့် အကြီးအကဲတို့ကို ချိတ်ဆွဲထားကြပါ၏။ သက်ကြီးဝါကြီးတို့ကိုလည်း မလေးစားကြပါ။
13
လူပျိုတို့သည် ကြိတ်ဆုံကျောက်ကို ထမ်းရကြပြီ။ သူငယ်တို့သည် ထင်းပုံကြီးကို မနိုင်မနင်းထမ်းရကြပြီ။
14
မြို့တံခါးတို့၌ သက်ကြီးဝါကြီးတို့ မရှိကြတော့ပြီ။ လူပျိုတို့၏တီးမှုတ်သံလည်း ဆိတ်သုဉ်းသွားပြီ။
15
အကျွန်ုပ်တို့သည် စိတ်နှလုံးဝမ်းမြောက်ပျော်ရွှင်ခြင်း ကင်းလေပြီ။ ကခုန်ခြင်းအစား ငိုကြွေးမြည်တမ်းရလေပြီ။
16
အကျွန်ုပ်တို့ခေါင်းပေါ်မှ သရဖူသည် ပြုတ်ကျလေပြီ။ အကျွန်ုပ်တို့ပြုမိသောအပြစ်ကြောင့် ယခုမှာ အမင်္ဂလာဖြစ်လေပြီ။
17
ထိုအမှုကြောင့် အကျွန်ုပ်တို့၏စိတ်နှလုံးသည် ညှိုးငယ်လေပြီ။ ထိုအမှုများကြောင့် အကျွန်ုပ်တို့၏မျက်စိသည် မှုန်ဝါးလေပြီ။
18
ဇိအုန်တောင်ပေါ်၌ လူသူကင်းမဲ့သောကြောင့် တောခွေးတို့ သွားလာနေကြပါ၏။
19
အို ထာဝရဘုရား၊ ကိုယ်တော်သည် ထာဝရစိုးစံတော်မူပါ၏။ ကိုယ်တော်၏ပလ္လင်တော်သည် မျိုးဆက်အဆက်ဆက် တည်ပါ၏။
20
အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်မေ့လျော့တော်မူပါသနည်း။ အဘယ်ကြောင့် အချိန်ကြာမြင့်စွာ စွန့်ပစ်တော်မူပါသနည်း။
21
အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကိုယ်တော့်ထံသို့ ပြန်လာစေတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့ပြန်လာကြပါမည်။ ရှေးကာလကကဲ့သို့ အကျွန်ုပ်တို့၏နေ့ရက်များကို အသစ်ဖြစ်စေတော်မူပါ။
22
သို့မဟုတ် ကိုယ်တော်သည် အကျွန်ုပ်တို့ကို အမှန်ပင်စွန့်ပစ်တော်မူမည်လော။ ကျွန်ုပ်တို့ကို အမျက်ပြင်းစွာထွက်တော်မူမည်လော။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
All chapters:
1
2
3
4
5