bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Proverbs 15
Proverbs 15
Burmese MSBU
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 16 →
1
ညင်သာစွာဖြေကြားသောစကားသည် အမျက်ဒေါသကိုပြေစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုလှုံ့ဆော်တတ်၏။
2
ပညာရှိသောသူတို့၏လျှာသည် အသိပညာကိုထုတ်ဖော်တတ်၏။ မိုက်မဲသောသူတို့၏နှုတ်မူကား မိုက်မဲခြင်းကိုသွန်ထုတ်တတ်၏။
3
ထာဝရဘုရား၏မျက်စိတော်သည် နေရာတိုင်း၌ရှိ၍ မကောင်းမှုပြုသောသူတို့နှင့် သူတော်ကောင်းတို့ကို စောင့်ကြည့်နေတော်မူ၏။
4
ညင်သာသော လျှာသည် အသက်ပင်သဖွယ်ဖြစ်၏။ ကောက်ကျစ်စဉ်းလဲသောလျှာမူကား စိတ်ကိုကြေကွဲစေတတ်၏။
5
ဆိုးမိုက်သောသူသည် မိမိဖခင်၏ဆုံးမပဲ့ပြင်ခြင်းကို မထီလေးစားပြုတတ်၏။ ဆိုဆုံးမစကားကိုစောင့်ထိန်းသောသူမူကား နှိုင်းချင့်မျှော်ခေါ်တတ်၏။
6
ဖြောင့်မတ်သောသူ၏အိမ်၌ စည်းစိမ်များစွာရှိ၏။ ဆိုးယုတ်သောသူ၏အမြတ်အစွန်းမူကား ဒုက္ခပေးတတ်၏။
7
ပညာရှိသောသူတို့၏နှုတ်ခမ်းသည် အသိပညာကိုပြန့်ပွားစေတတ်၏။ မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား ထိုသို့မဟုတ်ပေ။
8
ဆိုးယုတ်သောသူတို့၏ယဇ်ကောင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့၏ဆုတောင်းချက်ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
9
ဆိုးယုတ်သောသူ၏လမ်းကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်းကိုလက်ကိုင်ပြုသောသူကိုကား ကိုယ်တော်ချစ်တော်မူ၏။
10
လမ်းမှန်ကိုစွန့်ပယ်သောသူအတွက် ပြင်းထန်သောဆုံးမပဲ့ပြင်ခြင်းရှိ၏။ ဆိုဆုံးမစကားကိုမုန်းသောသူသည် သေရလိမ့်မည်။
11
မရဏာနိုင်ငံနှင့် ပျက်စီးခြင်းနိုင်ငံသည် ထာဝရဘုရား၏ရှေ့တော်၌ ထင်ရှားလျက်ရှိ၏။ ထို့ထက်မက လူသားတို့၏စိတ်နှလုံးသည် ပို၍ပင်ထင်ရှားလျက်ရှိ၏။
12
ပြက်ရယ်ပြုတတ်သောသူသည် မိမိအားဆုံးမသောသူကိုချစ်လိမ့်မည်မဟုတ်။ ပညာရှိသောသူတို့ထံသို့လည်း သွားလိမ့်မည်မဟုတ်။
13
ဝမ်းမြောက်သောစိတ်နှလုံးသည် မျက်နှာကိုရွှင်လန်းစေတတ်၏။ သို့သော် ဝမ်းနည်းပူဆွေးသောစိတ်နှလုံးကြောင့် စိတ်ထိခိုက်နာကျင်ရတတ်၏။
14
အသိဉာဏ်ရှိသောသူ၏စိတ်နှလုံးသည် အသိပညာကိုရှာဖွေတတ်၏။ မိုက်မဲသောသူတို့၏နှုတ်မူကား မိုက်မဲခြင်း၌ကျက်စားတတ်၏။
15
အဖိနှိပ်ခံရသောသူ၏နေ့ရက်ရှိသမျှတို့သည် ဆိုးရွား၏။ ကြည်ရွှင်သောစိတ်နှလုံး၌မူကား အစဉ်မပြတ်ကျင်းပသောစားသောက်ပွဲရှိ၏။
16
ဥစ္စာဘဏ္ဍာအနည်းငယ်သာရှိပြီး ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် ဥစ္စာဘဏ္ဍာများစွာရှိပြီး ရှုပ်ထွေးသောပြဿနာနှင့်ကြုံရခြင်းထက် ပို၍ကောင်း၏။
17
ချစ်ခြင်းမေတ္တာရှိရာအရပ်၌ ဟင်းသီးဟင်းရွက်ကိုစားရခြင်းသည် မုန်းတီးခြင်းရှိရာအရပ်၌ ဆူဖြိုးသောနွားကိုစားရခြင်းထက် ပို၍ကောင်း၏။
18
ဒေါသကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ စိတ်ရှည်သောသူမူကား ခိုက်ရန်ဖြစ်ပွားခြင်းကိုငြိမ်းစေတတ်၏။
19
ပျင်းရိသောသူ၏လမ်းသည် ဆူးစည်းရိုးသဖွယ်ဖြစ်၏။ ဖြောင့်မှန်သောသူတို့၏လမ်းခရီးမူကား ပြန့်ပြူး၏။
20
ပညာရှိသောသားသည် ဖခင်ကိုဝမ်းမြောက်စေတတ်၏။ မိုက်မဲသောသားမူကား မိမိ၏မိခင်ကိုမထီမဲ့မြင်ပြုတတ်၏။
21
အသိစိတ်မရှိသောသူသည် မိုက်မဲခြင်း၌ဝမ်းမြောက်တတ်၏။ ထိုးထွင်းဉာဏ်ရှိသောသူမူကား ဖြောင့်မှန်စွာလျှောက်လှမ်းတတ်၏။
22
ဆွေးနွေးတိုင်ပင်ခြင်းမရှိလျှင် အကြံအစည်များပျက်တတ်၏။ အကြံပေးသူများစွာရှိလျှင်မူကား အကြံအစည်ထမြောက်တတ်၏။
23
လူသည် မိမိနှုတ်၏တုံ့ပြန်စကားအားဖြင့် ဝမ်းမြောက်ခြင်းကိုခံစားရ၏။ သင့်လျော်သောအချိန်၌ ပြောဆိုသောစကားသည်လည်း ကောင်းမြတ်လှပေ၏။
24
အသက်ရှင်ခြင်းလမ်းသည် ပညာသတိရှိသောသူကို အထက်အရပ်သို့ပို့ဆောင်ပေး၏။ ထိုသို့အားဖြင့် သူသည် အောက်မရဏာနိုင်ငံမှဖယ်ခွာနိုင်မည်ဖြစ်၏။
25
ထာဝရဘုရားသည် မောက်မာသောသူ၏အိမ်ကို ဖြိုဖျက်တော်မူလိမ့်မည်။ မုဆိုးမ၏နယ်နိမိတ်ကိုကား တည်စေတော်မူလိမ့်မည်။
26
မကောင်းမှုပြုသောသူ၏အကြံအစည်များကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ သို့သော် နှစ်လိုဖွယ်စကားတို့သည် စင်ကြယ်၏။
27
မတရားသောအကျိုးစီးပွားကိုတပ်မက်သောသူသည် မိမိအိမ်သူအိမ်သားတို့ကို ဒုက္ခပေးတတ်၏။ တံစိုးလက်ဆောင်ကိုမုန်းသောသူမူကား အသက်ရှင်ရလိမ့်မည်။
28
ဖြောင့်မတ်သောသူ၏စိတ်နှလုံးသည် မည်သို့ဖြေကြားရမည်ကို တွေးဆတတ်၏။ ဆိုးယုတ်သောသူတို့၏နှုတ်မူကား မကောင်းသောအရာများကို သွန်ထုတ်တတ်၏။
29
ထာဝရဘုရားသည် ဆိုးယုတ်သောသူတို့နှင့် ဝေးကွာတော်မူ၏။ ဖြောင့်မတ်သောသူတို့၏ဆုတောင်းချက်ကိုကား နားညောင်းတော်မူ၏။
30
မျက်စိအလင်းသည် စိတ်နှလုံးကိုဝမ်းမြောက်စေတတ်၏။ ကောင်းသောသတင်းစကားသည်လည်း အရိုးကိုကျန်းမာစေတတ်၏။
31
အသက်ရှင်ခြင်းနှင့်ဆိုင်သောဆိုဆုံးမစကားကို နားထောင်သောသူသည် ပညာရှိသောသူတို့အလယ်၌ နေရလိမ့်မည်။
32
ဆုံးမပဲ့ပြင်ခြင်းကိုလျစ်လျူရှုသောသူသည် ကိုယ့်ကိုယ်ကိုယ်အလေးမထားတတ်။ ဆိုဆုံးမစကားကိုနားထောင်သောသူမူကား အသိဉာဏ်ကိုရတတ်၏။
33
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာနှင့်ဆိုင်သောဆုံးမပဲ့ပြင်ခြင်းဖြစ်၏။ ဂုဏ်သရေ၏ရှေ့ပြေးကား စိတ်နှိမ့်ချခြင်းဖြစ်၏။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31