bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Proverbs 6
Proverbs 6
Burmese MSBU
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 7 →
1
ငါ့သား၊ သင်သည် သင်၏အိမ်နီးချင်းအတွက် အာမခံမိ၍ သူစိမ်းအတွက် တာဝန်ခံမိလျှင်
2
ကိုယ့်နှုတ်ထွက်စကားနှင့်ကိုယ်ကျော့မိ၍ ကိုယ့်နှုတ်ထွက်စကားနှင့်ကိုယ် အဖမ်းခံရလေပြီ။
3
ယခုသင်သည် သင်၏အိမ်နီးချင်းလက်သို့ ကျရောက်လေပြီ။ ထို့ကြောင့် ငါ့သား၊ ဤသို့ပြု၍ ကိုယ့်ကိုယ်ကိုယ်ကယ်နုတ်လော့။ သင်၏အိမ်နီးချင်းထံသွား၍ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလျက် ကြပ်ကြပ်တောင်းပန်လော့။
4
သင့်မျက်စိကို အိပ်စက်ခွင့်မပြုနှင့်။ သင့်မျက်လွှာကိုလည်း ပိတ်ခွင့်မပြုနှင့်။
5
ဒရယ်သည် အမဲလိုက်သူလက်မှလည်းကောင်း၊ ငှက်သည် ငှက်မုဆိုးလက်မှလည်းကောင်း လွတ်မြောက်သကဲ့သို့ ကိုယ့်ကိုယ်ကိုယ်လွတ်မြောက်အောင်ပြုလော့။
6
အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့သွား၍ ၎င်း၏လုပ်ဆောင်မှုတို့ကိုကြည့်ရှုဆင်ခြင်လျက် ဉာဏ်ပညာရှိလော့။
7
ပုရွက်ဆိတ်သည် ဦးစီးဦးဆောင်သူမရှိ၊ ကြီးကြပ်သူမရှိ၊ အုပ်စိုးသူလည်းမရှိဘဲလျက်
8
နွေရာသီ၌ မိမိအစားအစာကိုပြင်ဆင်၍ ရိတ်သိမ်းချိန်၌ မိမိစားစရာကို ရှာဖွေစုဆောင်းတတ်၏။
9
အချင်းလူပျင်း၊ သင်သည် မည်မျှကြာအောင် အိပ်လျက်နေမည်နည်း။ မည်သည့်အချိန်မှ အိပ်ရာထမည်နည်း။
10
ခဏအိပ်လျက်၊ ခဏငိုက်လျက်၊ ခဏလက်ပိုက်အနားယူလျက်နေစဉ်
11
ဆင်းရဲခြင်းသည် သူခိုးဓားပြကဲ့သို့လည်းကောင်း၊ ချို့တဲ့နွမ်းပါးခြင်းသည် လက်နက်ကိုင်ဆောင်သူကဲ့သို့လည်းကောင်း သင့်ထံသို့ရောက်လာလိမ့်မည်။
12
ဆိုးညစ်သောသူနှင့် ယုတ်ညံ့သောသူသည် ကောက်ကျစ်သောနှုတ်ဖြင့်လှည့်လည်သွားလာကာ
13
မျက်စိကိုမှိတ်ပြလျက်၊ ခြေဖြင့်အမှတ်ပြုလျက်၊ လက်ချောင်းတို့ဖြင့်အချက်ပေးလျက်၊
14
ဖောက်ပြန်လွဲမှားသောစိတ်နှလုံးဖြင့် မကောင်းမှုကိုတွေးတောကြံစည်လျက် ငြင်းခုံရန်တွေ့ခြင်းကို အစဉ်အမြဲဖြစ်ပွားစေတတ်၏။
15
ထို့ကြောင့် ဘေးဒုက္ခသည် သူ့အပေါ်ရုတ်တရက်ကျရောက်သဖြင့် သူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။
16
ထာဝရဘုရားမုန်းတော်မူသောအရာခြောက်ပါးမက ကိုယ်တော်၏စိတ်ဝိညာဉ် စက်ဆုပ်ရွံရှာတော်မူသောအရာခုနစ်ပါးမှာ
17
ထောင်လွှားသောမျက်နှာ၊ မုသားသုံးသောလျှာ၊ အပြစ်ကင်းသောသူကိုသတ်ဖြတ်သောလက်၊
18
ယုတ်ညံ့သောအကြံအစည်များကို တွေးတောကြံစည်သောစိတ်နှလုံး၊ မကောင်းမှုပြုရာသို့ အလျင်အမြန်ပြေးသောခြေ၊
19
လိမ်လည်ထွက်ဆိုသောမုသားသက်သေနှင့် ညီအစ်ကိုတို့ကြား၌ အငြင်းပွားမှုများဖြစ်ပွားစေသော သူတို့ဖြစ်ကြ၏။
20
ငါ့သား၊ သင့်ဖခင်၏ပညတ်ချက်ကို လိုက်နာကျင့်သုံးလော့။ သင့်မိခင်၏သွန်သင်ချက်ကို မပစ်ပယ်နှင့်။
21
၎င်းတို့ကို သင်၏စိတ်နှလုံးတွင် အစဉ်မပြတ်ချည်ထား၍ သင်၏လည်ပင်း၌ဆွဲထားလော့။
22
၎င်းတို့သည် သင်သွားလာသောအခါ သင့်ကိုပို့ဆောင်လိမ့်မည်။ သင်အိပ်သောအခါ သင့်ကိုစောင့်ရှောက်လိမ့်မည်။ သင်နိုးသောအခါ သင့်ကိုစကားပြောလိမ့်မည်။
23
အကြောင်းမူကား ပညတ်ချက်သည် မီးခွက်ဖြစ်၍ သွန်သင်ချက်သည် အလင်းဖြစ်၏။ ဆုံးမပဲ့ပြင်ပေးသောဆိုဆုံးမစကားတို့သည်လည်း အသက်လမ်းဖြစ်၍
24
မကောင်းသောမိန်းမ၏ဘေးရန်မှလည်းကောင်း၊ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ချော့မြှူသောစကားမှလည်းကောင်း သင့်ကိုစောင့်ရှောက်လိမ့်မည်။
25
သင်၏စိတ်နှလုံးထဲတွင် ထိုမိန်းမ၏အလှကို မတပ်မက်နှင့်။ သူ့မျက်လွှာဖြင့် ညှို့ယူဖမ်းစားခြင်းကိုမခံနှင့်။
26
အကြောင်းမူကား ပြည့်တန်ဆာမတစ်ယောက်ကို မုန့်တစ်လုံးဖြင့်ရနိုင်၏။ လင်ရှိမယားမူကား အဖိုးတန်သောအသက်ကို လိုက်ဖမ်းတတ်၏။
27
လူသည် မိမိအဝတ်ကို မလောင်စေဘဲ မိမိရင်ခွင်၌ မီးကိုပွေ့ပိုက်နိုင်မည်လော။
28
သို့မဟုတ် သူသည် မိမိခြေကို မလောင်မြိုက်စေဘဲ မီးခဲပေါ်တွင် လမ်းလျှောက်နိုင်မည်လော။
29
မိမိအိမ်နီးချင်း၏မယားထံသို့ ဝင်သောသူသည်လည်း ထိုနည်းတူဖြစ်၏။ ထိုမိန်းမနှင့်ထိတွေ့သောသူမှန်သမျှ အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
30
သူခိုးသည် ဆာလောင်မွတ်သိပ်သောကြောင့် အငတ်ပြေစေရန် ခိုးယူခဲ့လျှင် လူတို့သည် သူ့ကိုမထီမဲ့မြင်ပြုကြမည်မဟုတ်။
31
သို့သော် သူသည် အဖမ်းခံရလျှင် ခုနစ်ဆပြန်လျော်ရမည်။ မိမိအိမ်၌ရှိသောစည်းစိမ်ဥစ္စာအားလုံးကိုပင် ပေးရမည်ဖြစ်၏။
32
သူတစ်ပါး၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်သောသူသည် အသိစိတ်မရှိ။ ထိုအမှုကိုပြုသောသူသည် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသောသူဖြစ်၏။
33
ထိုသူသည် ရိုက်နှက်ခြင်းနှင့် အရှက်ခွဲခြင်းကိုခံရလိမ့်မည်။ သူခံရသောကဲ့ရဲ့ပြစ်တင်ခြင်းသည်လည်း မည်သည့်အခါမျှပျောက်ပျက်သွားမည်မဟုတ်။
34
အကြောင်းမူကား သဝန်တိုမှုသည် ခင်ပွန်းသည်ကို အမျက်ဒေါသထွက်စေသဖြင့် သူသည် လက်စားချေသောနေ့၌ ညှာတာလိမ့်မည်မဟုတ်။
35
မည်သည့်လျော်ကြေးကိုမျှ လက်ခံလိမ့်မည်မဟုတ်။ များစွာသောတံစိုးလက်ဆောင်ကိုလည်း အလိုရှိလိမ့်မည်မဟုတ်။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31