bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Proverbs 31
Proverbs 31
Burmese MSBU
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
1
လေမွေလမင်းကြီး၏စကားများ။ သူ၏မယ်တော်က သူ့ကိုသွန်သင်သောဩဝါဒစကားမှာ
2
ငါ့သား၊ ငါမည်သို့ပြောရမည်နည်း။ ငါ့ဝမ်းမှဖွားသောသား၊ ငါမည်သို့ပြောရမည်နည်း။ ငါ၏ကတိသစ္စာနှင့်ဆိုင်သောသား၊ ငါမည်သို့ပြောရမည်နည်း။
3
သင်၏ခွန်အားကို မိန်းမတို့အားလည်းကောင်း၊ သင်၏အားမာန်တို့ကို ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သောသူတို့အားလည်းကောင်း မပေးနှင့်။
4
အို လေမွေလ၊ စပျစ်ဝိုင်သောက်ခြင်းသည် ရှင်ဘုရင်တို့နှင့်မသင့်လျော်ပေ။ ရှင်ဘုရင်တို့နှင့်မသင့်လျော်ပေ။ သေရည်သေရက်ကိုတောင့်တခြင်းသည်လည်း အုပ်ချုပ်သူတို့အတွက် မသင့်လျော်ပေ။
5
သူတို့သည် သောက်သောအခါ ပြဋ္ဌာန်းထားသောအရာကိုမေ့လျော့၍ ဖိစီးနှိပ်စက်မှုခံရသောသူအပေါင်းတို့၏ အမှုအခင်းကို လွဲမှားစွာစီရင်မည်ကို စိုးရိမ်ရ၏။
6
ဆုံးပါးတော့မည့်သူအား သေရည်သေရက်ကိုလည်းကောင်း၊ စိတ်ဒုက္ခရောက်နေသောသူအား စပျစ်ဝိုင်ကိုလည်းကောင်း ပေးလော့။
7
သူတို့သည် သောက်သောအခါ မိမိတို့၏ဆင်းရဲခြင်းကိုမေ့လျော့သွားလိမ့်မည်။ မိမိတို့၏အခက်အခဲပြဿနာကိုလည်း သတိရတော့မည်မဟုတ်။
8
သင်သည် ပြောဆိုနိုင်စွမ်းမရှိသူအတွက်လည်းကောင်း၊ မှီခိုရာမဲ့သောသူအားလုံး၏ အမှုအခင်းအတွက်လည်းကောင်း သင်၏နှုတ်ကိုဖွင့်လော့။
9
သင်၏နှုတ်ကိုဖွင့်လျက် ဖြောင့်မတ်စွာတရားစီရင်လော့။ အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလော့။
10
စွမ်းရည်နှင့်ပြည့်စုံသောမယားကို မည်သူတွေ့နိုင်သနည်း။ ထိုသို့သောမယားသည် ပတ္တမြားထက်များစွာအဖိုးထိုက်၏။
11
သူ့ခင်ပွန်းသည် စိတ်နှလုံးထဲ၌ သူ့ကိုယုံကြည်စိတ်ချသဖြင့် စည်းစိမ်ဥစ္စာချို့တဲ့သည်ဟူ၍မရှိ။
12
ထိုမယားသည် မိမိအသက်ရှင်သမျှကာလပတ်လုံး ခင်ပွန်းသည်အား ဆိုးကျိုးမပြု၊ ကောင်းကျိုးကိုသာပြုတတ်၏။
13
သူသည် သိုးမွေးနှင့်ဗီသွာလျှော်ကိုရှာပြီးလျှင် မိမိ၏လက်ဖြင့် စိတ်ပါလက်ပါလုပ်ဆောင်တတ်၏။
14
ကုန်သွယ်သင်္ဘောများကဲ့သို့ မိမိ၏အစားအစာကို ဝေးလံသောအရပ်မှသယ်ဆောင်လာတတ်၏။
15
မိုးမလင်းမီထပြီး မိမိအိမ်သူအိမ်သားများအတွက် စားစရာကိုပြင်ဆင်၍ အစေခံမိန်းကလေးများကို အလုပ်ခွဲဝေသတ်မှတ်ပေးတတ်၏။
16
လယ်ယာကိုကြည့်ရှုသုံးသပ်ပြီးမှ ၎င်းကိုဝယ်ယူ၍ မိမိလက်နှင့် လုပ်ကိုင်ရရှိသောအကျိုးအမြတ်ဖြင့် စပျစ်ခြံကိုစိုက်ပျိုးတတ်၏။
17
မိမိခါးကို အစွမ်းသတ္တိနှင့်စည်း၍ မိမိလက်မောင်းတို့ကို သန်မာစေတတ်၏။
18
မိမိ၏ကုန်ပစ္စည်းသည် အကျိုးအမြတ်ရှိကြောင်းကို သိမြင်တတ်၏။ သူ၏မီးခွက်သည် ညအချိန်၌ မငြိမ်းတတ်။
19
သူသည် မိမိ၏လက်တွင် ဗိုင်းလိပ်တံကိုကိုင်ထားလျက် မိမိ၏လက်ထဲ၌ ရစ်လုံးကိုဆုပ်ကိုင်ထားတတ်၏။
20
အဖိနှိပ်ခံရသောသူတို့အတွက် မိမိလက်ကိုဖြန့်ပေး၍ နွမ်းပါးသောသူတို့အတွက် မိမိလက်တို့ကိုကမ်းပေးတတ်၏။
21
သူ၏အိမ်သူအိမ်သားအားလုံးသည် ကတ္တီပါနီကိုဝတ်ဆင်ထားသည်ဖြစ်၍ နှင်းပွင့်ကျသော်လည်း သူသည် မိမိအိမ်သူအိမ်သားများအတွက် မစိုးရိမ်ရပေ။
22
သူသည် မိမိအတွက် အိပ်ရာခင်းများကိုပြုလုပ်၍ သူ၏အဝတ်တန်ဆာသည် ဗီသွာချည်ထည်နှင့် ခရမ်းရောင်အထည်ဖြစ်၏။
23
သူ၏ခင်ပွန်းသည် အရပ်လူကြီးတို့နှင့်အတူ မြို့တံခါး၌ထိုင်လေ့ရှိ၍ လူသိများသောသူဖြစ်၏။
24
သူသည် ပိတ်ချောဝတ်ရုံများကိုပြုလုပ်ရောင်းချကာ ခါးဝတ်တန်ဆာများကိုလည်း ကုန်သည်များထံသွင်းတတ်၏။
25
အစွမ်းသတ္တိနှင့်ခန့်ညားထည်ဝါမှုသည် သူ၏အဝတ်တန်ဆာဖြစ်၍ သူသည် လာမည့်နေ့ရက်များအတွက် ရယ်မောနိုင်၏။
26
သူသည် ဉာဏ်ပညာဖြင့် မိမိနှုတ်ကိုဖွင့်တတ်၏။ သူ၏လျှာပေါ်၌ မေတ္တာကရုဏာနှင့်ပြည့်စုံသော သွန်သင်ချက်ရှိ၏။
27
မိမိအိမ်သူအိမ်သားတို့၏အရေးကိစ္စများကို သေချာစွာကြည့်ရှုတတ်၏။ ပျင်းရိခြင်းအစာကို မစားတတ်။
28
သူ၏သားသမီးတို့သည်ထ၍ သူ့ကို မင်္ဂလာရှိသူဟု ခေါ်တတ်ကြ၏။ သူ၏ခင်ပွန်းသည်လည်း
29
“စွမ်းရည်ရှိရှိလုပ်ဆောင်တတ်သောအမျိုးသမီးများစွာရှိသော်လည်း သင်သည် ထိုသူအားလုံးထက်သာလွန်၏”ဟု သူ့ကိုချီးမွမ်းတတ်၏။
30
တင့်တယ်ခြင်းသည် လှည့်ဖြားတတ်၏။ လှပခြင်းသည်လည်း အချည်းနှီးဖြစ်၏။ သို့သော် ထာဝရဘုရားကိုကြောက်ရွံ့သော မိန်းမသည် ချီးမွမ်းခြင်းခံရလိမ့်မည်။
31
ထိုသို့သောမိန်းမအား သူ့လက်ဖြင့် လုပ်ကိုင်ရရှိသောအကျိုးအမြတ်ကိုပေးလော့။ သူပြုသောအမှုအတွက် မြို့တံခါးတို့၌ သူ့ကိုချီးမွမ်းကြပါစေ။
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31