bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Zechariah 14
Zechariah 14
Burmese MSBU
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
1
ကြည့်ရှုလော့။ ထာဝရဘုရား၏နေ့ရက်ရောက်လာပြီ။ ထိုနေ့တွင် သင်တိုက်ခိုက်လုယူထားသောပစ္စည်းတို့ကို သင့်ရှေ့၌ပင် ခွဲဝေယူကြလိမ့်မည်။
2
ငါသည် လူမျိုးတကာတို့ကိုစုဝေး၍ ဂျေရုဆလင်မြို့ကို တိုက်ခိုက်စေမည်။ သူတို့သည် မြို့ကိုသိမ်းပိုက်ပြီး အိမ်တို့ကို မွှေနှောက်လှန်လှောကြလိမ့်မည်။ အမျိုးသမီးတို့ကို အဓမ္မပြုကျင့်ကြလိမ့်မည်။ မြို့သားတစ်ဝက်ကိုလည်း ဖမ်းခေါ်သွားပြီး ကျန်တစ်ဝက်ကို မြို့ထဲ၌ ချန်ထားကြလိမ့်မည်။
3
ထို့နောက် ထာဝရဘုရားသည် စစ်တိုက်ရာကာလတွင် တိုက်ခိုက်သကဲ့သို့ ထိုလူမျိုးတို့ကို ချီတက်တိုက်ခိုက်တော်မူမည်။
4
ထိုနေ့ရက်တွင် ကိုယ်တော်သည် ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ သံလွင်တောင်ပေါ်၌ ခြေချတော်မူလျှင် သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် နှစ်ခြမ်းကွဲ၍ ကျယ်ပြန့်သောချိုင့်ဝှမ်းလွင်ပြင်ကြီး ပေါ်လာလိမ့်မည်။ ထိုတောင်၏တစ်ဝက်သည် မြောက်ဘက်သို့လည်းကောင်း၊ ကျန်တစ်ဝက်သည် တောင်ဘက်သို့လည်းကောင်း ရွေ့သွားလိမ့်မည်။
5
ဤတောင်ကြားချိုင့်ဝှမ်းလွင်ပြင်သည် အာဇေလအရပ်တိုင်အောင် ရောက်လိမ့်မည်။ ယုဒဘုရင်ဩဇိမင်းကြီးလက်ထက် ငလျင်လှုပ်သဖြင့် သင်တို့ထွက်ပြေးရသကဲ့သို့ ယခုလည်း တောင်ကြားချိုင့်ဝှမ်းလွင်ပြင်အတိုင်း သင်တို့ ထွက်ပြေးရလိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရဘုရားသည်လည်း မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူလိမ့်မည်။
6
ထိုနေ့ရက်တွင် အလင်းရောင်မရှိ။ အလင်းသည် အမှောင်ဖြစ်လိမ့်မည်။
7
ထိုနေ့ရက်သည် နေ့လည်းမဟုတ်၊ ညလည်းမဟုတ်။ နေဝင်ချိန်၌ပင် အလင်းရောင်ရှိလိမ့်မည်။ ထာဝရဘုရားသာ သိတော်မူသောနေ့တစ်နေ့ ဖြစ်မည်။
8
ထိုနေ့ရက်တွင် ဂျေရုဆလင်မြို့မှ အသက်စမ်းရေ စီးထွက်လိမ့်မည်။ ထိုရေသည် နွေရာသီဖြစ်စေ၊ ဆောင်းရာသီဖြစ်စေ အရှေ့ပင်လယ်သို့ တစ်ဝက်၊ အနောက်ပင်လယ်သို့ တစ်ဝက် စီးဆင်းလိမ့်မည်။
9
ထာဝရဘုရားသည် မြေတစ်ပြင်လုံး၏ရှင်ဘုရင်ဖြစ်တော်မူလိမ့်မည်။ ထိုနေ့ရက်တွင် ထာဝရဘုရားတစ်ပါးတည်း၊ နာမတော်တစ်ပါးတည်းသာ ရှိလိမ့်မည်။
10
ဂေဗမြို့မှဂျေရုဆလင်မြို့တောင်ဘက် ရိမ္မုန်မြို့တိုင်အောင် မြေတစ်ပြင်လုံးသည် လွင်ပြင်ဖြစ်လိမ့်မည်။ ဂျေရုဆလင်မြို့ကား မြှင့်တင်ခြင်းကိုခံရ၍ ဗင်္ယာမိန်တံခါးမှ မြို့တံခါးဟောင်းနေရာမြို့ထောင့်တံခါးအထိလည်းကောင်း၊ ရှိဟာနနေလမျှော်စင်မှသည် တော်ဝင်စပျစ်သီးနယ်ရာကျင်းအထိလည်းကောင်း ယခင်နေရာ၌ တည်ရှိလိမ့်မည်။
11
လူတို့သည် ထိုမြို့တွင် နေထိုင်ကြလိမ့်မည်။ ကျိန်ခြင်းရှိတော့မည်မဟုတ်။ ဂျေရုဆလင်မြို့သည် ဘေးကင်းလုံခြုံစွာ ရှိနေလိမ့်မည်။
12
ဂျေရုဆလင်မြို့ကို တိုက်ခိုက်သောလူမျိုးအပေါင်းတို့အား ထာဝရဘုရားဒဏ်ခတ်မည့်ကပ်ရောဂါကား သူတို့သည် ခြေစုံရပ်လျက်နေစဉ်ပင် အသားအရေပုပ်ပျက်သွားလိမ့်မည်။ သူတို့၏မျက်စိသည်လည်း မျက်လုံးအိမ်ထဲ၌ပင် ပုပ်ပျက်သွားလိမ့်မည်။ သူတို့၏လျှာသည်လည်း ခံတွင်းထဲ၌ပင် ပုပ်ပျက်သွားလိမ့်မည်။
13
ထိုနေ့ရက်တွင် ထာဝရဘုရားကြောင့် အလွန်တုန်လှုပ်ချောက်ချားကြလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် ဖမ်းကိုင်ပြီး အချင်းချင်းတိုက်ခိုက်ကြလိမ့်မည်။
14
ယုဒအမျိုးတို့သည်လည်း ဂျေရုဆလင်မြို့တွင် ပါဝင်တိုက်ခိုက်ကြ၍ ဝန်းကျင်ရှိလူမျိုးအပေါင်းတို့၏ဥစ္စာပစ္စည်းများဖြစ်သော ရွှေ၊ ငွေ၊ အဝတ်အစား အမြောက်အမြားတို့ကို သိမ်းယူကြလိမ့်မည်။
15
မြင်း၊ လား၊ ကုလားအုတ်၊ မြည်းနှင့် တပ်စခန်းများရှိ တိရစ္ဆာန်ရှိသမျှတို့တွင်လည်း အလားတူ ကပ်ရောဂါမျိုးကျရောက်လိမ့်မည်။
16
ဂျေရုဆလင်မြို့ကို လာရောက်တိုက်ခိုက်သောလူမျိုးအပေါင်းတို့ထဲမှ အသက်ရှင်ကျန်ရစ်သောသူအားလုံးတို့သည် ရှင်ဘုရင်ဖြစ်တော်မူသောကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြရန်နှင့် ယာယီတဲစုပွဲတော်ကို ကျင်းပကြရန် ဂျေရုဆလင်မြို့သို့ နှစ်တိုင်းရောက်လာကြလိမ့်မည်။
17
မြေကြီးပေါ်ရှိမျိုးနွယ်စုထဲမှ တစ်စုစုသည် ရှင်ဘုရင်ဖြစ်တော်မူသောကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ရန် ဂျေရုဆလင်မြို့သို့ မလာလျှင် သူတို့အဖို့ မိုးရွာမည်မဟုတ်။
18
အီဂျစ်လူမျိုးတို့ပင်လျှင် မလာရောက်မပါဝင်လျှင် သူတို့အဖို့ မိုးရွာမည်မဟုတ်။ ယာယီတဲစုပွဲတော်ကိုကျင်းပရန် မလာမရောက်သောလူမျိုးတို့သည်လည်း ထာဝရဘုရားဒဏ်ခတ်တော်မူသောကပ်ရောဂါကို ခံရကြလိမ့်မည်။
19
ဤသည်ကား အီဂျစ်လူမျိုးတို့အပါအဝင် ယာယီတဲစုပွဲတော်ကိုကျင်းပရန် မလာသောလူမျိုးအပေါင်းတို့ ခံရမည့်အပြစ်ဒဏ် ဖြစ်၏။
20
ထိုနေ့ရက်တွင် မြင်းချူလုံးများ၌ “ထာဝရဘုရား၌ သန့်ရှင်းခြင်း”ဟု ရေးထိုးထားလိမ့်မည်။ ထာဝရဘုရားအိမ်တော်ရှိ အိုးတို့သည်လည်း ယဇ်ပလ္လင်ရှေ့ရှိ ဇလုံများကဲ့သို့ ဖြစ်လိမ့်မည်။
21
ဂျေရုဆလင်မြို့မှစ၍ ယုဒပြည်၌ရှိသမျှသောအိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ သန့်ရှင်းလိမ့်မည်။ ယဇ်ပူဇော်သောသူအပေါင်းတို့သည် လာ၍ ထိုအိုးတို့ကို ယူပြီး ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့ရက်တွင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်၌ ခါနာန်လူမျိုးဟူ၍ ရှိတော့မည်မဟုတ်။
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14