bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Zechariah 8
Zechariah 8
Burmese MSBU
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 9 →
1
တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာပြန်၍
2
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ငါသည် ဇိအုန်မြို့ကို အလွန်ကြင်နာ၏။ ပြင်းစွာအမျက်ထွက်သည့်တိုင်အောင် ကြင်နာ၏’ဟု မိန့်တော်မူ၏။
3
ထာဝရဘုရားက ‘ဇိအုန်မြို့သို့ ငါပြန်လာမည်။ ဂျေရုဆလင်မြို့တွင် ကိန်းဝပ်မည်။ ဂျေရုဆလင်မြို့သည် သစ္စာစောင့်သောမြို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏တောင်တော်၊ သန့်ရှင်းသောတောင်တော်ဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
4
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သက်ကြီးရွယ်အို ယောက်ျားမိန်းမတို့သည် အသက်ကြီး၍ တောင်ဝှေးကိုကိုင်ထားလျက် ဂျေရုဆလင်မြို့ရှိလမ်းဆုံလမ်းခွတို့၌ တစ်ဖန်ပြန်၍ ထိုင်နေကြလိမ့်မည်။
5
မြို့လမ်းတို့သည်လည်း ပြေးလွှားဆော့ကစားနေသောကလေးသူငယ်များနှင့် ပြည့်နေကြလိမ့်မည်’ဟု မိန့်တော်မူ၏။
6
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ထိုကာလတွင် ထိုအမှုသည် ကြွင်းကျန်သော ဤလူမျိုးတော်တို့အဖို့ အံ့ဩဖွယ်ရာဖြစ်လျှင်လည်း ငါ့အဖို့မူကား အံ့ဩဖွယ်ရာဖြစ်လိမ့်မည်လော’ဟု မိန့်တော်မူ၏။
7
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ နေထွက်ရာအရပ်၊ နေဝင်ရာအရပ်တို့မှ ငါ့လူမျိုးတော်တို့ကို ငါကယ်နုတ်မည်။
8
သူတို့ကို ပြန်ခေါ်လာ၍ ဂျေရုဆလင်မြို့တွင် နေထိုင်စေပြီး သူတို့သည် ငါ၏လူမျိုးတော် ဖြစ်လိမ့်မည်။ ငါသည်လည်း သူတို့အဖို့ သစ္စာစောင့်သော၊ ဖြောင့်မတ်သောဘုရားသခင် ဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏။
9
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဗိမာန်တော်ဖြစ်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ကို ပြန်လည်တည်ဆောက်ရန် အုတ်မြစ်ချသောနေ့၌ ပရောဖက်တို့နှုတ်မှ ဆင့်ဆိုခဲ့သောစကားများကို ယခုကာလ၌ကြားရသောသူတို့၊ သင်တို့လက်ကို ကြံ့ခိုင်စေကြလော့။
10
ထိုကာလမတိုင်မီ လူတို့သည် လုပ်အားခ မရ။ တိရစ္ဆာန်ငှားရမ်းခလည်း မရ။ ငါသည် လူအပေါင်းတို့အား အိမ်နီးချင်းအချင်းချင်း ရန်သူဖြစ်စေသဖြင့် သွားလာသောသူတို့သည် ရန်သူရှိသောကြောင့် လုံခြုံမှုမရှိခဲ့’ဟု မိန့်တော်မူ၏။
11
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ယခုမူကား ကြွင်းကျန်သောသူတို့ကို ယခင်ကာလကကဲ့သို့ ငါမပြု။
12
အေးချမ်းစွာမျိုးစေ့ကြဲရလိမ့်မည်။ စပျစ်ပင်သည် အသီးသီးလိမ့်မည်။ မြေကြီးသည်လည်း အသီးအနှံကို ဖြစ်ထွန်းစေလိမ့်မည်။ မိုးကောင်းကင်မှ နှင်းကျလိမ့်မည်။ ငါသည် ကြွင်းကျန်သောဤလူမျိုးတို့အား ဤအရာအားလုံးတို့ကို အမွေခံစားရစေမည်။
13
အို ယုဒအမျိုးအနွယ်နှင့် အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် လူမျိုးခြားတို့အလယ်တွင် ကျိန်ဆဲစရာဖြစ်ခဲ့သော်လည်း သင်တို့ကို ငါကယ်တင်မည်။ ကောင်းချီးပေးမည်။ မကြောက်ကြနှင့်။ သင်တို့လက်ကို ခိုင်ခံ့စေလော့’ဟု မိန့်တော်မူ၏။
14
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏ဘိုးဘေးတို့အား အမျက်ထွက်ခဲ့စဉ်အခါက သင်တို့အပေါ်သို့ ဘေးဆိုးကို ကျရောက်စေမည်ဟု ငါကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား စိတ်ပိုင်းဖြတ်ခဲ့သည့်အတိုင်း စိတ်ပြောင်းလဲမည်မဟုတ်။
15
ယခုကာလတွင်လည်း ယုဒအမျိုးအနွယ် ဂျေရုဆလင်မြို့သားတို့ ကောင်းစားဖို့ ငါပြုမည်ဟု စိတ်ပိုင်းဖြတ်ထားပြီ။ ထို့ကြောင့် မကြောက်ကြနှင့်။
16
သင်တို့ပြုကျင့်ရမည်မှာ အချင်းချင်း မှန်သောစကားကို ပြောကြလော့။ မြို့တံခါးဝတို့၌ တရားစီရင်ရာတွင် ဖြောင့်မတ်မှန်ကန်စွာ စီရင်ဆုံးဖြတ်ကြလော့။
17
သင်တို့စိတ်ထဲ၌ ကိုယ့်အိမ်နီးချင်းအား မကောင်းသောအကြံကို မကြံစည်ရ။ မဟုတ်မမှန် ကျိန်ဆိုခြင်းကို မနှစ်သက်ရ။ ဤအရာအလုံးစုံကို ငါမုန်း၏’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
18
တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာပြန်၏။
19
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စတုတ္ထလအစာရှောင်ခြင်း၊ ပဉ္စမလအစာရှောင်ခြင်း၊ သတ္တမလအစာရှောင်ခြင်း၊ ဒသမလအစာရှောင်ခြင်းတို့သည် ယုဒအမျိုးအနွယ်အဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာပွဲတော်များ ဖြစ်လိမ့်မည်။ ထို့ကြောင့် သစ္စာရှိခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို မြတ်နိုးကြလော့”ဟု မိန့်တော်မူ၏။
20
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အမြို့မြို့အနယ်နယ်တွင်နေထိုင်သောလူမျိုးတို့ ရောက်လာကြလိမ့်မည်။
21
မြို့တစ်မြို့မှလူတို့သည် အခြားတစ်မြို့သို့သွား၍ ‘ထာဝရဘုရားထံတော်သို့ ငါတို့ သွားရောက်တိုးလျှိုးတောင်းပန်ကြစို့။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှာကြစို့။ ငါလည်း သွားမည်’ဟု ဆိုကြလိမ့်မည်။
22
လူအမြောက်အမြားတို့နှင့်အတူ အင်အားကြီးမားသောလူမျိုးခြားတို့သည်လည်း ဂျေရုဆလင်မြို့သို့လာ၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ ထာဝရဘုရားရှေ့တော်သို့ တိုးဝင်ချဉ်းကပ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
23
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုကာလ၌ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးခြားဆယ်ဦးသည် ဂျူးလူမျိုးတစ်ဦး၏အဝတ်စွန်းကိုဖမ်းဆွဲလျက် ‘သင်တို့နှင့်အတူ ဘုရားသခင်ရှိသည်ဟု ကြားသိရသောကြောင့် ငါတို့လည်း သင်တို့နှင့်အတူလိုက်မည်’ဟူ၍ ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14