bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
Habakkuk 2
Habakkuk 2
Burmese MSBZ
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
1
ငါသည် ကင်းတဲတွင် ရပ်နေမည်။ ခံတပ်တွင် နေရာယူမည်။ ကိုယ်တော်သည် ငါ့အား မည်သို့မိန့်တော်မူမည်ကိုလည်းကောင်း၊ ငါ့အား ဆိုဆုံးမသောအခါ မည်သို့ပြန်လျှောက်ရမည်ကိုလည်းကောင်း သိရှိနိုင်ရန် စောင့်လျက်နေမည်။
2
ထိုအခါ ထာဝရဘုရားက ငါ့အား “ဤဗျာဒိတ်နိမိတ်ကို ရေးမှတ်ထားလော့။ ဖတ်သောသူသည် အပြေးအလွှားဖတ်နိုင်မည့်အကြောင်း ကျောက်ပြားပေါ်တွင် ရှင်းလင်းစွာရေးသားလော့။
3
အကြောင်းမူကား ဤဗျာဒိတ်နိမိတ်သည် အချိန်တန်လျှင် ဖြစ်လာမည်။ နှုတ်ထွက်စကားအတိုင်း အဆုံးသတ်ချိန် မလွဲမသွေရောက်လာမည်။ ကြာသော်လည်း စောင့်မျှော်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လာမည်။
4
ကြည့်ရှုလော့။ ဘဝင်မြင့်သောသူ၏အတွင်းစိတ်သည် ဖြောင့်မှန်လေ့မရှိ။ ဖြောင့်မတ်သောသူတို့မူကား ယုံကြည်ခြင်း ကြောင့် အသက်ရှင်ရလိမ့်မည်။
5
စပျစ်ဝိုင်သည် သစ္စာမဲ့စေတတ်၏။ မာနကြီးသောသူနှင့်တူ၍ ငြိမ်ငြိမ်မနေတတ်။ စိတ်အလိုကို မရဏာနိုင်ငံကဲ့သို့ ကျယ်ပြန့်စေတတ်၏။ သေမင်းကဲ့သို့ပင် အလိုမပြည့်စုံတတ်။ သူ့အဖို့ လူမျိုးအပေါင်းကို စုစည်းပြီး လူအားလုံးကို သိမ်းပိုက်ထားတတ်၏။
6
လူအပေါင်းတို့သည် သူ့ကို ပြောင်လှောင်ကြမည်မဟုတ်လော။ စကားထာဖွဲ့၍ သရော်ကြမည်မဟုတ်လော။ သူတို့က ‘ကိုယ်မပိုင်သောအရာကို သိမ်းယူသောသူ၊ အပေါင်ခံပစ္စည်းများဖြင့် ချမ်းသာအောင် လုပ်သောသူသည် အမင်္ဂလာရှိ၏။ မည်သည့်အချိန်ထိ ဤသို့ပြုမည်နည်း’ဟု ဆိုကြလိမ့်မည်။
7
သင်၏ကြွေးရှင်တို့သည် ရုတ်တရက်ထလာကြမည် မဟုတ်လော။ သင့်ကိုခြောက်လှန့်သောသူတို့သည် နိုးလာကြမည်မဟုတ်လော။ သင်သည်လည်း သူတို့အဖို့ လုယက်ပစ္စည်း ဖြစ်သွားလိမ့်မည်။
8
သင်သည် လူကိုသတ်ဖြတ်၍ ကမ္ဘာမြေရှိမြို့များနှင့် မြို့သူမြို့သားအပေါင်းတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုကိုပြုပြီး လူမျိုးများစွာကို တိုက်ခိုက်လုယူခဲ့သောကြောင့် ကြွင်းကျန်သောသူအပေါင်းတို့သည် သင့်ကို ပြန်၍တိုက်ခိုက်လုယူလိမ့်မည်။
9
ဘေးအန္တရာယ်မှလွတ်မြောက်ရန် မိမိအသိုက်ကို မြင့်သောနေရာ၌ဆောက်သောသူ၊ မတရားအကျိုးစီးပွားကို မိမိအိမ်အဖို့ရှာသောသူသည် အမင်္ဂလာရှိ၏။
10
သင့်အိမ်သူအိမ်သားတို့ အရှက်ရစေရန် သင်ကြံစည်ပြီ။ လူများစွာကို ဖျက်ဆီးခြင်းဖြင့် သင့်ကိုယ်သင်ပြစ်မှားပြီ။
11
စင်စစ် ကျောက်တုံးတစ်တုံးသည် နံရံထဲမှအော်ဟစ်၍ ရက်မတစ်ချောင်းသည် သစ်သားများထဲမှတုံ့ပြန်လိမ့်မည်။
12
လူအသက်သတ်ပြီး ရွာကိုတည်သောသူ၊ မတရားသောနည်းလမ်းဖြင့် မြို့ကိုတည်ထောင်သောသူသည် အမင်္ဂလာရှိ၏။
13
ကြည့်ရှုလော့။ လူတို့သည် မီးစာဖြစ်သွားမည့်အရာအတွက် ကြိုးစားအားထုတ်လုပ်ကိုင်ကြပြီ။ လူမျိုးတို့သည် အချည်းနှီးသောအရာအတွက် အပင်ပန်းခံကြပြီ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဤသို့ဖြစ်စေပြီမဟုတ်လော။
14
အကြောင်းမူကား ပင်လယ်သည် ရေများနှင့် ပြည့်လျှံနေသကဲ့သို့ ကမ္ဘာမြေကြီးသည်လည်း ထာဝရဘုရား၏ဘုန်းအသရေတော်အကြောင်းကို သိကျွမ်းခြင်းနှင့် ပြည့်လိမ့်မည်။
15
မိမိ၏အိမ်နီးချင်းတို့ အဝတ်အချည်းစည်းဖြစ်သည်ကို ကြည့်လို၍ သူတို့အား ဒေါသစပျစ်ဝိုင်ကို ယစ်မူးအောင် သောက်စေသောသူသည် အမင်္ဂလာရှိ၏။
16
သင်သည် ဂုဏ်သရေအစား အရှက်ကွဲခြင်းနှင့် ကြုံရလိမ့်မည်။ ထာဝရဘုရား၏လက်ယာလက်တော်ရှိဖလားတော်သည် သင့်ထံသို့လှည့်လာပြီဖြစ်၍ ထိုဖလားတော်ကို သောက်ပြီး အရေဖျားမလှီးထားသောသင့်အရှက် ပေါ်လိမ့်မည်။ သင့်ဂုဏ်သရေသည် အရှက်ကွဲခြင်းနှင့် ဖုံးလွှမ်းသွားလိမ့်မည်။
17
လက်ဘနွန်တောင်ကို သင်နှိပ်စက်ခဲ့သည့်အတိုင်း သင်ပြန်ခံရမည်။ တိရစ္ဆာန်များကို သင်ညှဉ်းဆဲခဲ့သည့်အတိုင်း သင်ပြန်၍ကြောက်လန့်နေရမည်။ သင်သည် လူကိုသတ်ဖြတ်၍ ကမ္ဘာမြေရှိမြို့များနှင့် မြို့သူမြို့သားအပေါင်းတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုကိုပြုလေပြီ။
18
ရုပ်တုဆင်းတုသည် မည်သည့်အကျိုးအမြတ်ကိုပေးနိုင်၍ ပန်းပုသမားသည် ထုဆစ်ရသနည်း။ ရုပ်တုနှင့် မုသားဆရာ အတူတူပင်ဖြစ်၏။ ပန်းပုသမားသည် ဆွံ့အသောရုပ်တုကို ထုလုပ်ပြီး ထိုရုပ်တုကို ကိုးစားပါသည်တကား။
19
သစ်သားကို ‘နိုးပါ’ဟု ပြောသောသူ၊ စကားမပြောတတ်သောကျောက်တုံးကို ‘ထပါ’ဟု ပြောသောသူသည် အမင်္ဂလာရှိ၏။ ထိုအရာသည် သင်တို့ကို သွန်သင်ပြနိုင်မည်လော။ ထိုအရာကို ရွှေ၊ ငွေတို့ဖြင့်မွမ်းမံထား၏။ ထိုအရာ၌ အသက်အလျှင်းမရှိ။
20
ထာဝရဘုရားသည် သန့်ရှင်းရာဗိမာန်တော်၌ စံမြန်းတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့”ဟု တုံ့ပြန်မိန့်ဆိုတော်မူ၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
All chapters:
1
2
3