bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
Judges 16
Judges 16
Burmese MSBZ
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 17 →
1
ရှံဆုန်သည် ဂါဇမြို့သို့သွားရာ ထိုမြို့တွင် ပြည့်တန်ဆာမတစ်ဦးနှင့်တွေ့၍ သူ့ထံဝင်လေ၏။
2
“ဤမြို့သို့ ရှံဆုန်ရောက်လာပြီ”ဟူသောသတင်းကို ဂါဇမြို့သားတို့ ကြားသိသောအခါ ထိုနေရာကိုဝိုင်းထား၍ မြို့တံခါး၌ တစ်ညလုံးချောင်းမြောင်းနေကြ၏။ သူတို့က “နံနက်မိုးလင်းလျှင် သူ့ကို ငါတို့သတ်မည်”ဟု ဆိုလျက် တစ်ညလုံး တိတ်ဆိတ်စွာနေကြ၏။
3
သို့သော် ရှံဆုန်သည် ညသန်းခေါင်တိုင် အိပ်ပြီးမှ သန်းခေါင်ချိန်တွင်ထပြီး မြို့တံခါးရွက်နှင့်တကွ တံခါးတိုင်နှစ်တိုင်ကို ဆုပ်ကိုင်ပြီး ကန့်လန့်ကျင်ပါလျက် ဆွဲနုတ်ပစ်လေ၏။ ထို့နောက် ပခုံးပေါ်တင်၍ ဟေဗြုန်မြို့အရှေ့ဘက်ရှိ တောင်ထိပ်ပေါ်သို့ ထမ်းသွားလေ၏။
4
ထို့နောက်မှ ရှံဆုန်သည် စောရက်ချိုင့်ဝှမ်းဒေသရှိ ဒေလိလအမည်ရှိသောအမျိုးသမီးတစ်ဦးနှင့် ချစ်ကြိုက်ပြန်၏။
5
ထို့ကြောင့် ဖိလိတ္တိမင်းတို့သည် ဒေလိလထံသို့လာ၍ “ရှံဆုန်၏ကြီးမားသောခွန်အားသည် အဘယ်ကဖြစ်ကြောင်း၊ သူ့ကို မည်သည့်နည်းဖြင့် ဖမ်းဆီးချုပ်နှောင်နှိပ်စက်နိုင်ကြောင်းကို သူ့အား ချော့မော့မေးမြန်းကြည့်လော့။ ငါတို့သည် သင့်အား ငွေစ တစ်ထောင့်တစ်ရာစီ ပေးမည်”ဟု ဆိုကြ၏။
6
ဒေလိလကလည်း ရှံဆုန်အား “သင်၏ကြီးမားသောခွန်အားကား အဘယ်ကဖြစ်သနည်း။ သင့်ကို မည်သည့်နည်းဖြင့် ချုပ်နှောင်နှိပ်စက်နိုင်မည်နည်း။ အကျွန်ုပ်အား ပြောပြပါလော့”ဟု မေးလေ၏။
7
ရှံဆုန်က သူ့အား “မခြောက်သေးသောလေးကြိုးအသစ်ခုနစ်ချောင်းဖြင့် ငါ့ကို ချည်နှောင်လျှင် ငါ့ခွန်အားသည် လျော့သွား၍ သာမန်လူကဲ့သို့ ဖြစ်သွားမည်”ဟု ပြန်ဖြေ၏။
8
ထိုအခါ ဖိလိတ္တိမင်းတို့သည် မခြောက်သေးသောလေးကြိုးအသစ်ခုနစ်ချောင်းကို ဒေလိလအား ယူလာပေးရာ ဒေလိလကလည်း ထိုကြိုးတို့ဖြင့် ရှံဆုန်ကို ချည်နှောင်လေ၏။
9
လူအချို့သည် ဒေလိလ၏အတွင်းခန်းထဲ၌ စောင့်ကြည့်ချောင်းမြောင်းနေကြ၏။ ဒေလိလကလည်း “ရှံဆုန်၊ သင့်ထံသို့ ဖိလိတ္တိလူမျိုးတို့ ရောက်လာပြီ”ဟု ဆိုသော် ရှံဆုန်က လေးကြိုးတို့ကိုဖြတ်လိုက်ရာ ထိုကြိုးတို့သည် မီးထိသကဲ့သို့ တစ်စစီပြတ်ကုန်၏။ ထို့ကြောင့် သူ့ခွန်အားသည် အဘယ်ကဖြစ်သည်ကို မသိရ။
10
ထိုအခါ ဒေလိလက ရှံဆုန်အား “သင်သည် အကျွန်ုပ်ကို လိမ်လည်လှည့်စားပြီ။ သင့်ကို မည်သို့ချည်နှောင်နိုင်မည်ကို ယခု ပြောပြပါ”ဟု မေးပြန်၏။
11
သူကလည်း “တစ်ခါမျှ အသုံးမပြုရသေးသောကြိုးအသစ်ဖြင့် ငါ့ကို အခိုင်အမာချည်နှောင်ထားလျှင် ငါ့ခွန်အားသည် လျော့သွား၍ သာမန်လူကဲ့သို့ ဖြစ်သွားမည်”ဟု ဆို၏။
12
ဒေလိလကလည်း ကြိုးအသစ်ကိုယူ၍ ရှံဆုန်အား ချည်နှောင်ပြီးလျှင် “ရှံဆုန်၊ သင့်ထံသို့ ဖိလိတ္တိလူမျိုးတို့ ရောက်လာပြီ”ဟု ဆိုပြန်၏။ သူ့အခန်းထဲတွင် လူအချို့ချောင်းမြောင်းစောင့်ကြည့်နေကြ၏။ ရှံဆုန်သည် လက်မောင်း၌ချည်ထားသောကြိုးတို့ကို အပ်ချည်မျှင်ကဲ့သို့ ဖြတ်ပစ်လိုက်လေ၏။
13
ဒေလိလကလည်း ရှံဆုန်အား “သင်သည် ယခုချိန်ထိ အကျွန်ုပ်ကို လိမ်လည်လှည့်စားသေး၏။ သင့်ကို မည်သို့ ချည်နှောင်နိုင်မည်ကို ယခု ပြောပြပါလော့”ဟု ဆိုပြန်ရာ ရှံဆုန်က သူ့အား “ငါ့ဆံပင်အစုခုနစ်စုကို ရက်ကန်းထဲသို့ တိုင်ချည်အဖြစ်ရက်သွင်းလျှင် ငါ့ခွန်အားသည် လျော့သွား၍ သာမန်လူကဲ့သို့ ဖြစ်မည်”ဟု ပြန်ပြော၏။
14
ဒေလိလလည်း ရှံဆုန်၏ဆံပင်ကို ရက်သွင်းပြီး ရက်ကန်းကိုငုတ်တိုင်၌ချည်ထားပြီးလျှင် “ရှံဆုန်၊ သင့်ထံသို့ ဖိလိတ္တိလူမျိုးတို့ ရောက်လာပြီ”ဟု ဆိုလျှင် ရှံဆုန်သည် အိပ်ပျော်ရာမှ နိုးလာပြီး ငုတ်တိုင်နှင့်တကွ ရက်ကန်းတစ်ခုလုံးကိုပါ ဆွဲနုတ်ပစ်လေ၏။
15
ဒေလိလကလည်း “သင်သည် စိတ်မပါဘဲ အကျွန်ုပ်ကို ချစ်သည်ဟု အဘယ်ကြောင့် ပြောရသနည်း။ အကျွန်ုပ်ကို သုံးကြိမ်တိုင်တိုင်လှည့်စားပြီ။ သင်၏ကြီးမားသောခွန်အားသည် အဘယ်ကဖြစ်သည်ကို အကျွန်ုပ်အား ယခုအထိမပြောသေး”ဟု ဆိုလေ၏။
16
ဒေလိလသည် ရှံဆုန်အား စကားလုံးများဖြင့် နေ့ရှိသရွေ့ပူဆာဖိအားပေးလွန်းသဖြင့် ရှံဆုန်လည်း သေချင်လောက်အောင်စိတ်ပျက်လာ၏။
17
ထို့ကြောင့် ရှံဆုန်က “ငါသည် အမိဝမ်းထဲမှစ၍ ဘုရားသခင်အဖို့ နာဇရိလူ ဖြစ်၏။ ငါ့ဆံပင်ကို သင်တုန်းဓားနှင့် မရိတ်ရ။ ငါ့ဆံပင်ကို ရိတ်ပစ်လျှင် ငါ့ခွန်အားလျော့၍ သာမန်လူကဲ့သို့ ဖြစ်သွားမည်”ဟု စိတ်ထဲရှိသည့်အတိုင်း ပြောပြလေ၏။
18
ရှံဆုန်က စိတ်ထဲရှိသည့်အတိုင်း အမှန်ကိုပြောပြကြောင်း ဒေလိလ သိလျှင် လူကိုစေလွှတ်၍ ဖိလိတ္တိမင်းတို့ကို ခေါ်စေကာ “နောက်တစ်ခေါက် လာခဲ့ကြပါဦး။ ရှံဆုန်က သူ့စိတ်ထဲရှိသည့်အတိုင်း အမှန်ကို အကျွန်ုပ်အား ပြောပြပြီ”ဟု မှာလိုက်သဖြင့် ဖိလိတ္တိမင်းတို့သည်လည်း ငွေစပါလျက် ဒေလိလထံသို့ လာကြပြန်၏။
19
ဒေလိလသည် ရှံဆုန်ကို ပေါင်ပေါ်တွင်အိပ်စေ၍ လူတစ်ယောက်ကိုခေါ်ပြီး သူ့ဆံပင်ခုနစ်စုကို ရိတ်စေ၏။ ရှံဆုန်၏ခွန်အားများ လျော့သွားသောအခါ သူ့ကို စတင်နှိပ်စက်လေ၏။
20
ဒေလိလက “ရှံဆုန်၊ သင့်ထံသို့ ဖိလိတ္တိလူမျိုးတို့ ရောက်လာပြီ”ဟု ဆိုသော် ရှံဆုန်သည် အိပ်ရာမှထပြီး “ယခင်ကကဲ့သို့ ရုန်းထွက်မည်”ဟု တွေး၏။ ထာဝရဘုရား သူ့ကို စွန့်ခွာသွားသည်ကို သူမသိ။
21
ဖိလိတ္တိလူမျိုးတို့ကလည်း သူ့ကိုဖမ်းချုပ်ပြီး မျက်စိနှစ်ဖက်ကို ဖောက်ထုတ်ပစ်၏။ ထို့နောက် သူ့ကို ကြေးနီကြိုးဖြင့် ချည်နှောင်ထား၍ ဂါဇမြို့သို့ ခေါ်ဆောင်သွား၏။ ထို့နောက် သူ့ကိုအကျဉ်းချထား၍ ကြိတ်ဆုံကြိတ်ရသည့်အလုပ်ကို လုပ်စေ၏။
22
ရှံဆုန်သည် ဆံပင်ရိတ်ခံရပြီးနောက် သူ့ဦးခေါင်းမှ ဆံပင်များ ပြန်ပေါက်လာ၏။
23
ဖိလိတ္တိမင်းတို့က “ငါတို့၏ဘုရားသည် ငါတို့၏ရန်သူရှံဆုန်ကို ငါတို့လက်သို့ အပ်တော်မူပြီ”ဟု ဆိုလျက် ဒါဂုန်ဘုရားအား ယဇ်ပူဇော်သောပွဲကြီးကို တပျော်တပါးကျင်းပရန် စုဝေးလာကြ၏။
24
လူတို့သည် ရှံဆုန်ကို ကြည့်၍ “ငါတို့လူမျိုးအမြောက်အမြားကို သတ်ပြီး ငါတို့ပြည်ကို ဖျက်ဆီးသောငါတို့၏ရန်သူကို ငါတို့ဘုရားက ငါတို့လက်သို့ အပ်တော်မူပြီ”ဟု ဆိုလျက် မိမိတို့ဘုရားကို ချီးမွမ်းကြ၏။
25
သူတို့သည် ပျော်မြူးကြလျက် “ရှံဆုန်ကို ခေါ်ထုတ်၍ ငါတို့အား ဖျော်ဖြေပြစေပါ”ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့သည် ရှံဆုန်ကို အကျဉ်းထောင်မှခေါ်ထုတ်လာ၍ တိုင်များကြားတွင်ထားကာ သူတို့ကို ဖျော်ဖြေပြစေ၏။
26
ရှံဆုန်သည် သူ့လက်ကို ဆွဲလာပေးသောလူငယ်အား “ဤဝတ်ကျောင်း၏တိုင်မကြီးများကို မှီနိုင်ရန် ငါ့လက်နှင့် ကိုင်ကြည့်ပါရစေ”ဟု ဆို၏။
27
ထိုဝတ်ကျောင်းထဲတွင် ယောက်ျား၊ မိန်းမများနှင့် ပြည့်လျှံလျက် ရှိ၏။ ဖိလိတ္တိမင်းတို့အပါအဝင် ခေါင်မိုးပြင်ပေါ်တွင် ယောက်ျားမိန်းမသုံးထောင်တို့သည် ရှံဆုန်ဖျော်ဖြေနေသည်ကို ကြည့်ရှုကြ၏။
28
ရှံဆုန်ကလည်း ထာဝရဘုရားထံ “အို အကျွန်ုပ်၏ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်ကို ဤတစ်ကြိမ်သာ ခွန်အားပေးတော်မူပါ။ အကျွန်ုပ်မျက်စိနှစ်ဖက်ကိုဖောက်ထုတ်ပစ်သော ဤဖိလိတ္တိလူမျိုးကို တစ်ခါတည်း အပြီးလက်တုံ့ပြန်ခွင့်ပြုတော်မူပါ ဘုရားသခင်”ဟု ဆုတောင်း၏။
29
ထို့နောက် ရှံဆုန်သည် ဝတ်ကျောင်း၏အလယ်တိုင်မကြီးနှစ်တိုင်ကို လှမ်းကိုင်ပြီး လက်ဝဲလက်ဖြင့်တစ်တိုင်၊ လက်ယာလက်ဖြင့်တစ်တိုင် ထောက်ထားလျက်
30
“အကျွန်ုပ်အား ဖိလိတ္တိလူမျိုးတို့နှင့်အတူ သေခွင့်ပြုတော်မူပါ”ဟု ဆိုလျက် အားကုန်တွန်းချလိုက်ရာ ဝတ်ကျောင်းကြီးသည် ဖိလိတ္တိမင်းတို့အပါအဝင် လူအားလုံးတို့အပေါ် ပြိုကျလေ၏။ ဤသို့ဖြင့် ရှံဆုန်သည် သေခါနီးလူသတ်ခဲ့သည်မှာ ရှေ့ပိုင်းအသက်ရှင်စဉ်တွင်လူသတ်ခဲ့သည်ထက် ပို၍များပြားလေ၏။
31
ရှံဆုန်၏ညီအစ်ကိုများနှင့် ဆွေမျိုးသားချင်းတို့သည် လာ၍အလောင်းကို သယ်သွားပြီးလျှင် ဇောရာမြို့နှင့် ဧရှတောလမြို့ကြားရှိ သူ့ဖခင်မာနော်၏သင်္ချိုင်းတွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ ရှံဆုန်သည် အစ္စရေးလူမျိုးတို့ကို အနှစ်နှစ်ဆယ် စီရင်အုပ်ချုပ်၏။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21