bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Corinthians 11
1 Corinthians 11
Burmese 2021
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
1
ငါသည်ခရစ်တော်၏ နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့နည်းတူ ကျင့်ကြလော့။
2
ညီအစ်ကိုတို့၊ သင်တို့သည် အရာရာ၌ ငါ့ကို အောက်မေ့၍၊ ငါအပ်ပေးသောနည်းဥပဒေသတို့ကို စွဲလမ်းကြသည်ဖြစ်၍ သင်တို့ကို ငါချီးမွမ်း၏။-
3
ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကိုလည်းကောင်း၊ သင်တို့ သိမှတ်စေခြင်းငှာ ငါအလိုရှိ၏။-
4
ယောက်ျားမည်သည်ကား၊ မိမိခေါင်းကို ဖုံးလျက် ဆုတောင်းသော်လည်းကောင်း၊ ပရောဖက်ပြုသော်လည်းကောင်း၊ မိမိခေါင်း အသရေကို ရှုတ်ချ၏။-
5
မိန်းမမည်သည်ကား၊ မိမိခေါင်းကို မဖုံးဘဲ ဆုတောင်းသော်လည်းကောင်း၊ ပရောဖက်ပြုသော်လည်းကောင်း၊ မိမိခေါင်းအသရေကို ရှုတ်ချ၏။-
6
ထိုသို့ပြုလျှင် ဆံပင်ရိတ်သည်နှင့်တူ၏။ မိန်းမသည် မိမိခေါင်းကို မဖုံးလျှင် ဆံပင်ကိုဖြတ်စေ။ ဆံပင် ဖြတ်ခြင်း၊ ဆံပင်ရိတ်ခြင်းအရာသည် ရှက်စရာရှိလျှင် ခေါင်းကိုဖုံးစေ။-
7
ယောက်ျားသည် ဘုရားသခင်၏ ပုံသဏ္ဌာန်၊ ဘုန်းအသရေတော်ဖြစ်သောကြောင့် မိမိခေါင်းကို မဖုံးရ။ မိန်းမမူကား ယောက်ျား၏ဘုန်းအသရေဖြစ်၏။-
8
ယောက်ျားသည် မိန်းမကြောင့်ဖြစ်သည် မဟုတ်။ မိန်းမသည် ယောက်ျားကြောင့်ဖြစ်၏။-
9
ယောက်ျားကို မိန်းမဖို့ဖန်ဆင်းသည်မဟုတ်။ မိန်းမကို ယောက်ျားဖို့ ဖန်ဆင်း၏။-
10
ထိုကြောင့်၊ ကောင်းကင်တမန်များကို ထောက်၍၊ မိန်းမသည် မိမိခေါင်းကို ဖုံးရမည်။
11
သို့သော်လည်း သခင်ဘုရား၌ ယောက်ျားမပါဘဲ မိန်းမဖြစ်သည်မဟုတ်။ မိန်းမ မပါဘဲ ယောက်ျားဖြစ်သည် မဟုတ်။-
12
မိန်းမသည် ယောက်ျားကြောင့်ဖြစ်သကဲ့သို့ ယောက်ျားသည်လည်း မိန်းမအားဖြင့်ဖြစ်၏။ အလုံးစုံတို့သည်လည်း ဘုရားသခင်ကြောင့် ဖြစ်ကြ၏။-
13
မိန်းမသည် ခေါင်းကိုမဖုံးဘဲလျက် ဘုရားသခင်ကို ဆုတောင်းလျှင်၊ လျောက်ပတ်သည် မလျောက်ပတ်သည်ကို သင်တို့ အလိုအလျောက် ဆင်ခြင်စီရင်ကြလော့။-
14
ယောက်ျားသည် ရှည်သောဆံပင်ရှိလျှင်၊ ရှက်ဖွယ်သော အကြောင်းဖြစ်သည်ကို သင်တို့အား ပကတိတရားပင် ဆုံးမသွန်သင်သည် မဟုတ်လော။-
15
မိန်းမမူကား၊ ရှည်သောဆံပင်ရှိလျှင်၊ သူ၏ဘုန်းအသရေ ဖြစ်၏။ အကြောင်းမူကား၊ မိန်းမဆံပင်သည် မိမိခြုံစရာဖို့ ဖြစ်၏။-
16
သို့သော်လည်း တစ်စုံတစ်ယောက်သောသူသည် ငြင်းခုံလျှင်၊ ငါတို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်၌ လည်းကောင်း၊ ထိုသို့သော ထုံးစံမရှိ။
17
တစ်ဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှာ စည်းဝေးကြသည်မဟုတ်။ အကျိုးကို နည်းစေခြင်းငှာ စည်းဝေးကြသည်ဖြစ်၍၊ ငါသည် ပညတ်ထားစဉ်တွင် သင်တို့ကို မချီးမွမ်းရ။-
18
ပထမ အကြောင်းဟူမူကား၊ သင်တို့သည် အသင်းတော်၌ စည်းဝေးကြသောအခါ၊ အချင်းချင်း ကွဲပြားခြင်းရှိသည်ကို ငါကြားရ၏။-
19
ကြားရသည်အတိုင်း မှန်ကောင်းမှန်လိမ့်မည်။ အကြောင်းမူကား၊ သင်တို့တွင် ကောင်းမွန်သော သူတို့ကို ထင်ရှားစိမ့်သောငှာ သင်းခွဲခြင်းရှိရမည်။-
20
သင်တို့သည် အတူစည်းဝေးကြသောအခါ၊ သခင်ဘုရား၏ ပွဲတော်ကို စားအံ့သောငှာ စည်းဝေးကြသည်မဟုတ်။-
21
အကြောင်းမူကား၊ သင်တို့သည် စားကြသည်တွင် ကိုယ်စီကိုယ်စီ မိမိအစာကိုအရင်ယူ၍၊ တချို့ကား ဆာမွတ်လျက်၊ တချို့ကား စားသောက်ကြူးလျက်ရှိကြ၏။-
22
သင်တို့သည် စားသောက်ရာဖို့ ကိုယ်အိမ်မရှိသလော။ သို့မဟုတ်လျှင်၊ ဘုရားသခင်၏ အသင်းတော်ကို မထီမဲ့မြင်ပြု၍၊ ဆင်းရဲသောသူတို့ကို ရှက်ကြောက် စေသလော။ အဘယ်သို့ ငါဆိုရမည်နည်း။ ဤအမှုမှာ သင်တို့ကို ချီးမွမ်းရမည်လော။ မချီးမွမ်းရ။
23
အကြောင်းမူကား၊ သင်တို့၌ ငါအပ်ပေးသော အရာကို သခင်ဘုရားထံ၌ ငါခံရပြီ။ ခံရသောအရာဟူမူကား၊ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံခြင်းကိုခံသော နေ့ညမှာ မုန့်ကိုယူ၍၊-
24
ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား၊ သင်တို့အဖို့အလိုငှာ ချိုးဖဲ့သောငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။ ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ ပြုကြလော့ဟု မိန့်တော်မူ၏။-
25
ထိုနည်းတူ၊ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား ငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ ဤခွက်ကို သောက်သောအခါခါ၊ ငါ့ကိုအောက်မေ့ဖို့ရာ သောက်ကြလော့ဟု မိန့်တော်မူ၏။-
26
အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကို သောက်သောအခါခါ၊ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာတော် မမူမီတိုင်အောင် ပြကြ၏။-
27
ထိုကြောင့် သခင်ဘုရား၏မုန့်နှင့် ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။-
28
သို့ဖြစ်၍ လူတိုင်းကိုယ်ကိုကိုယ်စစ်ကြောပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်းသောက်စေ။-
29
အကြောင်းမူကား၊ မထိုက်မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှာ စားသောက်သောသူဖြစ်၏။
30
ထိုအကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမမာသောသူ အများရှိကြ၏။ သေသောသူအများလည်း ရှိကြ၏။-
31
ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။-
32
စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။-
33
ထိုကြောင့် ငါ့ညီအစ်ကိုတို့၊ သင်တို့သည် စားအံ့သောငှာ စည်းဝေးသောအခါ၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ငံ့လင့်ကြလော့။-
34
တစ်စုံတစ်ယောက်သောသူသည် ဆာမွတ်လျှင်၊ သင်တို့သည် အပြစ်ခံလျက် မစည်းဝေးစေခြင်းငှာ ထိုသူသည် မိမိအိမ်၌ စားစေ။ ကြွင်းသောအမှုများကို ငါလာသောအခါ စီရင်မည်။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16