bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Corinthians 5
1 Corinthians 5
Burmese 2021
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 6 →
1
မတရားသောမေထုန် သာမညမဟုတ်၊ အဘ၏မယားကို သိမ်းယူခြင်းတည်းဟူသော သာသနာပလူတို့တွင်ပင် မကြားရသော မေထုန်၌မှီဝဲသောသူသည် သင်တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စောကြ၏။-
2
ထိုသို့ပြုသောသူကို သင်တို့အထဲမှ နှင်ထုတ်မည်အကြောင်း၊ စိတ်မသာ ညည်းတွားခြင်းကိုမပြု၊ မာနထောင်လွှားလျက် နေကြ၏။-
3
ထိုကြောင့် ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာလျက်ရှိသော်လည်း၊ ဝိညာဉ်အားဖြင့် မကွာ၊ ကိုယ်တိုင် သင်တို့နှင့်အတူရှိသကဲ့သို့ ထိုသို့ကျင့်သောသူကို ယခုပင်ငါစီရင်ပြီ။-
4
စီရင်ချက်ဟူမူကား၊ ငါတို့သခင်ယေရှုခရစ်၏ အခွင့်အားဖြင့် သင်တို့သည် ငါ့ဝိညာဉ်နှင့်အတူ စည်းဝေးပြီးမှ ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို အမှီပြု၍၊-
5
ထိုသူ၏ဝိညာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း၊ သူ၏ကိုယ်ခန္ဓာပျက်စီးဖို့ရာ သူ့ကိုစာတန်လက်သို့ အပ်နှံကြစေဟု ငါစီရင်၏။-
6
သင်တို့၏ ဝါကြွားခြင်းသည် မကောင်းမသင့် ဖြစ်၏။ အနည်းငယ်သောတဆေးသည် မုန့်စိမ်းတစ်ပုံလုံးကို ဖောင်းကြွစေတတ်သည်ကို မသိကြသလော။-
7
သင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ၊ အသစ်သော မုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသောတဆေးကို သုတ်သင်ပယ်ရှင်းကြလော့။ အကြောင်းမူကား၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါ သိုးသငယ်သည် ငါတို့အဖို့ ယဇ်ပူဇော်ရာဖြစ်၏။-
8
ထိုကြောင့်၊ ဟောင်းသောတဆေး၊ ဆိုးညစ် မိုက်မဲခြင်းတဆေးတို့ကို ပယ်ပစ်၍၊ တဆေးမဲ့မုန့်တည်းဟူသော ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့် ပွဲခံကြကုန်အံ့။-
9
သင်တို့သည် မတရားသော မေထုန်၌ မှီဝဲသောသူတို့နှင့် မပေါင်းဖော်မည်အကြောင်း၊ အထက်ဩဝါဒစာ၌ ငါရေးထားခဲ့ပြီ။-
10
ထိုသို့ရေးထားသော်၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ အနိုင်အထက်လုယူခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်းအမှုကို ပြုသော လောကီသားတို့နှင့် အလျှင်းမပေါင်းဖော်ရဟု မဆိုလို။ ထိုသို့ဆိုလျှင်၊ သင်တို့သည် လောကီမှ ထွက်သွားရကြမည်။-
11
ယခုမူကား ညီအစ်ကိုဟု ခေါ်ဝေါ်သောသူသည် မတရားသော မေထုန်၌မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့် ယစ်မူးခြင်း၊ အနိုင်အထက်လုယူခြင်းမှစ၍၊ ထိုသို့သောအမှုကို ပြုသောသူနှင့် မပေါင်းဖော်ရသည်သာမက၊ ထိုသူနှင့်အတူ စားသောက်ခြင်းကိစ္စကိုမျှမပြုရဟု ငါရေးထား၍ ပညတ်၏။-
12
ပြင်လူတို့ကို စီရင်ခြင်းအမှုနှင့် ငါသည် အဘယ်သို့ ဆိုင်သနည်း။ အတွင်းလူတို့ကို သင်တို့စီရင်ရသည် မဟုတ်လော။-
13
ပြင်လူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။ သို့ဖြစ်၍ ထိုဆိုးညစ်သောသူကို သင်တို့အထဲမှ နှင်ထုတ်ကြလော့။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16