bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Corinthians 16
1 Corinthians 16
Burmese 2021
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
1
သန့်ရှင်းသူတို့အဖို့ လှူဒါန်း၍ စုထားခြင်းအမှုမှာ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့။-
2
ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှာ၊ ခုနစ်ရက်တွင် ပထမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာတစ်ဖို့ကို ထုတ်၍ စုထားကြလော့။-
3
ငါရောက်လာသောအခါ၊ သင်တို့အလိုရှိသော သူတို့ကို ငါသည် လက်မှတ်စာပေး၍၊ သင်တို့လှူသော အလှူကို ယေရုရှလင်မြို့သို့ ပို့စိမ့်သောငှာ စေလွှတ်မည်။-
4
သို့မဟုတ် ငါ့ကိုယ်တိုင်သွားသင့်လျှင်၊ သူတို့သည် ငါနှင့်အတူ လိုက်ရကြမည်။
5
မာကေဒေါနိပြည်လမ်းကို ငါသွားမည်ဖြစ်၍၊ ထိုပြည်မှ ထွက်ပြီးလျှင် သင်တို့ရှိရာသို့လာမည်။-
6
နောက်မှ အခြားသို့ ငါသွားသောအခါ၊ သင်တို့ပို့သောကျေးဇူးကို ခံခြင်းငှာ၊ သင်တို့ဆီမှာ ငါတည်းခို၍ ဆောင်းကာလပတ်လုံး နေကောင်း နေလိမ့်မည်။-
7
ယခုသွားစဉ်တွင် သင်တို့ကို တွေ့မြင်ခြင်းငှာသာ အလိုမရှိ၊ နောက်မှ သခင်ဘုရားသည် အခွင့်ပေးတော်မူလျှင်၊ သင်တို့နှင့်အတူ ကြာမြင့်စွာနေမည်ဟု မျှော်လင့်ခြင်းရှိ၏။-
8
ပင်တေကုတ္တေ ပွဲနေ့တိုင်အောင် ဧဖက်မြို့၌ ငါနေရမည်။-
9
အကြောင်းမူကား၊ အလွန်ကြီးစွာသော တံခါးသည် အဆင်သင့်၍ ငါ့အားဖွင့်လျက်ရှိ၏။ ဆီးတားသော သူအများလည်း ရှိကြ၏။
10
တိမောသေသည် သင်တို့ဆီသို့ ရောက်လျှင်၊ သူသည် စိုးရိမ်ခြင်း အကြောင်းမရှိဘဲ၊ သင်တို့နှင့်အတူ နေစေခြင်းငှာ သတိပြုကြလော့။ သူသည် ငါကဲ့သို့ပင် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သောသူ ဖြစ်၏။-
11
ထိုကြောင့် အဘယ်သူမျှ သူ့ကို မထီမဲ့မြင်မပြုစေနှင့်။ သူသည် ငါ့ထံသို့ငြိမ်ဝပ်စွာ ပြန်ရမည်အကြောင်း ပို့ဆောင်ခြင်း ကျေးဇူးကို ပြုကြလော့။ သူသည် အခြားသော ညီအစ်ကိုတို့နှင့်အတူ လာလိမ့်မည်ဟု ငါမျှော်လင့်လျက်နေ၏။-
12
ငါ့ညီအာပေါလု၏ အကြောင်းမှာ၊ ညီအစ်ကိုတို့နှင့်အတူ သင်တို့ ဆီသို့သွားမည်အကြောင်း ငါသည် များစွာ ချော့မော့၍ တောင်းပန်သော်လည်း၊ သူသည် ယခုတွင်သွားခြင်းငှာ အလျှင်းအလိုမရှိ၊ နောက်မှ အဆင်သင့်လျှင် သွားလိမ့်မည်။
13
သင်တို့သည် သတိနှင့် စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။ ယောက်ျား အစွမ်းသတ္တိနှင့်တကွ ခွန်အားစုံလင်လျက် နေကြလော့။-
14
သင်တို့သည် ခပ်သိမ်းသောအမှုတို့ကို ချစ်ခြင်းမေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။-
15
ညီအစ်ကိုတို့၊ သတေဖန်၏အိမ်သူအိမ်သားတို့သည် အခါယပြည်တွင် အဦးသီးသော အသီးဖြစ်၍၊ သန့်ရှင်းသူတို့၏အမှုကို ဆောင်ရွက်ခြင်းငှာ ကိုယ်ကိုကိုယ် အပ်ကြောင်းကို သင်တို့ သိကြသည်နှင့်အညီ၊-
16
ထိုသို့သော သူတို့၏ အုပ်စိုးခြင်းကိုလည်းကောင်း၊ ငါတို့နှင့် အတူလုပ်ကိုင်၍ အမှုဆောင်သောသူရှိသမျှတို့၏ အုပ်စိုးခြင်းကိုလည်းကောင်း၊ သင်တို့ဝန်ခံကြမည်အကြောင်း ငါတောင်းပန်၏။-
17
သတေဖန်၊ ဖော်တုနတ်၊ အခါယကုတို့သည် ရောက်လာသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။-
18
အကြောင်းမူကား၊ သင်တို့သည် ပြုစု၍ မပြည့်စုံသမျှကို သူတို့သည် ထပ်၍ပြည့်စုံစေသဖြင့်၊ ငါ့စိတ်နှင့် သင်တို့စိတ်ကို သက်သာစေကြပြီ။ ထိုသို့သော သူတို့ကို လက်ခံကြလော့။
19
အာရှိပြည်၌ အသင်းတော်များတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အာကုလနှင့် ပြစ်ကိလတို့သည် သူတို့အိမ်၌ရှိသော အသင်းတော်နှင့်တကွ၊ သခင်ဘုရားကို ထောက်၍ သင်တို့ကို များစွာနှုတ်ဆက်ကြ၏။-
20
ညီအစ်ကိုအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။
21
ငါပေါလုသည် နှုတ်ဆက်ခြင်းအချက်ကို ကိုယ်လက်နှင့် ရေးထား၏။-
22
အကြင်သူသည် သခင်ယေရှုခရစ်ကို မချစ်၊ ထိုသူသည် အနသေမာဖြစ်စေသတည်း။ သခင်ဘုရားသည် ကြွလာတော်မူ၏။-
23
ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ရှိစေသတည်း။ ယေရှုခရစ်၏ တပည့်တော်ဖြစ်သမျှသော သင်တို့၌ ငါ၏ချစ်ခြင်းမေတ္တာရှိ၏။ အာမင်။ ကောရိန္သုဩဝါဒစာပထမစောင်ပြီး၏။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16