bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Corinthians 9
1 Corinthians 9
Burmese 2021
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
1
ငါပေါလုသည် ကျွန်မဟုတ်၊ လူလွတ်ဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည် မဟုတ်လော။ ငါတို့ သခင်ယေရှုခရစ်ကို မြင်ရပြီ မဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါလုပ်သော အလုပ်ဖြစ်ကြသည် မဟုတ်လော။-
2
ငါသည် အခြားသောသူတို့အား တမန်တော် မဖြစ်သော်လည်း၊ သင်တို့အား တမန်တော်အမှန်ဖြစ်၏။ အကြောင်းမူကား၊ ငါသည် တမန်တော်မှန်သည်ဟု သင်တို့သည် တပည့်တော်ဖြစ်သောအားဖြင့် ငါ့ကို တံဆိပ်ခတ်ကြ၏။-
3
ငါ့ကို စစ်ဆေးမေးမြန်းသော သူတို့အား ငါအပြစ်ဖြေရာစကား ဟူမူကား၊-
4
ငါတို့သည် စားသောက်ခြင်းအခွင့် မရှိသလော။-
5
ကေဖနှင့် သခင်ဘုရား၏ညီများမှစ၍ ကြွင်းသော တမန်တော်များကဲ့သို့၊ ငါတို့သည် ဒေသစာရီ လှည့်လည်သည်တွင် နှမဖြစ်သောမယား ပါစေခြင်းငှာ အခွင့်မရှိသလော။-
6
ငါနှင့် ဗာနဗသာ အလုပ်မလုပ်ဘဲ နေရသောအခွင့်မရှိဟု ဆိုရသလော။-
7
အဘယ်သူသည် ကိုယ်စရိတ်ကိုသုံး၍ စစ်မှုကို ထမ်းရသနည်း။ အဘယ်သူသည် ဥယျာဉ်ကိုစိုက်ပျိုး၍ အသီးကိုမစားဘဲ နေရသနည်း။ အဘယ်သူသည် သိုးထိန်းလုပ်၍ သိုးနို့ကိုမသုံးဘဲ နေရသနည်း။
8
လောကီဝေါဟာရအားဖြင့်သာ ဤသို့ ငါဆိုသလော။ ပညတ်တရားသည်လည်း ဤသို့ပင်ဆိုသည် မဟုတ်လော။-
9
မောရှေ၏ ပညတ္တိကျမ်းစာ၌လာသည်ကား၊ စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရဟု လာ၏။ ဘုရားသခင်သည် နွားကိုသာ ပမာဏပြုတော်မူသလော။-
10
သို့မဟုတ် ငါတို့ကြောင့်သာ ဤသို့ပညတ်တော်မူသလော။ လယ်ထွန်သောသူသည် မျှော်လင့်လျက် ထွန်စေခြင်းငှာလည်းကောင်း၊ မျှော်လင့်လျက် စပါးနင်းနယ်သောသူသည် မျှော်လင့်သည်အတိုင်း ရစေခြင်းငှာလည်းကောင်း၊ ငါတို့ကြောင့်သာ ဤသို့ ကျမ်းစာလာ၏။-
11
ငါတို့သည် သင်တို့၌ ဓမ္မမျိုးစေ့ကို စိုက်ပြီးမှ သင်တို့၏လောကီအသီးကို သုံးဆောင်လျှင် ကျေးဇူးကြီးမည်လော။-
12
အခြားသောသူတို့သည် သင်တို့ထံမှာ ထိုအခွင့်ကိုရလျှင် ငါတို့သည် သာ၍ ရထိုက်သည်မဟုတ်လော။ သို့သော်လည်း ထိုအခွင့်ကို ငါတို့သည်မသုံးဘဲ၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဆီးတားခြင်းအကြောင်း မရှိစေခြင်းငှာ အရာရာ၌ သည်းခံကြ၏။-
13
ဓမ္မကိစ္စအမှုကို ဆောင်ရွက်သောသူတို့သည် ဗိမာန်တော်ကို အမှီပြု၍ စားရသည်ကိုလည်းကောင်း၊ ယဇ်ပူဇော်ခြင်းအမှုကို ဆောင်ရွက်သော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံ၍ စားရသည်ကိုလည်းကောင်း၊ သင်တို့ မသိကြသလော။-
14
ထိုနည်းတူ၊ ဧဝံဂေလိတရားကို ဟောသောသူတို့သည် ဧဝံဂေလိတရားကို အမှီပြု၍ အသက်မွေးရမည်အကြောင်း၊ သခင်ဘုရား၏ ပညတ်တော်မူချက်ရှိ၏။
15
သို့သော်လည်း ထိုအခွင့်ကို ငါသည် အလျှင်းမသုံး။ သင်တို့သည် ငါ့အား ထိုသို့ပြုစေခြင်းငှာ ဤစကားကို ငါရေးသည်မဟုတ်။ အကြောင်းမူကား၊ ငါဝါကြွားခြင်းအခွင့်ကို သူတစ်ပါးဖျက်ဆီးသည်ထက် ငါသေသော် သာ၍ကောင်း၏။-
16
ငါသည် ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်း အကြောင်းမရှိသေး။ အဘယ်ကြောင့်နည်းဟူမူကား၊ မဟောဘဲမနေနိုင်။ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။-
17
သို့ဖြစ်၍ အမှုတော်ကို အလိုအလျောက် ဆောင်ရွက်လျှင် အကျိုးရှိ၏။ ကိုယ်အလိုကိုငြင်းဆန်၍ ဆောင်ရွက်လျှင် အရာတော်၌ ခန့်ထားသောသူဖြစ်၏။-
18
သို့ဖြစ်၍ ငါ၏အကျိုး အဘယ်သို့နည်းဟူမူကား၊ ဧဝံဂေလိတရားကို ဟောသောအခါ၊ ဟောခြင်းနှင့် စပ်ဆိုင်သောအခွင့်ကို မသုံးဘဲလျက်၊ ခရစ်တော်၏ ဧဝံဂေလိတရားကို နာသောသူတို့သည် အဘယ်စရိတ်ကိုမျှ မကုန်ဘဲနေစေခြင်းငှာပြုလျှင် ငါ၌အကျိုးရှိ၏။
19
ငါသည် အဘယ်သူ၏ကျွန် မဖြစ်သော်လည်း သာ၍များသော သူတို့ကိုရခြင်းအလိုငှာ လူတကာတို့၏ ကျွန်ခံရ၏။-
20
ယုဒလူတို့ကိုရခြင်းအလိုငှာ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကို ကိုယ်တိုင် မဆည်းကပ်သော်လည်း၊ ပညတ်တရားကို ဆည်းကပ်သောသူတို့ကို ရခြင်းအလိုငှာ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့၌ ပညတ်တရားကို ကျင့်သောသူကဲ့သို့ဖြစ်၏။-
21
ဘုရားသခင့်ရှေ့တော်၌ တရားမဲ့မနေ၊ ခရစ်တော်၏တရားကို ကျင့်သောသူဖြစ်သော်လည်း၊ ပညတ်တရားမဲ့သောသူတို့ကို ရခြင်းအလိုငှာ ပညတ်တရားမဲ့သောသူတို့၌ ပညတ်တရားမဲ့သောသူကဲ့သို့ ဖြစ်၏။-
22
အားနည်းသောသူတို့ကို ရခြင်းအလိုငှာ အားနည်းသောသူတို့၌ အားနည်းသောသူကဲ့သို့ ဖြစ်၏။ အချို့သောသူတို့ကို တစ်စုံတစ်ခုသော အမှုအရာအားဖြင့် ကယ်တင်ခြင်းအလိုငှာ၊ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်၏။-
23
သင်တို့နှင့်အတူ ဧဝံဂေလိတရားကို ဆက်ဆံခြင်းအလိုငှာ၊ ဧဝံဂေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ၏။
24
မြေတလင်း၌ပြိုင်၍ ပြေးကြသောသူအပေါင်းတို့သည် ပြိုင်၍ ပြေးကြသော်လည်း၊ တစ်ယောက်တည်းသာလျှင် ဆုကိုရသည်ဟု သင်တို့မသိကြသလော။ ဆုကိုရမည်အကြောင်း ပြေးကြလော့။-
25
ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သော သူမည်သည်ကား၊ အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်းအလိုငှာပြုကြ၏။ ငါတို့မူကား မညှိုးနွမ်း မပျက်စီးနိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှာ ပြုကြ၏။-
26
ထိုကြောင့် ငါပြေးသောအခါ၊ အမှတ်တမဲ့ ပြေးသည်မဟုတ်၊ လက်ပွေ့သတ်သောအခါ အာကာသ ကောင်းကင်ကိုသာ ထိုး၍ သတ်သည်မဟုတ်။-
27
သူတစ်ပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူ မဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍ နှိပ်စက်လေ့ရှိ၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16