bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Samuel 14
1 Samuel 14
Burmese 2021
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 15 →
1
တစ်နေ့သ၌ ရှောလု၏ သားယောနသန်သည် ခမည်းတော်ထံ၌ အခွင့်မပန်ဘဲ၊ လက်နက်ဆောင်လုလင်ကိုခေါ်၍၊ တစ်ဖက်၌နေသော ဖိလိတ္တိတပ်သို့ သွားကြကုန်အံ့ဟု ဆိုလေ၏။
2
ရှောလုသည် ဂိဗာမြို့စွန်း၊ မိဂြုန်ရွာ၊ ရိမ္မုန်ကျောက်ဆောင်နားမှာ နေ၍၊ အထံတော်၌ လူခြောက်ရာခန့်မျှ ရှိ၏။
3
သင်တိုင်းဝတ်၍ ရှိလောမြို့၌ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်ဖြစ်သောသူ ဧလိနှင့်ဖိနဟတ်တို့မှ ဆင်းသက်သော ဣခဗုဒ်၏အစ်ကို အဟိတုပ်၏သား အဟိယလည်းရှိ၏။ ယောနသန်သွားကြောင်းကို လူများမသိကြ။
4
ယောနသန်သည် ဖိလိတ္တိတပ်သို့ သွားစမ်းသော လမ်းကြားမှာ၊ တစ်ဖက်တစ်ချက်၌ ကျောက်ငူရှိ၏။ ကျောက်ငူတစ်ခုသည် ဗောဇက်၊ တစ်ခုသည်သေနေအမည်ရှိ၏။
5
တစ်ခုကား မြောက်ဘက်၌ မိတ်မတ်မြို့သို့လည်းကောင်း၊ တစ်ခုကား တောင်ဘက်၌ ဂိဗာမြို့သို့လည်းကောင်း မျက်နှာပြုသတည်း။
6
ယောနသန်က၊ အရေဖျားလှီးခြင်းကိုမခံသော တပ်သားတို့ဆီသို့သွားကြကုန်အံ့။ ထာဝရဘုရားသည် ငါတို့အမှုကို စောင့်ကောင်းစောင့်တော်မူလိမ့်မည်။ လူများသော်လည်းကောင်း၊ နည်းသော်လည်းကောင်း၊ ထာဝရဘုရား ကယ်တင်တော်မူခြင်းကို အဆီးအတားမရှိနိုင်ဟု လက်နက်ဆောင်လုလင်အားပြောဆိုလျှင်၊
7
လုလင်က၊ စိတ်တော်ရှိသည်အတိုင်းပြုပါ။ လှည့်သွားပါ။ အလိုတော်ရှိသည်အတိုင်း ကျွန်တော်လိုက်ပါမည်ဟု ပြန်ပြောသော်၊
8
ယောနသန်က၊ ထိုလူတို့ဆီသို့သွား၍ ကိုယ်ကို ပြကြကုန်အံ့။
9
သူတို့က နေကြ။ ငါတို့လာမည်ဟုဆိုလျှင် သူတို့ဆီသို့မသွားဘဲနေကြမည်။
10
သို့မဟုတ်၊ လာကြဟုဆိုလျှင် သွားကြမည်။ ထာဝရဘုရားသည် သူတို့ကို ငါတို့လက်သို့ အပ်တော်မူ၏။ ထိုသို့သော ပုပ္ပနိမိတ်ရှိရ၏ဟု ဆိုသည်နှင့်အညီ၊
11
နှစ်ယောက်တို့သည် ဖိလိတ္တိတပ်သားတို့အား ကိုယ်ကိုပြသောအခါ၊ ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့သည် ပုန်းရှောင်ရာတွင်းထဲက ထွက်လာပါသည်တကားဟုဆိုလျက်၊
12
တပ်သားတို့က၊ လာကြ။ တစ်စုံတစ်ခုကို ပြမည်ဟု ယောနသန်နှင့် လက်နက်ဆောင်လုလင်အားဆိုလျှင်၊ ယောနသန်က၊ ငါ့နောက်သို့ လိုက်လော့။ ထာဝရဘုရားသည် သူတို့ကို ဣသရေလလူတို့လက်သို့ အပ်တော်မူပြီဟု လုလင်အားဆိုသဖြင့်၊
13
လေးဘက်တွားလျက် တက်၍၊ လုလင်လည်းလိုက်၏။ ယောနသန်ရှေ့မှာ ဖိလိတ္တိလူတို့သည် လဲ၍ လုလင်သည် သူ့သခင့်နောက်မှာ လုပ်ကြံလေ၏။
14
ယောနသန်နှင့် လုလင်ပြုသော ပထမလုပ်ကြံခြင်းအားဖြင့် နွားတစ်ရှဉ်းထွန်နိုင်သော မြေကွက်အတွင်းတွင် လူနှစ်ဆယ်ခန့်မျှ သေကြ၏။
15
စစ်သူရဲများ၊ လယ်လုပ်သူများ၊ အခြားသူများအပေါင်းတို့သည် တပ်သားများ၊ လုယူသောသူများနှင့်တကွ တုန်လှုပ်ကြ၍၊ မြေကြီးလည်း လှုပ်သဖြင့်၊ အလွန်ကြီးသောတုန်လှုပ်ခြင်းရှိ၏။
16
ဗင်္ယာမိန်ခရိုင် ဂိဗာမြို့၌ ရှောလု၏ကင်းစောင့်တို့သည် ကြည့်ရှုသောအခါ၊ ဖိလိတ္တိလူအလုံးအရင်းသည် လျော့၍ တစ်ယောက်ကိုတစ်ယောက် ထိုးရိုက်လျက်သွားကြ၏။
17
ရှောလုကလည်း၊ အဘယ်သူထွက်သွားသည်ကို သိခြင်းငှာ လူများကိုရေတွက်ကြလော့ဟု အထံတော်၌ ရှိသောသူတို့အား စီရင်သည်အတိုင်း ရေတွက်၍၊ ယောနသန်နှင့် သူ၏လက်နက်ဆောင်လုလင် မရှိ။
18
ထိုကာလအခါ ဘုရားသခင်၏သေတ္တာတော်သည် ဣသရေလအမျိုးသားတို့၌ ရှိသည်ဖြစ်၍၊ ရှောလုက၊ ဘုရားသခင်၏ သေတ္တာတော်ကိုယူခဲ့ပါဟု အဟိယအားဆို၏။
19
ရှောလုသည် ယဇ်ပုရောဟိတ်နှင့် စကားပြောစဉ်တွင်၊ ဖိလိတ္တိတပ်၌ အုတ်အုတ်ကျက်ကျက်သော အသံတိုးပွားသောကြောင့်၊ ရှောလုက နေဦးတော့ဟု ယဇ်ပုရောဟိတ်အား ဆိုသဖြင့်၊
20
မိမိနှင့်လူအပေါင်းတို့သည် တစ်ယောက်ကိုတစ်ယောက် နှိုးဆော်လျက် စစ်ချီ၍ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် တစ်ယောက်ကိုတစ်ယောက် ခုတ်သဖြင့် အလွန်တပ်ပျက်လေ၏။
21
အထက်ကာလ၌ ဖိလိတ္တိလူတို့ဘက်မှာနေ၍ အရပ်ရပ်တို့က တပ်သို့လိုက်လာသော ဟေဗြဲလူတို့သည်လည်း ရှောလုနှင့်ယောနသန်၌ ပါသော ဣသရေလလူတို့ဘက်သို့ ဝင်ကြ၏။
22
ဧဖရိမ်တောင်၌ ပုန်းရှောင်၍နေသော ဣသရေလလူအပေါင်းတို့သည်လည်း၊ ဖိလိတ္တိလူပြေးကြောင်းကို ကြားသောအခါ စစ်ချီ၍ ကျပ်ကျပ်လိုက်ကြ၏။
23
ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးကို ထိုနေ့၌ ကယ်တင်တော်မူသဖြင့်၊ စစ်မှုသည် ဗေသဝင်မြို့သို့ လွန်သွားလေ၏။
24
ထိုနေ့၌ ဣသရေလလူတို့သည် ဆင်းရဲခံရကြ၏။ အကြောင်းမူကား၊ ရှောလုက၊ ငါသည် ငါ့ရန်သူတို့၌ ငါ့စိတ်ပြေမည်အကြောင်း၊ ညဉ့်ဦးချိန်မရောက်မီ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူတို့အား အကျိန်ပေးသောကြောင့် အဘယ်သူမျှ အစာမစားရ။
25
လူအပေါင်းတို့သည် မြေပေါ်၌ ပျားရည်ရှိရာတောသို့ ရောက်သဖြင့်၊
26
တောထဲသို့ဝင်သောအခါ ပျားရည်စက်စက်ကျလျက် ရှိသော်လည်း၊ အကျိန်တော်ကို ကြောက်သောကြောင့်၊ အဘယ်သူမျှ မိမိလက်ကို မိမိပါးစပ်၌မထည့်။
27
သို့ရာတွင် ခမည်းတော်သည် လူများတို့အား အကျိန်ပေးသည်ကို ယောနသန်မကြားသောကြောင့်၊ မိမိကိုင်သော လှံတံဖျားကို ပျားလပို့၌နှစ်၍ မိမိလက်နှင့် ယူစားသဖြင့် မျက်စိကြည်လင်လေ၏။
28
ခမည်းတော်က၊ ယနေ့ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူများတို့အား ကျပ်ကျပ် အကျိန်ပေးတော်မူပြီဟု လူတစ်ယောက် ကြားလျှောက်၏။ လူတို့သည်လည်း မောလျက်နေကြ၏။
29
ယောနသန်ကလည်း၊ ငါ့အဘသည် ပြည်သားတို့ကို နှောင့်ယှက်လေပြီ။ ဤပျားရည် အနည်းငယ်ကို ငါစားသောကြောင့် ငါ့မျက်စိကြည်လင်သည်ကို ကြည့်ပါတော့။
30
လူများတို့သည် ယနေ့တွေ့မိသော ရန်သူ၏ဥစ္စာကိုစားချင်တိုင်းစားလျှင်၊ အဘယ်မျှလောက် အကျိုးကြီးလိမ့်မည် တကား။ ဖိလိတ္တိလူတို့ကိုသာ၍ လုပ်ကြံကြလိမ့်မည်တကားဟု ဆိုလေ၏။
31
ထိုနေ့၌ ဖိလိတ္တိလူတို့ကို မိတ်မတ်မြို့မှ အာဇလုန်မြို့တိုင်အောင်လုပ်ကြံကြ၏။ ဣသရေလလူတို့သည် အလွန်ပင်ပန်းသဖြင့်၊
32
ရန်သူ၏ဥစ္စာကို လုယူ၍၊ သိုး၊ နွား၊ နွားသငယ်တို့ကို မြေပေါ်မှာသတ်ပြီးလျှင် အသွေးနှင့်တကွ စားကြ၏။
33
ထိုသို့ လူများတို့သည် အသွေးနှင့်တကွစား၍ ထာဝရဘုရားကို ပြစ်မှားသည်ဟု ရှောလုအား ကြားလျှောက်လျှင်၊ သင်တို့သည် သစ္စာပျက်ကြပြီ။ ကြီးစွာသောကျောက်ကို ငါ့ထံသို့ယနေ့လှိမ့်ခဲ့။
34
လူများတို့တွင် အရပ်ရပ်သွား၍ လူအသီးအသီး မိမိတို့သိုးနွားကို ဤအရပ်သို့ ယူခဲ့ပြီးလျှင်၊ ဤအရပ်၌ သတ်စားကြစေ။ အသွေးနှင့်တကွစား၍ ထာဝရဘုရားကိုမပြစ်မှားစေနှင့်ဟု မိန့်တော်မူသည်အတိုင်း၊ လူများတို့သည် အသီးအသီး မိမိတို့သိုးနွားကို ထိုည၌ယူခဲ့၍ ထိုအရပ်၌သတ်ကြ၏။
35
ရှောလုသည်လည်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။ ထိုပလ္လင်ကား ထာဝရဘုရားအဖို့ တည်သော ပထမပလ္လင် ဖြစ်သတည်း။
36
တစ်ဖန် ရှောလုက၊ ညအခါ ငါတို့သည် ဖိလိတ္တိလူတို့ကိုလိုက်၍ တစ်ယောက်ကိုမျှ မကျန်ကြွင်းစေဘဲ၊ မိုးလင်းသည်တိုင်အောင် ဖျက်ဆီးကြကုန်အံ့ဟုစီရင်၍၊ လူများတို့က စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါဟု ဝန်ခံကြသော်၊ ယဇ်ပုရောဟိတ်က၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြကုန်အံ့ဟု ဆိုလေ၏။
37
ရှောလုကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ကို လိုက်ရပါမည်လော။ သူတို့ကို ဣသရေလလူတို့လက်သို့ အပ်တော်မူမည်လောဟု ဘုရားသခင့်ထံ အခွင့်ပန်သော်လည်း၊ ထိုနေ့တွင် ပြန်တော်မမူ။
38
ရှောလုကလည်း၊ လူတို့တွင် အရာရှိအပေါင်းတို့၊ ယနေ့ အဘယ်သူပြစ်မှားမိသည်ကို သိမြင်အံ့သောငှာ ချဉ်း၍လာကြလော့။
39
ဣသရေလအမျိုးကို ကယ်တင်သော ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ ငါ့သား ယောနသန် ဖြစ်သော်လည်း၊ ဆက်ဆက် သေရမည်ဟုဆိုသော်၊ အဘယ်သူမျှ ပြန်၍မလျှောက်ဝံ့။
40
ရှောလုကလည်း၊ သင်တို့သည် တစ်ဖက်၊ ငါနှင့် ငါ့သားယောနသန်သည် တစ်ဖက်နေရကြမည်ဟုဆိုလျှင်၊ လူများတို့က စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါဟု လျှောက်ကြသော်၊
41
ရှောလုက၊ ဖြောင့်မတ်စွာ စီရင်တော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ လူများတို့သည်လွတ်ကြ၍၊ ရှောလုနှင့် ယောနသန်ကို မှတ်တော်မူ၏။
42
ရှောလုကလည်း၊ ငါနှင့်ငါ့သား ယောနသန်အဖို့ စာရေးတံပြုလော့ဟု ဆိုသဖြင့်၊ ယောနသန်ကို မှတ်တော်မူ၏။
43
ရှောလုကလည်း၊ သင်ပြုသောအမှုကိုပြောလော့ဟု ယောနသန်အားဆိုလျှင်၊ ယောနသန်က၊ အကျွန်ုပ်ကိုင်သော လှံဖျားနှင့် ပျားရည်အနည်းငယ်ကို ယူ၍ မြည်းစမ်းမိပါပြီ။ ထိုအမှုကြောင့်သာ သေရပါမည်ဟု ပြန်ပြော၏။
44
ရှောလုကလည်း၊ ယောနသန်၊ သင်သည်ဆက်ဆက်မသေလျှင်၊ ဘုရားသခင်သည် ထိုမျှမက ငါ၌ ပြုတော်မူပါစေသောဟု ဆိုသော်လည်း၊
45
လူများတို့က၊ ဣသရေလအမျိုး၌ ဤကယ်တင်ခြင်းကျေးဇူးကို ပြုပြီးသော ယောနသန်သည် သေရမည်လော။ ထိုသို့ မဖြစ်ပါစေနှင့်။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သူ၏ဆံခြည်တစ်ပင်မျှ မြေပေါ်မှာမကျရ။ သူသည် ဘုရားသခင်နှင့်အတူ ယနေ့ ဝိုင်း၍ပြုပါပြီဟုဆိုသဖြင့်၊ အသက်ချမ်းသာစေခြင်းငှာ ယောနသန်ကို ကယ်နုတ်ကြ၏။
46
ထိုနောက် ရှောလုသည် ဖိလိတ္တိလူတို့ကိုမလိုက်။ သူတို့သည် နေရင်းအရပ်သို့ ပြန်သွားကြ၏။
47
ထိုသို့ ရှောလုသည် ဣသရေလအမျိုးကို စိုးစံ၍ ပတ်ဝန်းကျင် ရန်သူ၊ မောဘပြည်သား၊ အမ္မုန်ပြည်သား၊ ဧဒုံပြည်သား၊ ဇောဘမင်းများ၊ ဖိလိတ္တိလူများတို့ကိုစစ်တိုက်၍ စစ်ချီလေရာရာ၌ သူတို့ကိုအောင်လေ၏။
48
ဗိုလ်ခြေများကို နှိုးဆော်၍ အာမလက်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ဣသရေလအမျိုးသားတို့ကို လုယက်ဖျက်ဆီးသော သူတို့လက်မှ ကယ်နုတ်လေ၏။
49
သားတော်ကား ယောနသန်၊ ဣရွှိ၊ မေလခိရွှတည်း။ သမီးတော်နှစ်ယောက်တွင် အကြီးကား မေရပ်။ အငယ်ကား၊ မိခါလတည်း။
50
မြောက်သားတော်ကား အဟိမတ်၏သမီး အဟိနောင်တည်း။ ဗိုလ်ချုပ်မင်းကား၊ ဘထွေးတော်နေရသား အာဗနာတည်း။
51
ခမည်းတော် ကိရှနှင့် အာဗနာ၏အဘနေရသည် အဗျေလ၏သားဖြစ်၏။
52
ရှောလုလက်ထက် ကာလပတ်လုံး၊ ဖိလိတ္တိလူတို့ကို ကျပ်ကျပ်စစ်တိုက်ရကြ၏။ ခွန်အားကြီးသောသူ၊ ရဲရင့်သောသူ တွေ့သမျှတို့ကို ရှောလုသည် ရွေးကောက်ခန့်ထားလေ့ရှိ၏။
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31