bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Samuel 9
1 Samuel 9
Burmese 2021
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 10 →
1
ဗင်္ယာမိန်အမျိုးသား အာဖိ၊ ဗေခေါရတ်၊ ဇေရော်၊ အဗျေလမှ ဆင်းသက်၍ ကိရှအမည်ရှိသော ဗင်္ယာမိန်အမျိုးသားတစ်ယောက် ရှိ၏။ သူသည်အလွန် ခွန်အားကြီးသောသူ ဖြစ်၏။
2
ထိုသူ၌ ရှောလုအမည်ရှိသောသားတစ်ယောက်ရှိ၏။ ထိုသားသည် အဆင်းလှ၍ ထူးဆန်းသော သူဖြစ်၏။ ဣသရေလအမျိုးသားတို့တွင် ထိုသူထက်သာ၍ အဆင်းလှသောသူ တစ်ယောက်မျှမရှိ။ သူသည် အခြားသောသူထက် ပခုံးအထက်မှာ အရပ်သာ၍မြင့်၏။
3
ရှောလုအဘ ကိရှ၏မြည်းတို့သည် ပျောက်သောကြောင့်၊ ကိရှက၊ သင်သည် ငယ်သားတစ်ယောက်ကိုခေါ်၍ မြည်းတို့ကို ရှာအံ့သောငှာ ထသွားလော့ဟု မိမိသားရှောလုအား ဆိုသည်အတိုင်း၊
4
သူတို့သည် ဧဖရိမ်တောင်အရပ်နှင့် ရှလိရှအရပ်တစ်လျှောက်လုံး၌ ရှာ၍မတွေ့လျှင်၊ တစ်ဖန် ရှာလိမ်အရပ်မှသည် ဗင်္ယာမိန်အရပ်များ တစ်လျှောက်လုံး၌ မတွေ့။
5
ဇုဖအရပ်သို့ ရောက်သောအခါ၊ ရှောလုက၊ ပြန်ကြစို့။ သို့မဟုတ် အဘသည် မြည်းတို့ကြောင့် မစိုးရိမ်၊ ငါတို့ကြောင့် စိုးရိမ်လိမ့်မည်ဟု ငယ်သားကိုပြောဆိုလျှင်၊
6
ငယ်သားက၊ ဤမြို့၌ အသရေထင်ရှားသော ဘုရားသခင်၏ လူတစ်ယောက်ရှိ၏။ သူပြောသမျှသော စကားသည် ဧကန်အမှန် ပြည့်စုံတတ်၏။ သူ့ထံသို့ သွားကြစို့။ ငါတို့ သွားရသောလမ်းကို သူပြကောင်းပြလိမ့်မည်ဟု ဆို၏။
7
ရှောလုကလည်း၊ သွားလျှင် အဘယ်အရာကို လှူရမည်နည်း။ ငါတို့၌ပါသော မုန့်ကုန်ပြီ။ ဘုရားသခင်၏လူကို လှူစရာအလှူ တစ်စုံတစ်ခုမျှ မရှိ။ ငါတို့၌ တစ်စုံတစ်ခုရှိသေးသလောဟု ငယ်သားအားမေးသော်၊
8
ငယ်သားက၊ ကျွန်တော်လက်၌ ငွေတစ်မတ်ရှိပါ၏။ ငါတို့ကို လမ်းပြသည်အတွက် ဘုရားသခင်၏လူအားပေးပါမည်ဟု ရှောလုအားပြန်ပြော၏။
9
ရှေးကာလ၌ ဣသရေလအမျိုးသားတို့သည် ဘုရားသခင်ကို မေးမြန်းခြင်းငှာသွားမည်ဟု အကြံရှိလျှင်၊ မြင်သောသူထံသို့ သွားကြစို့ဟု ဆိုတတ်ကြ၏။ ပရောဖက်ဟူ၍ခေါ်ဝေါ်သောသူကို ရှေးကာလ၌ မြင်သောသူဟူ၍ ခေါ်ဝေါ်ကြသတည်း။
10
ရှောလုကလည်း၊ ကောင်းပြီသွားကြစို့ဟု ငယ်သားအားဆိုလျက်၊ ဘုရားသခင်၏လူရှိရာမြို့သို့ သွားကြ၏။
11
မြို့ပြင်ကုန်းပေါ်သို့ ရောက်သောအခါ၊ ရေခပ်လာသော မိန်းမပျိုတို့ကိုတွေ့၍၊ ဤအရပ်၌ မြင်သောသူရှိသလောဟု မေးသော်၊
12
ရှိပါ၏။ သင်တို့ရှေ့မှာ ရှိပါ၏။ အလျင်အမြန်သွားတော့။ မြင်သောသူသည် ဤမြို့သို့ ယနေ့လာပြီ။ လူများတို့သည် မြင့်သောအရပ်၌ ယနေ့ယဇ်ပွဲကို ဆောင်ကြ၏။
13
ဆရာသည် မြင့်သောအရပ်၌ ယဇ်သားကိုစားအံ့သောငှာ မတက်မီ သင်တို့သည် မြို့ထဲသို့ဝင်လျှင် ချက်ချင်းတွေ့လိမ့်မည်။ သူမရောက်မီ လူများတို့သည် မစားတတ်ကြ။ သူသည် ယဇ်ပွဲ၌ ဘုရားဝတ်ကို ပြုတတ်၏။ ဝတ်ပြုပြီးမှ ခေါ်ဖိတ်သော သူတို့သည် စားတတ်ကြ၏။ ယခုမှာ သွားလျှင် တွေ့ကြလိမ့်မည်ဟု ပြန်ပြောသည်နှင့်အညီ၊
14
သူတို့သည် မြို့ထဲသို့ဝင်၍ ရှမွေလသည် မြင့်သောအရပ်သို့ တက်သွားလျက် သူတို့ကို ဆီး၍ကြိုလေ၏။
15
ရှောလုမရောက်မီ မနေ့၌ ထာဝရဘုရားက၊ နက်ဖြန်နေ့၊
16
ဤအချိန်၌ ဗင်္ယာမိန်ပြည်မှ လူတစ်ယောက်ကို သင်ရှိရာသို့ ငါစေလွှတ်မည်။ သင်သည် ထိုသူကို ငါ၏လူ ဣသရေလအမျိုး၏မင်းအရာ၌ ခန့်ထား၍ ဆီလောင်းခြင်းဘိသိက်ကိုပေးရမည်။ သူသည် ငါ၏လူတို့ကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်ရလိမ့်မည်။ ငါသည် သူတို့အော်ဟစ်သံကိုကြား၍၊ သူတို့ကို ကြည့်ရှုသည်ဟု ရှမွေလနားအပါး၌ မိန့်တော်မူနှင့်ပြီ။
17
ရှမွေလသည် ရှောလုကို မြင်သောအခါ၊ ထာဝရဘုရားက၊ ငါပြောသောသူကို ကြည့်လော့၊ ဤသူသည် ငါ၏လူတို့ကို အုပ်ချုပ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
18
ထိုအခါ ရှောလုသည် ရှမွေလရှိရာ တံခါးဝသို့ ချဉ်းကပ်လျှင်၊ မြင်သောသူ၏အိမ်ကို ပြပါလော့ဟု တောင်းပန်သော်၊
19
ရှမွေလက၊ ငါသည် မြင်သောသူဖြစ်၏။ ငါ့ရှေ့မှာ မြင့်သောအရပ်သို့ တက်သွားလော့။ ယနေ့ ငါနှင့်အတူ စားရမည်။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်။ သင့်စိတ်နှလုံးထဲမှာ ရှိသမျှကိုလည်း ငါဖော်ပြမည်။
20
တမြန်နေ့ကပျောက်သော သင်၏မြည်းတို့ကို မအောက်မေ့နှင့် တွေ့လျက်ရှိပြီ။ ဣသရေလအမျိုးသည် အဘယ်သူကို အလိုရှိသနည်း။ သင်နှင့် သင်၏အဆွေအမျိုးအပေါင်းကို အလိုရှိသည်မဟုတ်လောဟု ရှောလုအားပြောဆို၏။
21
ရှောလုကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးတို့တွင် အငယ်ဆုံးသောအမျိုး၊ ဗင်္ယာမိန်အမျိုးသားဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ်အဆွေအမျိုးသည် ဗင်္ယာမိန်အဆွေအမျိုးအပေါင်းတို့တွင် အငယ်ဆုံးဖြစ်ပါသည်မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ်အားအဘယ်ကြောင့် ဤသို့ပြောပါသနည်းဟု လျှောက်လေ၏။
22
ထိုအခါ ရှမွေလသည် ရှောလုနှင့် သူ၏ငယ်သားကိုခေါ်၍ အိမ်ခန်းထဲသို့ သွင်းပြီးလျှင်၊ ခေါ်ဖိတ်သောသူ သုံးဆယ်တို့တွင် အမြတ်ဆုံးသောအရပ်၌ထိုင်စေ၏။
23
ပွဲသူကြီးကိုလည်း ခေါ်ပြီးလျှင်၊ သင်၌ငါအပ်ပေး၍အခြားစီထားစေခြင်းငှာ၊ ငါမှာခဲ့သောအဖို့ကို ယူခဲ့တော့ဟု ဆိုသည်အတိုင်း၊
24
ပွဲသူကြီးသည် ပခုံးနှင့် ပခုံးပေါ်မှာခင်းသောအရာကို ယူ၍ ရှောလုရှေ့မှာထားလေ၏။ ရှမွေလကလည်း၊ ချန်ထားသောအရာကို ယူ၍စားတော့။ ခေါ်ဖိတ်သောသူတို့အား ပြောနှင့်သည်အတိုင်း သင့်အဖို့ ယခုတိုင်အောင် သိုထားလျက်ရှိပြီဟုဆို၍ ထိုနေ့၌ ရှောလုသည် ရှမွေလနှင့်အတူ စားသောက်လေ၏။
25
ထိုသူတို့သည် မြင့်သောအရပ်မှဆင်း၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ ရှမွေလနှင့်ရှောလုတို့သည် အိမ်မိုးပေါ်မှာ စကားပြောလျက် နေကြ၏။
26
နံနက်စောစောထ၍ မိုးလင်းသောအခါ၊ ရှမွေလက၊ ထလော့။ သင့်ကို ငါလွှတ်လိုက်မည်ဟု ရှောလုကို အိမ်မိုးပေါ်မှာ ခေါ်ပြီးလျှင်၊ ရှောလုသည်ထ၍ ထိုသူနှစ်ယောက်တို့သည် ထွက်သွားကြ၏။
27
မြို့စွန်းသို့ ရောက်သောအခါ ရှမွေလက၊ သင်၏ငယ်သားကို ရှေ့သို့သွားစေခြင်းငှာပြောတော့ဟု ရှောလုအားဆိုသဖြင့်၊ ငယ်သားသည် ရှေ့သို့သွားလေ၏။ ရှမွေလကလည်း ရပ်နေတော့။ ဘုရားသခင်၏အမိန့်တော်ကို ငါပြန်မည်ဟုဆိုလျက်၊
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31