bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Samuel 15
1 Samuel 15
Burmese 2021
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 16 →
1
တစ်ဖန် ရှမွေလက၊ ထာဝရဘုရား၏လူ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှာ သင့်ကို ဘိသိက်ပေးမည်အကြောင်း၊ ငါ့ကို အထက်ကစေလွှတ်တော်မူသည်ဖြစ်၍၊ ယခုမှာ ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။
2
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုး၌၊ အာမလက်အမျိုးပြုသော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။
3
ယခုသွား၍ ထိုအမျိုးကိုလုပ်ကြံလော့။ နှမြောခြင်းမရှိဘဲ၊ ရှင်းရှင်းဖျက်ဆီး၍၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍၊ သိုး၊ နွား၊ ကုလားအုတ်၊ မြည်းတို့ကိုသတ်လော့ဟု ရှောလုအား ဆင့်ဆိုသည်အတိုင်း၊
4
ရှောလုသည် လူတို့ကိုစုဝေးစေ၍ တေလိမ်မြို့မှာ စာရင်းယူသဖြင့်၊ ခြေသည်သူရဲ နှစ်သိန်း၊ ယုဒစစ်သူရဲ တစ်သောင်းရှိကြ၏။
5
ရှောလုသည်လည်း အာမလက်မြို့သို့စစ်ချီ၍ ချိုင့်၌တပ်ချပြီးမှ၊
6
ကေနိလူတို့ရှိရာသို့ စေလွှတ်လျက်၊ သင်တို့ကို အာမလက်လူတို့နှင့်အတူ ငါဖျက်ဆီးမည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ သူတို့အထဲက ထွက်သွား၍ နေရာပြောင်းကြလော့။ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ သင်တို့သည် ကျေးဇူးပြုကြပြီဟု မှာလိုက်သည်အတိုင်း၊ ကေနိလူတို့သည် အာမလက်လူတို့အထဲက ထွက်သွားကြ၏။
7
ရှောလုသည် ဟဝိလမြို့မှစ၍ အဲဂုတ္တုပြည် တစ်ဖက်တစ်ချက်၌နေသော ရှုရမြို့တိုင်အောင် အာမလက်လူတို့ကို လုပ်ကြံလေ၏။
8
အာမလက်ရှင်ဘုရင် အာဂတ်ကို အရှင်ဖမ်းမိ၏။ လူအပေါင်းတို့ကို ဓားဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။
9
သို့ရာတွင် ရှောလုနှင့် လူများတို့သည် အာဂတ်မင်းနှင့်တကွ၊ သိုး နွားအမြတ်အလတ်၊ ဆူသော သိုးသငယ်၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော၍ ရှင်းရှင်းမဖျက်ဆီးကြ။ အသုံးမဝင် ယုတ်မာသော ဥစ္စာရှိသမျှကိုသာ ရှင်းရှင်းဖျက်ဆီးကြ၏။
10
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရှမွေလသို့ ရောက်လာ၍၊
11
ငါသည် ရှောလုကို ရှင်ဘုရင်အရာ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ၏။ သူသည် ငါ၏ပညတ်တို့ကိုမကျင့်၊ ငါ့နောက်သို့မလိုက်၊ လမ်းလွှဲပြီဟု မိန့်တော်မူ၏။ ရှမွေလသည် ဝမ်းနည်း၍ တစ်ညလုံး ထာဝရဘုရားအား ဟစ်ကြော်ပြီးလျှင်၊
12
နံနက်စောစောထ၍ ရှောလုကို ကြိုဆိုခြင်းငှာ သွားသောအခါ၊ ရှောလုသည် ကရမေလမြို့သို့ရောက်၍ အောင်တိုင်ကိုစိုက်ပြီးမှ၊ လှည့်လည်သဖြင့် ဂိလဂါလမြို့သို့ လွန်သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွားလေ၏။
13
ရှောလုကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်ကို ကောင်းချီးပေးတော်မူပါစေသော။ အကျွန်ုပ်သည် ထာဝရဘုရား အမိန့်တော်အတိုင်း ပြုပါပြီဟု ဆို၏။
14
ရှမွေလကလည်း၊ သို့ဖြစ်လျှင် ငါကြားရသော သိုးမြည်သံ၊ နွားမြည်သံကား အဘယ်သို့နည်းဟုမေးသော်၊
15
ရှောလုက၊ အာမလက်ပြည်မှ ဆောင်ခဲ့ပါပြီ။ လူများတို့သည် ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်လိုသောငှာ အကောင်းဆုံးသော သိုးနွားတို့ကို နှမြော၍၊ ကြွင်းသော အရာရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီးပါပြီဟု ဆို၏။
16
ရှမွေလကလည်း၊ နေပါဦးလော့။ မနေ့ညမှာ ထာဝရဘုရား မိန့်တော်မူသောစကားကို ပြန်ပြောပါမည်ဟု ရှောလုအားဆိုလျှင်၊ ရှောလုက ပြောပါတော့ဟုဆို၏။
17
ရှမွေလကလည်း၊ သင်သည် ကိုယ်အထင်အတိုင်း ငယ်သောသူဖြစ်လျက်ပင်၊ ဣသရေလအမျိုးတို့၏ အထွတ်သို့ရောက်၍၊ ဣသရေလရှင်ဘုရင်အရာနှင့် ထာဝရဘုရား ဘိသိက်ပေးတော်မူသည်မဟုတ်လော။
18
ထာဝရဘုရားက၊ သွားလော့။ အပြစ်များသော အာမလက်အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးလော့။ မဖျက်ဆီးမီတိုင်အောင် စစ်တိုက်လော့ဟု သင့်ကိုဝေးသောအရပ်သို့ စေလွှတ်တော်မူ၏။
19
သို့ဖြစ်၍ သင်သည် ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ ရန်သူ၏ဥစ္စာကို လုယူ၍ ထာဝရဘုရားရှေ့တော်၌ ဤဒုစရိုက်ကို အဘယ်ကြောင့်ပြုဘိသနည်းဟု ပြောဆိုသော်၊
20
ရှောလုက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဧကန်အမှန် နားထောင်ပါပြီ။ ထာဝရဘုရား စေခိုင်းတော်မူသောလမ်းသို့ လိုက်ပါပြီ။ အာမလက်ရှင်ဘုရင် အာဂတ်ကိုဆောင်ခဲ့၍၊ အာမလက်အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီးပါပြီ။
21
သို့ရာတွင် လူများတို့သည် ဂိလဂါလမြို့၌ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်လိုသောငှာလုယူသော သိုး နွား၊ ရှင်းရှင်းဖျက်ဆီးအပ်သောအရာ အကောင်းဆုံးတို့ကို သိမ်းယူကြပါပြီဟု ပြောဆိုပြန်၏။
22
ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။
23
ငြင်းဆန်သောသဘောသည် နတ်ဆိုးနှင့် ပေါင်းခြင်းကဲ့သို့လည်းကောင်း၊ ခိုင်မာသောသဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့လည်းကောင်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကိုနုတ်၍ သင့်ကိုပယ်တော်မူပြီဟု ဆို၏။
24
ရှောလုကလည်း၊ အကျွန်ုပ်သည် ပြစ်မှားပါပြီ။ လူများကိုကြောက်၍ သူတို့စကားကို နားထောင်သောကြောင့်၊ ထာဝရဘုရား၏ အမိန့်တော်ကိုလည်းကောင်း၊ ကိုယ်တော်၏စကားကိုလည်းကောင်း လွန်ကျူးပါပြီ။
25
အကျွန်ုပ်အပြစ်ကို သည်းခံတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်မည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သော်လည်း၊
26
ရှမွေလက၊ သင်နှင့်အတူ ငါမပြန်။ သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ဣသရေလ ရှင်ဘုရင်အရာကိုနုတ်၍ သင့်ကိုပယ်တော်မူပြီဟု ရှောလုအားဆိုပြီးမှ၊
27
လှည့်သွားသောအခါ ရှောလုသည် ရှမွေလ၏ဝတ်လုံစွန်းကို ကိုင်ဆွဲ၍ ဝတ်လုံစုတ်လေ၏။
28
ရှမွေလကလည်း၊ ယနေ့ ထာဝရဘုရားသည် ဣသရေလနိုင်ငံကို သင်မှဆုတ်ယူ၍၊ သင့်ထက်ကောင်းသော သင်၏အိမ်နီးချင်းအားပေးတော်မူပြီ။
29
ထိုမှတစ်ပါး ဣသရေလအမျိုး၏အစွမ်းသတ္တိဖြစ်သော ဘုရားသည် မုသားသုံးခြင်း၊ နောင်တရခြင်းနှင့် ကင်းလွတ်တော်မူ၏။ နောင်တရအံ့သောငှာလူဖြစ်တော်မမူဟု ဆိုသော်၊
30
ရှောလုက အကျွန်ုပ်ပြစ်မှားပါပြီ။ သို့သော်လည်း အကျွန်ုပ်အမျိုးသားချင်း အသက်ကြီးသူတို့ရှေ့၌လည်းကောင်း၊ ဣသရေလအမျိုးရှေ့၌လည်းကောင်း၊ အကျွန်ုပ်၏ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သည်အတိုင်း၊
31
ရှမွေလသည် ရှောလုနောက်သို့ လိုက်၍၊ ရှောလုသည် ထာဝရဘုရားကို ကိုးကွယ်လေ၏။
32
ထိုအခါ ရှမွေလက၊ အာမလက်ရှင်ဘုရင် အာဂတ်ကို ငါ့ထံသို့ခေါ်ခဲ့ကြဟု ဆိုသည်အတိုင်း၊ အာဂတ်က သေဘေးသည် စင်စစ်လွန်သွားပြီဟု ဆိုလျက် ရွှင်လန်းစွာလာ၏။
33
ရှမွေလက၊ မိန်းမများတို့သည် သင်၏ဓားကြောင့် သားဆုံးသကဲ့သို့၊ သင်၏အမိသည် သားဆုံးသော မိန်းမဖြစ်ရမည်ဟုဆိုလျက်၊ ဂိလဂါလမြို့မှာ ထာဝရဘုရားရှေ့တော်၌ အာဂတ်ကို အပိုင်းပိုင်း ဖြတ်စေ၏။
34
ထိုနောက် ရှမွေလသည် ရာမမြို့သို့သွား၍ ရှောလုသည် မိမိနေရာ ဂိဗာမြို့၊ နန်းတော်သို့ ပြန်သွားလေ၏။
35
ရှောလု အနိစ္စမရောက်မီတိုင်အောင်၊ ရှမွေလသည် နောက်တစ်ဖန် အကြည့်အရှုမလာ။ သို့ရာတွင် ရှမွေလသည် ရှောလုအတွက် စိတ်မသာညည်းတွားလျက်နေ၏။ ထာဝရဘုရားသည် ရှောလုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားသောအမှုကို နောင်တရတော်မူ၏။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31