bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Samuel 18
1 Samuel 18
Burmese 2021
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 19 →
1
ထိုသို့လျှောက်ပြီးသည်နောက်၊ ရှောလု၏သား ယောနသန် စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့် စွဲကပ်လျက်ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်လေ၏။
2
ထိုနေ့၌ ရှောလုသည် ဒါဝိဒ်ကိုသိမ်းဆည်း၍ သူ့အဘ၏အိမ်သို့ နောက်တစ်ဖန် သွားနေရသောအခွင့်ကို ပေးတော်မမူ။
3
ယောနသန်သည်လည်း၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်သောကြောင့် သူနှင့်အတူ မိတ်သဟာယဖွဲ့ပြီးလျှင်၊
4
မိမိဝတ်သောဝတ်လုံကို ချွတ်၍ မိမိအဝတ်တန်ဆာများနှင့် ဓား၊ လေး၊ ခါးစည်းတို့ကိုပင် ဒါဝိဒ်အားပေးလေ၏။
5
ဒါဝိဒ်သည် ရှောလုစေခိုင်းသမျှကို သွား၍ သတိပညာနှင့်ပြုမူသောကြောင့်၊ စစ်သူရဲအုပ်အရာ၌ ခန့်ထားတော်မူသဖြင့်၊ ဒါဝိဒ်သည် ကျွန်တော်မျိုးမှစ၍ လူအပေါင်းတို့တွင် မျက်နှာရ၏။
6
ဒါဝိဒ်သည် ဖိလိတ္တိလူကိုသတ်ပြီးမှ ပြန်လာ၍၊ ရောက်လေရာရာ၌ မိန်းမများတို့သည် ရှောလုမင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှာ ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုလျက်၊ ကလျက်၊ ပတ်သာအစရှိသည်တို့ကို တီးလျက်၊ ဣသရေလမြို့ရွာများထဲက ထွက်လာသဖြင့်၊
7
ရှောလု အထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့် သီချင်းဆိုကြ၏။
8
ရှောလုက၊ သူတို့သည် ဒါဝိဒ်အား အသောင်းသောင်း၊ ငါ့အား အထောင်ထောင်သာပေးကြပြီ။ နိုင်ငံတော်မှတစ်ပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန်အမျက်ထွက်၍ ထိုစကားကြောင့် စိတ်ပျက်လေ၏။
9
ထိုနေ့မှစ၍ ဒါဝိဒ်ကို အစဉ်ချောင်းမြောင်းလျက်နေ၏။
10
နက်ဖြန်နေ့ ထာဝရဘုရားထံတော်က၊ ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာ ရောက်သဖြင့်၊ ရှောလုသည် နန်းတော်အလယ်၌ ပရောဖက်ပြုသောကြောင့်၊ ဒါဝိဒ်သည် အရင်ကဲ့သို့ စောင်းတီးလေ၏။ ရှောလုသည် လှံတိုကိုကိုင်လျက် ရှိ၍၊
11
ဒါဝိဒ်ကို ထရံနားမှာထိုးမည်ဟု အကြံရှိသည်အတိုင်း လှံတိုကိုထိုးပစ်သော်လည်း၊ ဒါဝိဒ်သည် အထံတော်မှ နှစ်ကြိမ်ရှောင်လွှဲလေ၏။
12
ထိုသို့ ထာဝရဘုရားသည် ရှောလုထံမှထွက်၍ ဒါဝိဒ်နှင့်အတူ ရှိတော်မူသောကြောင့်၊ ရှောလုသည် ဒါဝိဒ်ကိုကြောက်ရွံ့သဖြင့်၊
13
အထံတော်မှရွှေ့၍ လူတစ်ထောင်အုပ်အရာကို ပေး၏။ ဒါဝိဒ်သည် လူများရှေ့၌ ထွက်ဝင်ရ၏။
14
ဒါဝိဒ်သည် အရာရာ၌ သတိပညာနှင့်ပြုမူ၍ သူနှင့်အတူ ထာဝရဘုရားရှိတော်မူ၏၊
15
ထိုသို့ အလွန်သတိပညာနှင့် ပြုမူသည်ကို ရှောလုသည်မြင်လျှင် သာ၍ကြောက်ရွံ့လေ၏။
16
ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ကို ချစ်ကြ၏။ အကြောင်းမူကား၊ သူတို့ရှေ့၌ ဒါဝိဒ်သည် ထွက်ဝင်တတ်၏။
17
တစ်ဖန် ရှောလုသည် ဒါဝိဒ်ကိုခေါ်၍ ငါ့သမီးကြီး မေရပ်ကို သင့်အားငါပေးစားမည်။ သင်သည် ငါ့အဖို့ ရဲရင့်၍ ထာဝရဘုရားအဖို့ စစ်တိုက်ခြင်းကိုသာပြုလော့ဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ ငါ့လက်သည် သူ့အပေါ်သို့ မရောက်စေနှင့်။ ဖိလိတ္တိလူတို့လက်သည် ရောက်ပါစေသောဟု ရှောလုအကြံရှိ၏။
18
ဒါဝိဒ်ကလည်း၊ ကျွန်တော်သည် ရှင်ဘုရင်၏သမက်တော်ဖြစ်ရပါမည်အကြောင်း အဘယ်သို့သောသူ ဖြစ်ပါသနည်း။ ကျွန်တော်အသက်နှင့် ကျွန်တော် အဆွေအမျိုးသည်၊ ဣသရေလနိုင်ငံ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလုအား လျှောက်၏။
19
သို့ရာတွင်၊ ရှောလု၏သမီး မေရပ်ကို ဒါဝိဒ်အား ပေးစားရသောအချိန်ရောက်သောအခါ၊ မေဟောလသိအမျိုး အဒြေလအား ပေးစားလေ၏။
20
တစ်ဖန် ရှောလုသမီးမိခါလသည် ဒါဝိဒ်ကိုချစ်၏။ ထိုအကြောင်းကို လျှောက်သောအခါ၊ ရှောလုသည် အားရလျက်၊
21
ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ၍ ဖိလိတ္တိလူတို့လက်သို့ ရောက်စေခြင်းငှာ ပေးစားမည်ဟု အကြံရှိ၏။
22
နန်းတော်သားအချို့ကို ခေါ်၍၊ သင်တို့သည် ဒါဝိဒ်နှင့် တိတ်ဆိတ်စွာ စကားပြောရမည်မှာ၊ ရှင်ဘုရင်သည် သင့်ကိုစုံမက်၍၊ ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်လည်း ချစ်ကြ၏။ သို့ဖြစ်၍ ရှင်ဘုရင်၏သမက်တော် ဖြစ်ကောင်းပါ၏ဟု မှာထားသည်အတိုင်း၊
23
ရှောလု၏ ကျွန်တို့သည် ဒါဝိဒ်အားပြောကြ၏။ ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် အသရေမရှိသော ဆင်းရဲသားဖြစ်လျက်နှင့် ရှင်ဘုရင်၏ သမက်တော်လုပ်ရသောအမှုသည် သာမညအမှု ထင်သလောဟု ပြောဆို၏။
24
ရှောလုကျွန်တို့ကလည်း၊ ဒါဝိဒ်သည် ဤသို့ပြောဆိုပါသည်ဟု လျှောက်လျှင်၊
25
သင်တို့သည် တစ်ဖန်ပြောရမည်မှာ၊ ရှင်ဘုရင်သည် ရန်သူတို့၌ စိတ်တော်ပြေမည်အကြောင်း၊ ဖိလိတ္တိလူတို့၏ အရေဖျားတစ်ရာမှတစ်ပါး အခြားသောလက်ဖွဲ့ရာကို အလိုတော်မရှိဟု မှာထား၏။ သို့ရာတွင် ဒါဝိဒ်ကို ဖိလိတ္တိလူတို့လက်ဖြင့် ဆုံးစေမည်ဟု ရှောလုအကြံရှိ၏။
26
ရှောလုကျွန်တို့သည် ထိုစကားကို ဒါဝိဒ်အားပြန်ပြောသောအခါ၊ ဒါဝိဒ်သည် ရှင်ဘုရင်၏ သမက်တော်ဖြစ်ခြင်းငှာ အလိုရှိ၏။ ထိုကြောင့် ချိန်းချက်သော အချိန်မစေ့မီထ၍၊
27
မိမိလူတို့နှင့်အတူ သွားသဖြင့်၊ ဖိလိတ္တိလူနှစ်ရာတို့ကို သတ်ပြီးမှ၊ ရှင်ဘုရင်၏သမက်တော် ဖြစ်လိုသောငှာ၊ သူတို့အရေဖျားများကို ယူခဲ့၍၊ စုံလင်သောအရေအတွက်အားဖြင့် ရှင်ဘုရင်အား ဆက်လေ၏။ ရှောလုသည်လည်း သမီးတော်မိခါလကို ပေးစားရ၏။
28
ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူ ရှိတော်မူကြောင်းကိုလည်းကောင်း၊ မိမိသမီးသည် ချစ်ကြောင်းကိုလည်းကောင်း၊ ရှောလုသည်မြင်၍၊
29
ကြောက်ရွံ့သောစိတ် စွဲလမ်းလျက် အစဉ်အမြဲ ရန်ငြိုးဖွဲ့လေ၏။
30
တစ်ဖန် ဖိလိတ္တိမင်းတို့သည် ချီသွားကြ၏။ ချီသွားကြသည်နောက် ဒါဝိဒ်သည် ရှောလု၏ကျွန်အပေါင်းတို့ထက် သာ၍ သတိပညာနှင့်ပြုမူသဖြင့် အလွန်ဂုဏ်အသရေနှင့် ပြည့်စုံ၏။
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31