bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Acts 18
Acts 18
Burmese 2021
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 19 →
1
ထိုနောက် ပေါလုသည် အာသင်မြို့မှ ထွက်သွား၍ ကောရိန္သုမြို့သို့ ရောက်လေ၏။-
2
ထိုအခါ ယုဒလူအပေါင်းတို့သည် ရောမမြို့မှ ထွက်သွားရမည်အကြောင်း၊ ကလောဒိမင်း အမိန့်တော်ရှိသည်ဖြစ်၍၊ ပုန္တုပြည်သား အာကုလအမည်ရှိသော ယုဒလူတစ်ယောက်သည် ဣတလိပြည်မှလာ၍၊ မိမိမယား ပြစ်ကိလနှင့်တကွ မကြာမမြင့်မီ ရောက်လာသည်ကို ပေါလုတွေ့လျှင် သူတို့ဆီသို့ဝင်၍၊-
3
အလုပ်ချင်းတူသောကြောင့်၊ သူတို့နှင့်နေ၍ အလုပ်လုပ်လေ၏။ ထိုသူတို့သည် တဲရှင်ကိုချုပ်တတ်သော အချုပ်သမားဖြစ်ကြ၏။-
4
ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားဇရပ်၌ ဆွေးနွေးဟောပြော၍၊ ယုဒလူနှင့် ဟေလသလူတို့ကို ဖြားယောင်းသွေးဆောင်လေ၏။-
5
သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာသောအခါ၊ ပေါလုသည် သူတို့နှင့်တကွ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်၍၊ ယေရှုခရစ်၏အကြောင်းကို ယုဒလူတို့အား ကြိုးစား၍ သက်သေခံလေ၏။-
6
ယုဒလူတို့သည် ငြင်းခုံဆဲရေးခြင်းကို ပြုသည်ရှိသော်၊ ပေါလုသည် မိမိအဝတ်ကိုခါလိုက်လျက်၊ သင်တို့၏ အသွေးသည် သင်တို့၏ ခေါင်းပေါ်၌တည်စေ။ ငါမူကား ကင်းလွတ်၏။ ယခုမှစ၍ တစ်ပါးအမျိုးသားတို့ဆီသို့ သွားမည်ဟု ဆိုပြီးလျှင်၊-
7
ထိုအရပ်မှထွက်၍ ဘုရားသခင်ကို ကိုးကွယ်သော ယုတ္တု အမည်ရှိသောသူ၏ အိမ်သို့သွား၏။ ထိုအိမ်သည် တရားဇရပ်နှင့် စပ်လျက်ရှိသတည်း။-
8
ကရိပ္ပုအမည်ရှိသော တရားဇရပ်မှူးသည် မိမိအိမ်သူအိမ်သား အပေါင်းတို့နှင့်တကွ သခင်ဘုရားကို ယုံကြည်လေ၏။ ကောရိန္သုပြည်သား အများတို့သည်လည်း ယုံကြည်၍ ဗတ္တိဇံကိုခံကြ၏။
9
ညအခါ သခင်ဘုရားသည် ပေါလုအား ဗျာဒိတ်ရူပါရုံကိုပြ၍၊ သင်သည်မကြောက်နှင့်။ တိတ်ဆိတ်စွာ မနေနှင့်။ ဟောပြောလော့။-
10
ငါသည် သင်နှင့်အတူရှိ၏။ သင့်ကိုညှဉ်းဆဲခြင်းငှာ အဘယ်သူမျှ အနိုင်အထက်မပြုရ။ ဤမြို့၌ ငါ၏လူအများရှိကြသည်ဟု မိန့်တော်မူ၏။-
11
ပေါလုသည် ထိုမြို့သူမြို့သားတို့အား ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောသွန်သင်၍ တစ်နှစ်နှင့် ခြောက်လပတ်လုံး နေလေ၏။
12
အခါယပြည်ကို ဂါလျုန်မင်းသည် ဝန်အရာနှင့် အုပ်စိုးသောအခါ ယုဒလူများသည် တညီတညွတ်တည်း ပေါလုကို အနိုင်အထက်ပြု၍ တရားပလ္လင်ရှေ့သို့ ယူသွားပြီးလျှင်၊-
13
လူတို့သည် ဘုရားကိုမတရားသဖြင့် ကိုးကွယ်စေခြင်းငှာ၊ ဤသူသည် ဖြားယောင်းတတ်ပါသည် ဟုဆိုကြ၏။-
14
ပေါလုသည် နှုတ်ကိုဖွင့်မည်ပြုသော်၊ ဂါလျုန်မင်းက၊ အချင်း ယုဒလူတို့၊ မတရားသောအမှု၊ ဆိုးယုတ်ညစ်ညူးသောအမှုဖြစ်လျှင်၊ ငါသည်သင်တို့ကို အကြောင်းရှိသည်အတိုင်း သည်းခံရမည်။-
15
သို့မဟုတ် စကားသော်လည်းကောင်း၊ ခေါ်ဝေါ်သမုတ်ခြင်းသော်လည်းကောင်း၊ သင်တို့၏ ဘာသာတရားသော်လည်းကောင်း၊ သင်တို့သည်အစီရင်ခံလျှင် ကိုယ်အမှုကို စောင့်ကြလော့။ ထိုသို့သော အမှုကိုစီရင်ခြင်းငှာ ငါအလိုမရှိဟုဆိုလျက်၊-
16
ယုဒလူတို့ကို တရားပလ္လင်မှ ပယ်ရှားစေ၏။-
17
ထိုအခါ ဟေလသလူအပေါင်းတို့သည် တရားဇရပ်မှူး သုဿင်ကိုယူ၍ တရားပလ္လင်ရှေ့မှာ ရိုက်ကြ၏။ ထိုအမှုကိုလည်း ဂါလျုန်မင်းသည် အမှုမထားဘဲနေ၏။
18
ထိုနောက်မှပေါလုသည် တာရှည်စွာနေပြီးမှ ညီအစ်ကိုတို့ကို အခွင့်တောင်း၍ ထိုမြို့မှထွက်သွား၏။ အထက်က သစ္စာကတိပြုသည်နှင့်အညီ ကင်ခြေမြို့၌ ခေါင်းရိတ်ခြင်းကိုခံပြီးလျှင်၊ ပြစ်ကိလနှင့် အာကုလကို ခေါ်၍ ရှုရိပြည်သို့ သင်္ဘောနှင့် လွှင့်လေ၏။-
19
ဧဖက်မြို့သို့ရောက်လျှင်၊ တရားဇရပ်သို့ဝင်၍ ယုဒလူတို့နှင့် ဆွေးနွေးနှီးနှောလေ၏။-
20
ထိုသူတို့သည် မိမိတို့နှင့် အတူ ပေါလုနေပါဦးမည်အကြောင်း တောင်းပန်သောအခါ၊ ပေါလုသည် ဝန်မခံဘဲလျက်၊-
21
ယခုရောက်လုနီးသောပွဲကို ယေရုရှလင်မြို့၌ ငါအမှန်ခံရမည်။ ဘုရားသခင်အလိုတော်ရှိလျှင်၊ နောက်တစ်ဖန် သင်တို့ရှိရာသို့ ငါပြန်ဦးမည်ဟူ၍ အခွင့်တောင်းပြီးမှ၊ ပြစ်ကိလနှင့် အာကုလကို ဧဖက်မြို့၌ထား၍ သင်္ဘောနှင့် လွှင့်ပြန်လေ၏။-
22
ကဲသရိမြို့သို့ရောက်လျှင် ယေရုရှလင်မြို့သို့ တက်၍ အသင်းတော်နှင့် နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ သွားပြန်၏။-
23
ထိုမြို့၌ အတန်အရာနေပြီးလျှင်၊ ထွက်ပြန်၍ ဂလာတိပြည်၊ ဖြူဂိပြည်ကို အစဉ်အတိုင်း လျှောက်သွားသဖြင့်၊ တပည့်တော်အပေါင်း တို့ကို မြဲမြံခိုင်ခံ့စေ၏။
24
အာပေါလုအမည်ရှိသော အာလေဇန္ဒြိမြို့သား၊ ယုဒလူ တစ်ယောက်သည် ဧဖက်မြို့သို့ရောက်လာ၏။ ထိုသူသည် နှုတ်သတ္တိနှင့် ပြည့်စုံ၍ ကျမ်းစာ၌ အားကြီးသောသူဖြစ်၏။-
25
သခင်ဘုရား၏ဘာသာ၌လေ့ကျက်၍ စိတ်အားကြီးသဖြင့်၊ သခင်ဘုရား၏အကြောင်းများကို စေ့စေ့ဟောပြော၍ ဆုံးမဩဝါဒပေး၏။ သို့သော်လည်း၊ ယောဟန်၏ ဗတ္တိဇံကိုသာသိ၏။-
26
ထိုသူသည် တရားဇရပ်၌ ရဲရင့်စွာ ဟောပြောစပြုသဖြင့်၊ အာကုလနှင့် ပြစ်ကိလတို့သည် သူ၏စကားကို ကြားသောအခါ၊ သူ့ကိုယူ၍ ဘုရားသခင်၏ ဘာသာတရားကို သာ၍ သေချာစွာ သင်ကြားကြ၏။-
27
ထိုသူသည် အခါယပြည်သို့သွားခြင်းငှာ အလိုရှိသည်ဖြစ်၍၊ တပည့်တော်ချင်းတို့သည် သူ့ကိုလက်ခံမည်အကြောင်း ညီအစ်ကိုတို့သည် မှာစာကိုပေးလိုက်ကြ၏။ သူသည်ရောက်လာလျှင်၊ ကျေးဇူးတော်အားဖြင့် ယုံကြည်သောသူတို့ကို အလွန်ထောက်မလေ၏။-
28
ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို ကျမ်းစာအားဖြင့် ထင်ရှားစွာပြ၍၊ လူအပေါင်းတို့ရှေ့မှာ ယုဒလူတို့၏စကားကို အားကြီးစွာ ပယ်ဖျက်လေ၏။
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28