bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Acts 19
Acts 19
Burmese 2021
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 20 →
1
အာပေါလုသည် ကောရိန္သုမြို့၌နေစဉ်၊ ပေါလုသည် အထက်အရပ်များကို လျှောက်သွားပြီးမှ ဧဖက်မြို့သို့ရောက်၍၊ တပည့်တော် အချို့တို့ကိုတွေ့လျှင်၊-
2
သင်တို့သည် ယုံကြည်သည်နောက်၊ သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြပြီလောဟု မေးသည်ရှိသော်၊ သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မသိပါဟု ပြောဆိုကြ၏။-
3
ပေါလုကလည်း၊ သို့ဖြစ်လျှင်၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံကို ခံကြသနည်းဟု မေးလျှင်၊ ယောဟန်၏ဗတ္တိဇံကိုခံပါသည်ဟု ပြောဆိုကြ၏။-
4
ပေါလုကလည်း၊ ယောဟန်က၊ ငါ့နောက်ကြွလာသောသူကို ယုံကြည်ရမည်ဟု လူများတို့အား ပြောဆိုလျက်၊ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကို ဆိုလိုသည်၊-
5
ဟူသောစကားကို ကြားလျှင်၊ ထိုသူတို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံကို ခံကြ၏။-
6
ပေါလုသည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော်မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကိုပြော၍ ပရောဖက်ပြုကြ၏။-
7
ထိုသူတို့သည် အရေအတွက်အားဖြင့် တစ်ကျိပ်နှစ်ယောက်မျှလောက် ရှိသတည်း။
8
ထိုနောက်မှ ပေါလုသည် တရားဇရပ်သို့ဝင်၍ သုံးလပတ်လုံး ဘုရားသခင်၏ နိုင်ငံတော်အကြောင်းများကို ဆွေးနွေးနှီးနှော၍ ဖြားယောင်းသွေးဆောင်သဖြင့် ရဲရင့်စွာ ဟောပြောလေ၏။-
9
အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ၍ မယုံကြည်ဘဲနေလျက်၊ လူများရှေ့မှာ ထိုဘာသာကို ကဲ့ရဲ့သောအခါ၊ ပေါလုသည် သူတို့အထဲမှထွက်သွား၍ တပည့်တော်တို့ကို အသီးအခြား ခွဲထားပြီးမှ၊-
10
တုရန္နုအမည်ရှိသောသူ၏ စာသင်ဇရပ်၌ နှစ်နှစ်ပတ်လုံး နေ့တိုင်း ဟောပြောသောအားဖြင့်၊ အာရှိပြည်သားဖြစ်သော ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် သခင်ယေရှု၏ နှုတ်ကပတ်တရားတော်ကို ကြားရကြ၏။
11
ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန်တရာ ထူးဆန်းသောတန်ခိုးများကို ပြတော်မူသည်ဖြစ်၍၊-
12
ပေါလုသုံးသောပဝါ၊ ခါးပန်းတစ်ခုခုကို အနာရောဂါရှိသောသူတို့ဆီသို့၊ ပေးလိုက်၍၊ သူတို့သည် အနာရောဂါနှင့် ကင်းလွတ်ကြ၏။ နတ်ဆိုးတို့လည်း ထွက်သွားကြ၏။
13
ထိုအခါ အရပ်ရပ်သို့လှည့်လည်၍ ဓိဋ္ဌာန်သစ္စာပေးတတ်သော ယုဒလူအချို့တို့က၊ ပေါလုဟောပြောသော ယေရှုကို ငါတိုင်တည်၍ သင်တို့ကို ဓိဋ္ဌာန်သစ္စာပေး၏ဟု ဆိုလျက်၊ နတ်ဆိုးစွဲသော သူတို့၏အပေါ်၌ သခင်ယေရှု၏နာမတော်ကို မြွက်စမ်းကြ၏။-
14
သကေဝအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ သားခုနစ်ယောက်တို့သည် ထိုသို့ပြုကြ၏။-
15
နတ်ဆိုးကလည်း၊ ယေရှုကိုငါသိ၏။ ပေါလုကိုလည်း ငါသိ၏။ သင်တို့ကား၊ အဘယ်သူနည်းဟု ပြောဆိုပြီးလျှင်၊-
16
နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ ခုန်တက်၍နိုင်သဖြင့် လုယက်နှိပ်စက်သောကြောင့်၊ ထိုအိမ်မှ အဝတ်မပါဘဲအနာများနှင့် ထွက်ပြေးစေ၏။-
17
ထိုအကြောင်းအရာကို ဧဖက်မြို့၌နေသော ယုဒလူနှင့် ဟေလသလူအပေါင်းတို့သည် ကြားသိလျှင်၊ ကြောက်ရွံ့ခြင်းသို့ရောက်၍ သခင်ယေရှု၏ နာမတော်ကို ချီးမွမ်းကြ၏။-
18
ယုံကြည်သောသူအများတို့သည်လည်း လာ၍ မိမိတို့အကျင့်ကို ဖော်ပြလျက်တောင်းပန်ကြ၏။-
19
နတ်ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်းတို့ရှေ့မှာ မီးရှို့ကြ၏။ စာစောင်အဖိုးကို ချင့်တွက်သော်၊ ငွေအသပြာ ငါးသောင်းထိုက်သည်ကို သိကြ၏။-
20
ထိုသို့ သခင်ဘုရား၏သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။
21
ထိုနောက်မှ ပေါလုက၊ ငါသည် မာကေဒေါနိပြည်နှင့် အခါယပြည်ကို လျှောက်သွားပြီးလျှင်၊ ယေရုရှလင်မြို့သို့ သွားမည်။ ထိုမြို့သို့ ရောက်ပြီးသည်နောက်၊ ရောမမြို့ကိုမြင်ရမည်ဟု စိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊-
22
မိမိအားလုပ်ကျွေးသော သူနှစ်ယောက်၊ တိမောသေနှင့် ဧရတ္တုတို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ ခဏနေသေး၏။
23
ထိုအခါ ဘာသာတရားကြောင့် ရောက်သော အမှုကြီးဟူမူကား၊-
24
ဒေမေတရိအမည်ရှိသော ပန်းထိမ်သမားတစ်ယောက်သည် အာတေမိနတ်သမီး၏ ငွေဗိမာန်ငယ်တို့ကို လုပ်သဖြင့်၊ ပန်းထိမ်သမားတို့အား စီးပွားများကို ပြုတတ်၏။-
25
ထိုသူသည် ပန်းထိမ်သမားတို့နှင့် ထိုသို့သော အတတ်သမားများကို စုရုံးစေပြီးလျှင်၊ အချင်းလူတို့၊ ဤအတတ်ကိုအမှီပြု၍ ငါတို့၌အကျိုးစီးပွားဖြစ်သည်ကို သင်တို့သိကြ၏။-
26
ယခုတွင် ထိုပေါလုက၊ လူလက်ဖြင့် လုပ်သမျှတို့သည် ဘုရားမဟုတ်ဟုဆိုသဖြင့်၊ ဧဖက်မြို့မှစ၍ အာရှိပြည် တစ်လျှောက်လုံး ကုန်မတတ်၊ လူအပေါင်းတို့ကို ဖြားယောင်းသွေးဆောင်သည်ကို သင်တို့သည် မြင်လျက်၊ ကြားလျက်ရှိကြ၏။-
27
ထိုသို့လူများတို့သည် ငါတို့၏အတတ်ကို ကဲ့ရဲ့သည်သာမက၊ ကြီးမြတ်သော နတ်သမီးအာတေမိ၏ ဗိမာန်တော်ကို ပမာဏမပြုသဖြင့်၊ အာရှိပြည် တစ်လျှောက်လုံးမှစ၍ လောကီနိုင်ငံသားတို့ ကိုးကွယ်သော ဘုန်းအသရေတော်သည် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်စရာအကြောင်း ရှိပါသည်ဟု ပြောဆို၏။-
28
ထိုစကားကိုကြားလျှင်၊ ထိုသူတို့သည် ဒေါသအမျက်နှင့် ပြည့်သဖြင့်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ်ကြ၏။-
29
တစ်မြို့လုံး ရုန်းရင်းခတ်မျှဖြစ်၍၊ ပေါလုနှင့်အတူ ဒေသစာရီ လှည့်လည်သော မာကေဒေါနိလူ ဂါယုနှင့် အာရိတ္တာခုတို့ကို ဆွဲယူပြီးလျှင်၊ ပွဲခံရာဇရပ်ထဲသို့ ညီညွတ်စွာ တစ်ဟုန်တည်းပြေးဝင်ကြ၏။-
30
ပေါလုသည် လူစုထဲသို့ဝင်ခြင်းငှာ အလိုရှိလျှင် တပည့်တော်တို့သည် မြစ်တားကြ၏။-
31
ပေါလု၏အဆွေဖြစ်သော အာရှိပွဲမင်းအချို့ ကလည်း၊ ပွဲခံရာဇရပ်ထဲသို့ ကိုယ်ကိုမအပ်ပါနှင့်ဟု သူ့ထံသို့စေလွှတ်၍ တောင်းပန်လေ၏။-
32
စုဝေးသောလူတို့သည် ရုန်းရင်းခတ်မျှဖြစ်၍၊ တစ်ယောက်တခြားစီ အော်ဟစ်သဖြင့်၊ လူအများတို့သည် မိမိတို့စုဝေးရသည် အကြောင်းကိုပင် မိမိတို့မသိကြ။
33
ယုဒလူတို့သည် အာလေဇန္ဒြုကို အခွင့်ပေး၍ သူတစ်ပါးတို့သည် လူစုရှေ့သို့ သွားစေသဖြင့်၊ သူသည် လက်နှင့်အမှတ်ပေး၍ အပြစ်ဖြေရာစကားကို လူများတို့အား ပြောခြင်းငှာ အလိုရှိ၏။-
34
သူသည် ယုဒလူဖြစ်သည်ကို သိကြလျှင်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု နှစ်နာရီခန့်မျှလောက် လူအပေါင်းတို့သည် တစ်သံတည်းနှင့် ဟစ်ကြ၏။
35
မြို့စာရေးသည် လူများကိုတိတ်စေပြီးလျှင်၊ ဧဖက်လူတို့၊ ဧဖက်မြို့သည် ဇုသဘုရားထံမှကျသော ရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကို လုပ်ကျွေးသော ဘုရားကျွန်ဖြစ်သည်ကို မသိသောသူ တစ်စုံတစ်ယောက်ရှိသလော။-
36
ဤအရာများတို့သည် ငြင်းခုံဖွယ်မရှိသည်ဖြစ်၍၊ သင်တို့သည် တိတ်ဆိတ်စွာ နေသင့်ကြ၏။-
37
သတိနှင့်မဆင်ခြင်ဘဲ အဘယ်အမှုကိုမျှ မပြုသင့်ကြ၊ ဗိမာန်တော်ကို လုယူဖျက်ဆီးခြင်းမရှိ၊ သင်တို့၏ဘုရားကို မကဲ့ရဲ့သော ဤလူတို့ကို သင်တို့သည် ဆောင်ယူခဲ့ကြပြီတကား။-
38
ဒေမေတရိမှစ၍ သူနှင့်အတူရှိသော ပန်းထိမ်သမားတို့သည် တစ်စုံတစ်ယောက်သောသူ၌ အမှုရှိလျှင် ရုံးတော်ရှိ၏။ မြို့ဝန်မင်းလည်း ရှိ၏။ အမှုသည်ချင်း တရားတွေ့ကြစေ။-
39
သို့မဟုတ် သင်တို့သည် အခြားအမှုကို အစီရင်ခံလိုလျှင်၊ တရားသောအစည်းအဝေး၌ စီရင်ရလိမ့်မည်။-
40
ယနေ့ ရုန်းရင်းခတ်ခြင်းကို ပြုသောကြောင့် အမှုရောက်မည်ဟု စိုးရိမ်စရာရှိ၏။ အကြောင်းမူကား၊ ဤမတရားသော စည်းဝေးခြင်း အကြောင်းကို ပြောစရာ တစ်စုံတစ်ခုမျှမရှိဟု၊-
41
ဆိုပြီးလျှင် အစည်းအဝေးကိုဖျက်လေ၏။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28