bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Acts 5
Acts 5
Burmese 2021
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 6 →
1
သို့ရာတွင် အာနနိနှင့် ရှဖိရေအမည်ရှိသော လင်မယားနှစ်ယောက်တို့မူကား၊ ဥစ္စာတစ်စုံတစ်ခုကို ရောင်းပြီးလျှင်၊-
2
ထိုသူသည် မိမိခင်ပွန်းနှင့်သဘောတူလျက်၊ အဖိုး၏တစ်ဖို့ကို ထိမ်ဝှက်သဖြင့်၊ တစ်ဖို့ကိုသာယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။-
3
ပေတရုကလည်း၊ အာနနိ၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စား၍၊ မြေကိုရောင်းသော အဖိုး၏တစ်ဖို့ကို ထိမ်ဝှက်မည်အကြောင်း၊ စာတန်သည် သင်၏စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေရသနည်း။-
4
ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဖိုးသည် ကိုယ်ဥစ္စာဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ကြံစည်သနည်း။ လူကိုသာ မုသားပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသားပြောပြီဟု ပေတရုဆို၏။-
5
ထိုစကားကိုကြားလျှင်၊ အာနနိသည် လဲ၍သေ၏။ ထိုအကြောင်းအရာကို ကြားသောသူအပေါင်းတို့သည် အလွန်ကြောက်လန့်ခြင်းသို့ ရောက်ကြ၏။-
6
လုလင်တို့သည်လည်းထ၍ အလောင်းကောင်ကို အဝတ်နှင့် ပတ်ရစ်ပြီးလျှင် ဆောင်သွား၍ သင်္ဂြိုဟ်ကြ၏။
7
ထိုနောက် သုံးနာရီခန့်လောက်ကြာလျှင်၊ သူ၏ခင်ပွန်းသည် ဖြစ်ခဲ့ပြီးသော အမှုအရာကို မသိဘဲလျက် ဝင်လာ၏။-
8
ပေတရုကလည်း၊ ဤမျှလောက်နှင့် မြေကိုရောင်းသလော၊ ငါ့အားပြောလော့ဟုမေးလျှင်၊ ထိုမိန်းမက၊ ဟုတ်ပါ၏။ ဤမျှလောက်နှင့်ပင် ရောင်းပါသည်ဟုဆို၏။-
9
ပေတရုကလည်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်ကို စုံစမ်းမည်ဟု သဘောတူနှင့် အဘယ်ကြောင့် ကြံစည်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်သော သူတို့၏ခြေသည် တံခါးနားမှာရှိသည်ဖြစ်၍၊ သင့်ကိုလည်း ဆောင်သွားလေဦးမည်ဟု ဆိုသောခဏချင်းတွင်၊-
10
ထိုမိန်းမသည် ပေတရု၏ခြေရင်း၌ လဲ၍သေလေ၏။ လုလင်တို့သည်လည်း ဝင်၍ ထိုမိန်းမသေသည်ကိုတွေ့လျှင်၊ ဆောင်သွား၍သူ၏ ခင်ပွန်းအနားမှာ သင်္ဂြိုဟ်ကြ၏။-
11
သင်းဝင်သူအပေါင်းမှစ၍ ထိုအကြောင်းအရာကို ကြားရသောသူအပေါင်းတို့သည် အလွန်ကြောက်လန့်ခြင်းသို့ ရောက်ကြ၏။
12
တမန်တော်တို့သည်လည်း လူများရှေ့မှာ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုအရာများကို ပြုကြ၏။ ထိုသူအပေါင်းတို့သည် ရှောလမုန်ကနားပြင်၌ တညီတညွတ်တည်း နေကြသဖြင့်၊-
13
ကြွင်းသောသူ တစ်စုံတစ်ယောက်မျှ မပေါင်းဖော်ဝံ့သော်လည်း၊ လူများတို့သည် ကောင်းချီးပေးကြ၏။-
14
သခင်ဘုရား၌ယုံကြည်သော ယောက်ျား၊ မိန်းမ၊ အပေါင်းတို့သည် သင်းဝင်ကြ၏။-
15
ပေတရုသည် လမ်း၌လျှောက်သွားစဉ်၊ အနာစွဲသောသူတို့တွင် တစ်ယောက်ယောက်ကို သူ၏အရိပ်လွှမ်းမိုးစေခြင်းငှာ၊ လူနာတို့ကို လမ်းနားသို့ထုတ်၍ ခုတင်မွေ့ရာပေါ်မှာ ထားကြ၏။-
16
ပတ်လည်ဝန်းကျင်၌ရှိသော မြို့သူရွာသား အပေါင်းတို့သည် အနာစွဲသောသူ၊ နတ်ဆိုးညှဉ်းဆဲသောသူတို့ကို ဆောင်ခဲ့လျက်၊ ယေရုရှလင်မြို့သို့ စုဝေးလာကြ၍၊ ထိုလူနာအပေါင်းတို့သည် အနာကင်းလွတ်ခြင်းသို့ ရောက်ကြ၏။
17
ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် ဇဒ္ဒုကဲဖြစ်သော ထိုမင်း၏ အပေါင်းအဖော်ရှိသမျှတို့သည် ထ၍ ဒေါသအမျက်နှင့် ပြည့်ကြသဖြင့်၊-
18
တမန်တော်တို့ကိုဖမ်းဆီး၍ ထောင်ထဲ၌ လှောင်ထားကြ၏။-
19
ညအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးကိုဖွင့်ပြီးလျှင်၊ ထိုသူတို့ကိုနုတ်၍၊ သင်တို့သွားကြလော့။-
20
ဗိမာန်တော်၌ ရပ်၍ အသက်ရှင်ခြင်း တရားစကားအလုံးစုံကို လူများတို့အား ဟောပြောကြလော့ဟု မှာထား၏။ ထိုစကားကိုကြားလျှင်၊ နံနက်စောစော ဗိမာန်တော်သို့ဝင်၍ ဆုံးမဩဝါဒပေးကြ၏။
21
ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်တို့သည် လာကြသဖြင့်၊ လွှတ်အရာရှိမှစ၍ ဣသရေလလူတို့တွင် အသက်ကြီးသော သူအပေါင်းတို့ကို စုဝေးစေပြီးမှ၊ တမန်တော်တို့ကိုခေါ်စေခြင်းငှာ လုလင်တို့ကို ထောင်သို့ စေလွှတ်ကြ၏။-
22
မင်းလုလင်တို့သည် ထောင်သို့ရောက်လျှင်၊ တမန်တော်တို့ကို ထောင်ထဲမှာ မတွေ့သည်ရှိသော် ပြန်ကြ၍၊-
23
ထောင်တံခါးလည်း အထူးသဖြင့် လုံခြုံစွာပိတ်လျက်၊ ထောင်ကိုစောင့်သောသူတို့လည်း တံခါးပြင်မှာ ရပ်လျက်ရှိကြသည်ကို အကျွန်ုပ်တို့သည်တွေ့ပါ၏။ ဖွင့်ပြီးမှ အထဲ၌ အဘယ်သူကိုမျှမတွေ့ပါဟု ကြားလျှောက်ကြ၏။-
24
ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန်တော်မှူးအစရှိသော ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုစကားကို ကြားလျှင်၊ ထိုအမှုသည် အဘယ်သို့သောအမှု ဖြစ်လိမ့်မည်နည်းဟူ၍ တွေးတောခြင်းရှိကြ၏။-
25
ထိုအခါ လူတစ်ယောက်သည်လာ၍ ထောင်ထဲမှာ လှောင်ထားသောသူတို့သည် ဗိမာန်တော်၌ရပ်လျက်၊ လူများတို့အား ဆုံးမဩဝါဒ ပေးကြပါသည်ဟု လျှောက်လေ၏။
26
ထိုအခါ ဗိမာန်တော်မှူးသည် မင်းလုလင်တို့နှင့်အတူ သွားပြန်လျှင်၊ မိမိတို့ကို လူများတို့သည် ကျောက်ခဲနှင့်ပစ်မည်ကို စိုးရိမ်သောကြောင့်၊ တမန်တော်တို့ကို အနိုင်အထက်မပြုဘဲ ခေါ်ဆောင်လေ၏။-
27
ထိုသို့ ခေါ်ဆောင်ပြီးလျှင်၊ လွှတ်အရာရှိတို့ ရှေ့မှာထား၍ ယဇ်ပုရောဟိတ်မင်းက၊-
28
ထိုနာမကိုအမှီပြု၍ မဆုံးမ မသွန်သင်မည်အကြောင်း ငါတို့သည်သင်တို့အား၊ ကျပ်တည်းစွာ စီရင်မှာထားသည် မဟုတ်လော။ ယခု ကြည့်ကြ။ ယေရုရှလင်မြို့ကို သင်တို့အယူဝါဒနှင့် ပြည့်စေသည်ဖြစ်၍၊ ငါတို့အပေါ်သို့ ထိုသူ၏အသွေးကို ရောက်စေခြင်းငှာ သင်တို့ ကြံစည်ပါသည်တကားဟု မေးမြန်းပြောဆိုကြ၏။-
29
ပေတရုနှင့် အခြားသော တမန်တော်တို့ကလည်း၊ လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏။-
30
သင်တို့သည် သစ်တိုင်၌ဆွဲ၍ ကွပ်မျက်သောယေရှုကို ငါတို့ ဘိုးဘေးများ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ။-
31
ဣသရေလလူတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်းအခွင့်ကို ပေးစေခြင်းငှာ၊ ထိုသူကို အစိုးရသော အရှင်အရာ၌လည်းကောင်း၊ ကယ်တင်သော သခင်အရာ၌လည်းကောင်း၊ ဘုရားသခင်ခန့်ထား၍ မိမိလက်ယာလက်တော်နှင့် ချီးမြှင့်တော်မူပြီ။-
32
ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်းကို ငါတို့သည် သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏ စကားတော်ကို နားထောင်သော သူတို့အား ပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ၏။
33
ထိုစကားကိုကြားလျှင်၊ ထိုသူတို့နှလုံးသည် ကွဲပြတ်မတတ်ဖြစ်၍၊ တမန်တော်တို့ကို ကွပ်မျက်ခြင်းငှာ အချင်းချင်း တိုင်ပင်ပြောဆိုကြ၏။-
34
ထိုအခါ လူအပေါင်းတို့ ရိုသေသောသူ၊ ဂါမလျေလအမည်ရှိသော နိဿရည်းဆရာ၊ ဖာရိရှဲတစ်ယောက်သည် လွှတ်တော်ပေါ်၌ထ၍၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင်၊-
35
ဣသရေလလူတို့၊ ဤသူတို့အား အဘယ်သို့ပြုမည်အရာကို သတိနှင့်ဆင်ခြင်ကြလော့။-
36
အကြောင်းမူကား၊ အထက်က သုဒအမည်ရှိသော သူတစ်ယောက်သည် ထသဖြင့်၊ ငါသည် လူသာမညမဟုတ်ဟု ဆိုသည်ဖြစ်၍၊ သူ၌ လူလေးရာမျှလောက် ဆည်းကပ်ကြ၏။ ထိုသူသည် ပျက်စီးခြင်းသို့ရောက်၍ သူ့ကိုယုံကြည်သမျှသော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ၏။-
37
ထိုသူနောက် ငွေတော်ခွဲစဉ်ကာလ၊ ယုဒအမည်ရှိသော ဂါလိလဲလူတစ်ယောက်သည်လည်း ထ၍၊ မိမိနောက်သို့ လူများကိုသွေးဆောင်လေ၏။ ထိုသူသည်လည်း ပျက်စီးခြင်းသို့ရောက်၍၊ သူ့ကိုယုံကြည်သမျှသောသူတို့သည် ပျောက်လွင့်ကြ၏။-
38
ယခုလည်း ဤသူတို့ကို ရှောင်ရှား၍ အလိုအလျောက်ရှိကြပါစေဟု ငါဆို၏။ ဤအကြံ ဤအမှုသည် လူ၏အကြံ လူ၏အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။-
39
ဘုရားသခင်၏အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူမဖြစ်မည်အကြောင်း သတိပြုကြလော့ဟု ပြောဆို၏။-
40
ထိုစကားကို နားထောင်ကြသဖြင့်၊ တမန်တော်တို့ကိုခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကို အမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား၍ လွှတ်ကြ၏။-
41
တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက်ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။-
42
ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28