bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Acts 27
Acts 27
Burmese 2021
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 28 →
1
ထိုအခါငါတို့သည် ဣတလိပြည်သို့သင်္ဘောနှင့် ကူးရမည့်အကြောင်းကို စီရင်ပြီးမှ၊ ယုလိအမည်ရှိသော ဩဂုတ္တုတပ်နှင့်ဆိုင်သော တပ်မှူး၌ ပေါလုမှစ၍ အကျဉ်းခံသောအခြားသူတို့ကို အပ်ကြ၏။-
2
အာဒြမုတ္တိ သင်္ဘောကိုစီး၍ အာရှိပြည်နားသို့ လျှောက်သွားမည်အကြံနှင့် လွှင့်ကြ၏။ အာရိတ္တခုအမည်ရှိသော မာကေဒေါနိပြည်သက်သာလောနိတ်မြို့သားသည် ငါတို့နှင့်ပါ၏။-
3
နက်ဖြန်နေ့တွင် ဇိဒုန်မြို့၌ဆိုက်ကြပြီးလျှင်၊ ပေါလုသည် မိမိအဆွေခင်ပွန်းတို့ထံသို့သွား၍ သူတို့၏လုပ်ကျွေးပြုစုခြင်းကို ခံရမည်အကြောင်း၊ ယုလိသည် ကျေးဇူးပြု၍ အခွင့်ပေးလေ၏။-
4
ထိုမြို့မှထွက်၍ လေမသင့်သောကြောင့်၊ ကုပရုကျွန်းမြောက်ဘက်နားသို့လျှောက်သွားသဖြင့် ကိလိကိပြည်၊-
5
ပမ်ဖုလိပြည်နှင့် စပ်သောပင်လယ်ကိုကူး၍၊ လုကိပြည်၊ မုရမြို့သို့ ရောက်ကြ၏။-
6
ထိုမြို့၌ ဣတလိပြည်သို့ ကူးသော အာလေဇန္ဒြိ သင်္ဘောကို တပ်မှူးသည်တွေ့၍၊ ထိုသင်္ဘောထဲသို့ ငါတို့ကို သွင်းထားလေ၏။-
7
နှေးနှေးသာသွား၍ နေ့ရက်ကာလကြာသောအခါ၊ ပင်ပန်းစွာ ကြိုးစား၍ ကနိဒ်မြို့နှင့်တည့်တည့်ရောက်ပြီးမှ၊ လေမသင့်သောကြောင့် ကရေတေကျွန်း အရှေ့ဘက်၊ သာလမုန်အငူနှင့်တည့်တည့်သို့ ပင်ပန်းစွာ လျှောက်သွား၍၊-
8
လာသဲမြို့နှင့်အနီး၊ ကာလုလိမင်းအမည်ရှိသော အရပ်သို့ ရောက်ကြ၏။
9
ကာလကြာသည်ရှိသော်၊ ကြီးစွာသောဥပုသ်နေ့လွန်၍ ပင်လယ်မကူးသင့်သော လဥတုအချိန်ဖြစ်သည်ကို ပေါလုသည် ထောက်၍၊-
10
အချင်းလူတို့၊ ယခုမှာပင်လယ်ကူးလျှင် သင်္ဘောနှင့်ကုန်များတို့သည် ဆုံးရှုံးသည်သာမက၊ ငါတို့ အသက်ပျက်စီးရာသော ဘေးအန္တရာယ်ရောက်မည်ကို ငါထင်မြင်သည်ဟု သတိပေး၏။-
11
သို့သော်လည်း၊ တပ်မှူးသည် ပေါလုစကားကို နားမထောင်ဘဲ၊ တက်မကိုင်စကားနှင့် သင်္ဘောသူကြီး စကားကို နားထောင်၏။-
12
ထိုမြို့ဆိပ်၌ ဆောင်းကာလပတ်လုံး မနေသင့်သောကြောင့် တစ်ဖန်လွှတ်ပြန်၍ ဖိနိတ်မြို့ဆိပ်သို့မီနိုင်လျှင်၊ ထိုဆိပ်၌ ဆောင်းကာလကို လွန်စေသော် သာ၍ကောင်းမည်ဟု လူအများတို့သည် ဆိုကြ၏။ ဖိနိတ်ဆိပ်ကား ကရေတေကျွန်း၌ ရှိ၏။ အနောက်မြောက်သို့လည်းကောင်း၊ အနောက်တောင်သို့လည်းကောင်း မျက်နှာပြု၏။
13
တောင်လေသည် ဖြည်းညင်းစွာလာသောအခါ၊ ယခုမီနိုင်သည်ဟု စိတ်ထင်နှင့်လွှင့်၍၊ ကရေတေကျွန်းနားသို့ လျှောက်သွားကြ၏။-
14
ကာလမကြာမမြင့်မီ ဥရုကလုဒုန် အမည်ရှိသော လေပြင်းမုန်တိုင်းသည် သင်္ဘောကို တိုက်၍၊-
15
တစ်ဟုန်တည်း ဆောင်သွားသဖြင့်၊ သင်္ဘောသည် ထိုလေကိုမခံနိုင်သောကြောင့်၊ ငါတို့သည် အားလျော့၍ လေတိုက်ရာသို့ ပါလွင့်ကြ၏။-
16
ကလောဒေကျွန်းနားမှာ ပြေးစဉ်တွင်၊ သမ္ဗန်ကို မပျက်စေခြင်းငှာ ပင်ပန်းစွာ ကြိုးစား၍၊-
17
သင်္ဘောပေါ်သို့ တင်ပြီးလျှင်၊ သင်္ဘောကိုခိုင်ခံ့စေခြင်းငှာ ကြိုးနှင့်ပတ်စည်းကြ၏။ သောင်ပေါ်မှာ တင်မည်ကိုလည်း စိုးရိမ်သောကြောင့် ရွက်ကိုသိမ်းသဖြင့် လေတိုက်ရာသို့ပါလွင့်ကြ၏။-
18
လှိုင်းထအားကြီးသောကြောင့် အလွန်တုန်လှုပ်၍၊ နက်ဖြန်နေ့၌ ဝန်ကိုထုတ်ပစ်ကြ၏။-
19
သုံးရက်မြောက်သောနေ့၌ သင်္ဘောတန်ဆာများကို ကိုယ်လက်နှင့် ကိုင်ယူ၍ ပစ်လိုက်ကြ၏။-
20
နေ၊ လ၊ ကြယ်နက္ခတ်တို့ကို တာရှည်စွာ မမြင်ရ၍ မိုးသက်မုန်တိုင်း အားကြီးသေးသဖြင့်၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မျှော်စရာအခွင့် အလျှင်းမရှိ။
21
အစာကိုမစားဘဲ ကြာမြင့်စွာ နေကြပြီးမှ၊ ပေါလုသည် ထိုသူတို့၏ အလယ်၌ထ၍၊ အချင်းလူတို့၊ ငါ့စကားကို နားထောင်၍ ကရေတေကျွန်းမှ မလွှင့်ဘဲနေလျှင် ဤပျက်စီးဆုံးရှုံးခြင်းနှင့် ကင်းလွတ်ရကြ၏။-
22
ယခုတွင် စိတ်သက်သာခြင်းရှိကြလော့။ အကြောင်းမူကား၊ သင်္ဘောဆုံးခြင်းမှတစ်ပါး သင်တို့တွင် အဘယ်သူမျှ အသက်မဆုံးရ၊-
23
အဘယ်ကြောင့်နည်းဟူမူကား၊ ငါ့ကိုပိုင်တော်မူ၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကောင်းကင်တမန်သည် ယနေ့ညတွင် ငါ့အနားမှာ ပေါ်လာလျက်၊-
24
ပေါလု၊ သင်သည် မစိုးရိမ်နှင့်။ ကဲသာဘုရင်ရှေ့သို့ ရောက်ရမည်။ သင်နှင့်အတူ ပင်လယ်ကူးသော သူအပေါင်းတို့ကို ဘုရားသခင်သည် သင့်အားပေးတော်မူပြီဟု ဆို၏။-
25
ထိုကြောင့် အချင်းလူတို့ သက်သာခြင်း ရှိကြလော့။ ငါ့အား မိန့်တော်မူသည်အတိုင်း ဖြစ်လိမ့်မည်ဟု ငါသည်ဘုရားသခင်ကို အမှီပြု၍ ယုံခြင်းရှိ၏။-
26
သို့သော်လည်း တစ်စုံတစ်ခုသောကျွန်းပေါ်မှာ သင်္ဘောတင်၍ ပျက်ရမည်ဟု ပေါလုဆို၏။
27
တစ်ဆယ်လေးရက်မြောက်သောနေ့ ညရောက်သောအခါ၊ ငါတို့သည် အာဒြိပင်လယ်တွင် အရပ်လေးမျက်နှာသို့ လူးလာသွားကြစဉ်၊ သန်းခေါင်အချိန်၌ တစ်စုံတစ်ခုသော ကမ်းအနီးသို့ ရောက်လုသည်ဟု သင်္ဘောသားတို့သည် ထင်မှတ်သဖြင့်၊-
28
ရေကိုစမ်းလျှင် အလံနှစ်ဆယ်ရှိသည်ကို တွေ့ကြ၏။ ထိုမှ စိုးစည်းလွန်ပြန်လျှင်၊ တစ်ဖန်ရေကိုစမ်း၍ တစ်ဆယ်ငါးလံရှိသည်ကို တွေ့ကြ၏။-
29
ကျောက်ကို တိုက်မိမည်စိုးရိမ်သောကြောင့် သင်္ဘောပဲ့မှ ကျောက်ဆူးလေးလက်ကိုချ၍ မိုးလင်းပါစေဟု ဆုတောင်းကြ၏။-
30
သင်္ဘောသားတို့သည် သင်္ဘောကို စွန့်သွားမည်ဟု အကြံရှိသည်နှင့် သင်္ဘောဦးသို့သွား၍ ကျောက်ဆူး ချဟန်ပြုလျက် သမ္ဗန်ကိုလျှော့စဉ်တွင်၊-
31
ပေါလုက၊ ဤသူတို့သည် သင်္ဘောပေါ်၌ မနေလျှင် သင်တို့သည် ချမ်းသာမရနိုင်ကြဟု တပ်မှူးမှစ၍ စစ်သူရဲတို့အား ဆို၏။-
32
ထိုအခါ စစ်သူရဲတို့သည် သမ္ဗန်ကြိုးကို ခုတ်ဖြတ်၍ ချလိုက်ကြ၏။
33
မိုးလင်းလုသောအခါ အစာကိုစားစေခြင်းငှာ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက်၊ သင်တို့သည် တစ်ဆယ်လေးရက်ပတ်လုံး မျှော်လင့်၍ ယနေ့တိုင်အောင် အစာမစားဘဲ ငတ်မွတ်လျက်နေကြ၏။-
34
ထိုကြောင့် အစာစားကြလော့။ စားလျှင် ချမ်းသာရခြင်းအကြောင်း ဖြစ်လိမ့်မည်။-
35
သင်တို့ဆံခြည်တစ်ပင်မျှ မပျက်စီးရဟုဆိုပြီးလျှင်၊ ပေါလုသည် မုန့်ကိုယူ၍ ထိုသူများရှေ့၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ စားလေ၏။-
36
ထိုသူအပေါင်းတို့သည်လည်း စိတ်သက်သာခြင်းရှိ၍ အစာကို စားကြ၏။-
37
ထိုသင်္ဘော၌ ပါသောသူများတို့သည် အရေအတွက်အားဖြင့် နှစ်ရာခုနစ်ကျိပ်ခြောက်ယောက် ရှိသတည်း။-
38
ဝစွာစားပြီးမှ ဆန်စပါးကို ပင်လယ်ထဲသို့ပစ်ချ၍ သင်္ဘောကို ပေါ့စေကြ၏။
39
မိုးလင်းသောအခါ ထိုအရပ်ကို မသိသော်လည်း၊ ထောင့်ကွေ့တစ်ခု၌ သင်္ဘောဆိပ်ရှိသည်ကို မြင်သောကြောင့်၊ သင်္ဘောကို အထဲသို့သွင်းနိုင်လျှင် သွင်းမည်ဟု အကြံရှိကြ၏။-
40
ကျောက်ဆူးတို့ကို လွှတ်၍ ပင်လယ်ထဲသို့ ချလိုက်ပြီးမှ တက်မတို့ကို ဆိုင်းသောကြိုးများကို ဖြည်၍၊ ရွက်ကိုလေ၌ ဖြန့်ဖွင့်လျက် ကမ်းနားသို့ တိုက်သွားကြ၏။-
41
ရေဆိုင်ရာသို့ရောက်လျှင်၊ သင်္ဘောကို သောင်ပေါ်မှာ တင်စေ၍ ဦးမလှုပ်ဘဲနေသဖြင့် ပဲ့ကိုလှိုင်းတံပိုး ရိုက်သောကြောင့် ကျိုး၏။-
42
ထိုအခါ အကျဉ်းခံသောသူတို့သည် ကုန်းသို့ကူး၍ ပြေးမည်ကို စိုးရိမ်သောကြောင့် စစ်သူရဲတို့သည် သတ်မည်ဟုအကြံရှိကြ၏။-
43
တပ်မှူးသည်ပေါလုကို ချမ်းသာစေခြင်းငှာ အလိုရှိသဖြင့်၊ စစ်သူရဲတို့၏အကြံကိုမြစ်တား၍၊ ကူးနိုင်သော သူတို့သည် အရင်ဆင်း၍ ကုန်းသို့ သွားစေခြင်းငှာလည်းကောင်း၊-
44
ကြွင်းသောသူတို့သည် ပျဉ်ပြားမှစ၍ သင်္ဘောတန်ဆာများကို စီးစေခြင်းငှာလည်းကောင်း စီရင်လေ၏။ ထိုသို့ လူအပေါင်းတို့သည် ဘေးနှင့် လွတ်၍ ကုန်းပေါ်သို့ ရောက်ကြ၏။
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28