bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Exodus 16
Exodus 16
Burmese 2021
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 17 →
1
တစ်ဖန် ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ ဧလိမ်အရပ်မှထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တုပြည်မှထွက်သွားသောနောက်၊ ဒုတိယလဆယ်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင်စပ်ကြားမှာ သိန်တောသို့ရောက်ကြ၏။
2
ထိုတော၌ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့က၊
3
ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသားချက်သောအိုးကင်းနားမှာထိုင်၍ ဝစွာစားရသောအခါ၊ ထာဝရဘုရား၏လက်တော်ဖြင့်သေလျှင် သာ၍ကောင်း၏။ ယခုမူကား၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်းတို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ၊ ဤတောအရပ်သို့ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင်၍ မြည်တမ်းလျက်ဆိုကြ၏။
4
ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဖို့ မိုးကောင်းကင်က မုန့်မိုးကိုရွာစေမည်။ လူတို့သည်နေ့တိုင်းထွက်၍ တစ်နေ့စားလောက်အောင် သိမ်းယူရကြမည်။ ငါ၏တရားအတိုင်းကျင့်မည်လော၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကိုငါစုံစမ်းမည်။
5
နေ့တိုင်းသိမ်းယူသောအရာထက်၊ ခြောက်ရက်မြောက်သောနေ့၌ နှစ်ဆကို သိမ်းယူ၍ပြင်ရကြမည်ဟု မောရှေအားမိန့်တော်မူ၏။
6
မောရှေနှင့်အာရုန်တို့ကလည်း၊ ထာဝရဘုရားသည် သင်တို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်တော်မူသည်ဟု ယနေ့ညဉ့်ဦးယံ၌ သင်တို့သိကြလိမ့်မည်။
7
နံနက်ယံ၌လည်း၊ ထာဝရဘုရား၏ဘုန်းတော်ကို မြင်ရကြလိမ့်မည်။ ထာဝရဘုရားကိုအပြစ်တင်လျက် မြည်တမ်းကြသောအသံကိုကြားတော်မူပြီ။ ငါတို့ကို အပြစ်တင်လျက် မြည်တမ်းစေခြင်းငှာ၊ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အားဆိုလေ၏။
8
တစ်ဖန်လည်းမောရှေက၊ ထာဝရဘုရားသည် ညဉ့်ဦးယံ၌ သင်တို့စားစရာအမဲသားကိုလည်းကောင်း၊ နံနက်ယံ၌ဝလောက်အောင် မုန့်ကိုလည်းကောင်း ပေးတော်မူသောအခါ၊ ဤစကားပြည့်စုံလိမ့်မည်။ သင်တို့သည် အပြစ်တင်လျက်မြည်တမ်းကြသောအသံကို ထာဝရဘုရားကြားတော်မူပြီ။ ငါတို့သည် အဘယ်သို့သောသူဖြစ်သနည်း။ သင်တို့သည်အပြစ်တင်လျက် မြည်တမ်းကြသော စကားသည်၊ ငါတို့ကိုမထိမခိုက်၊ ထာဝရဘုရားကိုထိခိုက်သည်ဟု ဆိုလေ၏။
9
တစ်ဖန်သင်တို့သည်အပြစ်တင်လျက်၊ မြည်တမ်းသောအသံကို ထာဝရ ဘုရားကြားတော်မူသည်ဖြစ်၍၊ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကို မှာထားသည်အတိုင်း၊
10
အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုသောအခါ၊ သူတို့သည် တောသို့မျှော်ကြည့်၍၊ မိုးတိမ်၌ထင်ရှားသော ထာဝရဘုရား၏ဘုန်းတော်ကို မြင်ရကြ၏။
11
ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည် အပြစ်တင်လျက် မြည်တမ်းသောအသံကိုငါကြားရပြီ။
12
ညဉ့်ဦးယံ၌ သင်တို့သည်အမဲသားကို စားရကြလိမ့်မည်။ နံနက်ယံ၌လည်း မုန့်နှင့်ဝရကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သိကြလိမ့်မည်ဟု သူတို့ကိုပြောလော့ဟု မောရှေအားမိန့်တော်မူ၏။
13
ညဉ့်ဦးယံ၌ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြားတက်လာကြ၏။ နံနက်ယံ၌လည်း တပ်ပတ်လည်အရပ်ရပ်တွင် နှင်းကျလျက်ရှိ၏။
14
နှင်းတက်ပြီးသောအခါ၊ နှင်းခဲကဲ့သို့ သေးသေးလုံးလုံးအရာသည် မြေမျက်နှာပေါ်မှာရှိရစ်လေ၏။
15
ထိုအရာကို ဣသရေလအမျိုးသားတို့သည်မြင်သောအခါ၊ အဘယ်အရာနည်းဟု မသိသောကြောင့်၊ တစ်ယောက်ကိုတစ်ယောက်မေးကြ၏။ မောရှေကလည်း၊ ဤအရာသည်သင်တို့စားစရာဖို့ ထာဝရဘုရား ပေးသနားတော်မူသောမုန့်ဖြစ်၏။
16
လူတိုင်း မိမိတဲ၌ရှိသောသူအရေအတွက်နှင့်အညီ၊ လူအသီးအသီးစားလောက်အောင် တစ်ယောက်တစ်ဩမဲစီ သိမ်းယူကြလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
17
ဣသရေလအမျိုးသားတို့သည်ထိုသို့ပြု၍၊ အနည်းအများအလိုက် သိမ်းယူကြ၏။
18
ဩမဲတောင်းနှင့်ခြင်ကြသောအခါ၊ များများရသောသူမပို၊ နည်းနည်းရသောသူ မလို၊ အသီးအသီးတို့သည် စားလောက်အောင်သိမ်းယူကြ၏။
19
မောရှေကလည်း၊ နံနက်တိုင်အောင် အဘယ်သူမျှမကျန်စေနှင့်ဟု ဆိုသော်လည်း၊
20
အချို့တို့သည် မောရှေစကားကိုနားမထောင်ဘဲ၊ နံနက်တိုင်အောင် ကျန်စေသဖြင့်၊ ပိုးဖြစ်၍နံလေသော်၊ မောရှေသည် အမျက်ထွက်၏။
21
ထိုသူအသီးအသီးတို့သည် နေ့တိုင်းမိမိတို့စားလောက်သမျှကို သိမ်းယူကြ၏။ နေပူသောအခါအရေဖြစ်လေ၏။
22
ခြောက်ရက်မြောက်သောနေ့၌၊ မုန့်နှစ်ဆတည်းဟူသော တစ်ယောက်နှစ်ဩမဲစီ သိမ်းရကြ၏။ ထိုအကြောင်းကို ပရိသတ်အုပ်အပေါင်းတို့သည် မောရှေအားကြားပြောလေ၏။
23
သူကလည်း၊ နက်ဖြန်နေ့သည် ထာဝရဘုရားရှေ့၌ သန့်ရှင်းသောဥပုသ်နေ့၊ ငြိမ်ဝပ်စွာနေရသောနေ့ဖြစ်၏။ မုန့်ကိုပေါင်းချင်သည်အတိုင်း ပေါင်းကြလော့။ ပြုတ်ချင်သည်အတိုင်းပြုတ်ကြလော့။ ကျန်သောအရာကို နံနက်တိုင်အောင်စောင့်၍ သိုထားကြလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
24
မောရှေမှာထားသည်အတိုင်း၊ နံနက်တိုင်အောင်သိုထားကြ၏။ နံခြင်းနှင့်ကင်းလွတ်၏။ ပိုးလည်းမရှိ။
25
မောရှေကလည်း၊ ကျန်သောအရာကို ယနေ့စားကြလော့။ ယနေ့သည် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။ ယနေ့တွင် ထိုအရာကိုတော၌မတွေ့ရ။
26
ခြောက်ရက်ပတ်လုံးသိမ်းယူရကြ၏။ ဥပုသ်နေ့တည်းဟူသော ခုနစ်ရက်မြောက်သောနေ့တွင် မရှိမတွေ့ရဟုဆိုလေ၏။
27
ခုနစ်ရက်မြောက်သောနေ့၌၊ အချို့တို့သည်သိမ်းယူခြင်းငှာ ထွက်သွားရာတွင်၊ ရှာ၍မတွေ့ရကြ။
28
ထာဝရဘုရားကလည်း၊ သင်တို့သည်ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြလိမ့်မည်နည်း။
29
ထာဝရဘုရားသည်ဥပုသ်နေ့ကို သင်တို့အားပေးတော်မူပြီ။ ထိုကြောင့် ခြောက်ရက်မြောက်သောနေ့၌ နှစ်ရက်အတွက်မုန့်ကိုပေးတော်မူ၏။ လူတိုင်း မိမိနေရာ၌နေစေ၊ ခုနစ်ရက်မြောက်သောနေ့၌ မိမိနေရာမှ အဘယ်သူမျှ မသွားစေနှင့်ဟု မောရှေအားမိန့်တော်မူ၏။
30
ထိုကြောင့် လူများတို့သည်ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေကြ၏။
31
ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္နဟုခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့်ရောသောမုန့်ကြွပ်နှင့် အရသာတူ၏။
32
မောရှေကလည်း၊ သင်တို့ကိုအဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သောအခါ၊ တော၌ သင်တို့အားကျွေးသောမုန့်ကို၊ သင်တို့အမျိုးအစဉ်အဆက်တို့သည် မြင်စေခြင်းငှာ၊ သူတို့အဖို့သိုထားရသော ဩမဲတစ်ဩမဲကို ဖြည့်ကြလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
33
တစ်ဖန်အာရုန်ကိုလည်း၊ အိုးတစ်လုံးကိုယူ၍ မန္နတစ်ဩမဲကိုအပြည့်ထည့်ပြီးလျှင်၊ သင်တို့လူမျိုးအစဉ်အဆက်ဖို့စောင့်စေခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ သိုထားလော့ဟုဆို၍၊
34
မောရှေကို ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှာ၊ သက်သေတော်ရှေ့မှာသိုထားလေ၏။
35
ဣသရေလအမျိုးသားတို့သည်၊ လူနေရာပြည်သို့မရောက်မီတိုင်အောင်၊ အနှစ်လေးဆယ်ပတ်လုံး မန္နကိုစားကြ၏။ ခါနာန်ပြည်နယ်နိမိတ်သို့ မရောက်မီတိုင်အောင် မန္နကိုစားကြ၏။
36
ဩမဲမူကား၊ ဧဖာဆယ်စုတစ်စုဖြစ်သတည်း။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40