bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Exodus 17
Exodus 17
Burmese 2021
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 18 →
1
ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ သိန်တောထဲကထွက်၍ခရီးသွားသဖြင့်၊ ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်၌ လူများသောက်ဖို့ရာရေမရှိ။
2
ထိုကြောင့်လူများတို့က၊ သောက်ဖို့ရေပေးပါဟုဆို၍ မောရှေကိုရန်တွေ့ကြ၏။ မောရှေကလည်း၊ ငါ့ကို အဘယ်ကြောင့်ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့် စုံစမ်းကြသနည်းဟုဆိုလေ၏။
3
လူများတို့သည်ရေငတ်၍ မောရှေကို အပြစ်တင်မြည်တမ်းလျက်၊ ငါတို့မှစ၍ သားသမီးတိရစ္ဆာန်တို့ကို အငတ်ထား၍ သတ်ခြင်းအလိုငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့်ဆောင်ခဲ့သနည်းဟု ဆိုကြ၏။
4
ထိုအခါ မောရှေသည် ထာဝရဘုရားအားအော်ဟစ်၍၊ ဤလူတို့အား အကျွန်ုပ်သည် အဘယ်သို့ပြုရပါမည်နည်း။ အကျွန်ုပ်ကို ခဲနှင့်ပစ်လုကြပါပြီဟု လျှောက်လေ၏။
5
ထာဝရဘုရားကလည်း၊ လူများရှေ့သို့သွား၍ ဣသရေလအမျိုး အသက်ကြီးသူတို့ကိုခေါ်လော့။ မြစ်ကိုရိုက်သော သင်၏လှံတံကိုကိုင်လျက်၊ ဟောရပ်အရပ်သို့သွားလော့။
6
ထိုအရပ်၌ရှိသောကျောက်ပေါ်တွင် သင့်ရှေ့မှာငါရပ်နေမည်။ သင်သည် ထိုကျောက်ကိုရိုက်ရမည်။ လူများသောက်ဖို့ ထိုကျောက်ထဲက ရေထွက်လိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ မောရှေသည်လည်း ဣသရေလအမျိုး အသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ၏။
7
ဣသရေလအမျိုးသားတို့က၊ ထာဝရဘုရားသည် ငါတို့တွင်ရှိသလော၊ မရှိလောဟု ထာဝရဘုရားကိုစုံစမ်း၍ ရန်တွေ့သောအကြောင်းကြောင့်၊ ထိုအရပ်ကို မဿာနှင့်မေရိဘဟု သမုတ်သတည်း။
8
ထိုအခါ အာမလက်လူတို့သည်လာ၍၊ ရေဖိဒိမ်အရပ်၌ ဣသရေလလူတို့ကို စစ်တိုက်ကြ၏။
9
မောရှေကလည်း၊ လူတို့ကိုရွေး၍ အာမလက်လူတို့ကို စစ်တိုက်ခြင်းငှာ ထွက်လော့။ နက်ဖြန်နေ့၌ ဘုရားသခင်၏လှံတံကိုကိုင်လျက်၊ တောင်ထိပ်ပေါ်မှာ ငါရပ်နေမည်ဟု ယောရှုအားဆို၏။
10
မောရှေမှာလိုက်သည်အတိုင်း ယောရှုပြု၍၊ အာမလက်လူတို့ကို စစ်တိုက်လေ၏။ မောရှေ၊ အာရုန်၊ ဟုရတို့သည် တောင်ထိပ်ပေါ်သို့တက်ကြ၏။
11
မောရှေသည် လက်ကိုချီသောအခါ၊ ဣသရေလလူတို့သည် နိုင်ကြ၏။ လက်ကိုချသောအခါ၊ အာမလက်လူတို့သည်နိုင်ကြ၏။
12
သို့ရာတွင် မောရှေ၏လက်သည်ညောင်းသောကြောင့်၊ သူတို့သည် ကျောက်ကိုယူ၍ မောရှေကိုထိုင်စေပြီးလျှင်၊ အာရုန်နှင့် ဟုရတို့သည် တစ်ယောက်တစ်ဖက်နေ၍ သူ၏လက်ကိုမကြ၏။ သို့ဖြစ်၍ နေဝင်သည်တိုင်အောင် သူ၏လက်တို့သည် အမြဲနေလေ၏။
13
ယောရှုသည်လည်း အာမလက်မင်းနှင့် လူများတို့ကိုဓားလက်နက်ဖြင့် လုပ်ကြံလေ၏။
14
ထာဝရဘုရားကလည်း၊ ဤအမှုကိုအောက်မေ့စရာဖို့ စာရေးထား၍ ယောရှုအားဖတ်ရွတ်လော့။ အကြောင်းမူကား၊ ကောင်းကင်အောက်၌ အာမလက်၏အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟု မောရှေအားမိန့်တော်မူ၏။
15
မောရှေသည်လည်း ယဇ်ပလ္လင်ကိုတည်၍၊ ယေဟောဝါနိဿိဟု သမုတ်လေ၏။
16
အကြောင်းမူကား၊ အာမလက်လူမျိုး၏လက်သည် ထာဝရဘုရား၏ ရာဇပလ္လင်တော်၏ရန်ဘက်ဖြစ်သောကြောင့်၊ ထာဝရဘုရားသည် ကာလအစဉ်အဆက် အာမလက်အမျိုးကိုစစ်တိုက်တော်မူလိမ့်မည်ဟု ဆိုသတည်း။
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40