bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Exodus 30
Exodus 30
Burmese 2021
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 31 →
1
တစ်နည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်ရမည်။
2
ထိုပလ္လင်သည် အလျားတစ်တောင်၊ အနံတစ်တောင်၊ စတုရန်းလေးထောင့်ဖြစ်၍၊ အမြင့်နှစ်တောင်ရှိရမည်။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေရမည်။
3
ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့်မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။
4
ရွှေတန်ဆာအောက်၊ ပလ္လင်တစ်ဖက်တစ်ချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကိုလုပ်၍၊ ပလ္လင်ထမ်းစရာထမ်းပိုးနေရာ ဖြစ်ရမည်။
5
ထမ်းပိုးတို့ကို အကာရှသားနှင့်လုပ်၍ ရွှေနှင့်မွမ်းမံရမည်။
6
ငါသည် သင်နှင့်တွေ့ရာအရပ်၊ သက်သေခံချက်ထားသောသေတ္တာကို ကာသော ကုလားကာရှေ့၌ ထိုပလ္လင်ကိုထားရမည်။
7
အာရုန်သည် နံနက်တိုင်း မီးခွက်တို့ကိုပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေးသော နံ့သာပေါင်းကိုရှို့ရမည်။
8
ညဉ့်ဦးယံ၌လည်း မီးခွက်တို့ကိုထွန်းသောအခါ၊ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည်။ ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အမြဲပြုရသော နံ့သာပေါင်းရှို့ခြင်း ဖြစ်သတည်း။
9
ထိုပလ္လင်ပေါ်မှာထူးခြားသော နံ့သာပေါင်းကို မရှို့ရ။ မီးရှို့သောယဇ်ကို မပြုရ။ ဘောဇဉ်ပူဇော်သကာကိုလည်း မပြုရ။ သွန်းလောင်းရာ ပူဇော်သကာကိုလည်း မပြုရ။
10
အာရုန်သည် တစ်နှစ်တစ်ခါ အပြစ်ဖြေရာ ယဇ်ကောင်အသွေးကိုယူ၍၊ ထိုပလ္လင်၏ ဦးချိုတို့၌ အပြစ်ဖြေခြင်းမင်္ဂလာကို ပြုရမည်။ သင်တို့သားစဉ်မြေးဆက်တို့သည် တစ်နှစ်တစ်ခါ ထိုသို့ပြုရကြမည်။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သည်။
11
တစ်ဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊
12
ဣသရေလအမျိုးသားတို့ကို ရေတွက်၍ စာရင်းယူသောအခါ၊ ဘေးလွတ်မည်အကြောင်းရှိသမျှတို့သည် အသီးအသီး မိမိအသက်ရွေးရန်အဖိုးကို ထာဝရဘုရားအားဆက်ကပ်ရမည်။
13
ရေတွက်၍ စာရင်းဝင်သောသူအပေါင်းတို့သည် အကျပ်တော်အလိုက်၊ ငွေအကျပ်တစ်ဝက်စီ ထာဝရဘုရားအားဆက်ကပ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ် ဖြစ်သတည်း။
14
အသက်နှစ်ဆယ်မှစ၍၊ ပိုလွန်သောသူအပေါင်းတို့သည် စာရင်းဝင်၍၊ ထိုသို့သောပူဇော်သကာကို ထာဝရဘုရားအားပြုရမည်။
15
ကိုယ်အသက်ကိုရွေးခြင်းငှာ၊ ထာဝရဘုရားအား ပူဇော်သကာကိုပြုသောအခါ၊ ငွေရတတ်သောသူတို့သည် မပို၊ ဆင်းရဲသောသူတို့သည် မလျှော့ဘဲ၊ လူတိုင်းအကျပ်တစ်ဝက်စီ ပေးရမည်။
16
ဣသရေလအမျိုးသားတို့၏ အရွေးငွေကိုယူ၍ သူတို့အသက်ကိုရွေးခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ ဣသရေလအမျိုးသားတို့၏သက်သေဖြစ်ရမည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်စရိတ်အဖို့အလိုငှာ ထားရမည်ဟု မိန့်တော်မူ၏။
17
တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊
18
အာရုန်နှင့် သူ၏သားတို့လက်ခြေဆေးစရာဖို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကိုလုပ်၍၊ ပရိသတ်စည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်စပ်ကြား၌ ထားရမည်။
19
သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်သို့ ဝင်သော်လည်းကောင်း၊
20
အမှုတော်ကိုထမ်း၍ ထာဝရဘုရားအား မီးရှို့သောယဇ်ကို ပူဇော်ခြင်းငှာ၊ ယဇ်ပလ္လင်အနားသို့ချဉ်းကပ်သော်လည်းကောင်း၊
21
သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ မိမိတို့လက်ခြေကိုဆေးရမည်။ ထိုသို့ သူတို့နှင့် သူတို့အမျိုးအနွယ် အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မိန့်တော်မူ၏။
22
တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူပြန်သည်ကား၊
23
သင်သည်မြတ်သောနံ့သာမျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ်သောမုရန်စေး အကျပ်ငါးရာ၊ မွှေးသောသစ်ကြံပိုး နှစ်ရာငါးဆယ်၊ မွှေးသောကြံ နှစ်ရာငါးဆယ်၊
24
သစ်ကြံပိုး တစ်မျိုးငါးရာ၊ သံလွင်ဆီတစ်ဟိန်ကိုယူ၍၊
25
ဆေးသမားအတတ်နှင့် ဖယောင်းဆီကိုဖော်တတ်သည်အတိုင်း၊ လိမ်းရန်ဆီတည်းဟူသော သန့်ရှင်းသောနံ့သာဆီကိုဖော်ပြီးမှ၊
26
ပရိသတ်စည်းဝေးရာတဲတော်နှင့် သက်သေခံချက် သေတ္တာကိုလည်းကောင်း၊
27
စားပွဲနှင့် စားပွဲတန်ဆာ ရှိသမျှကိုလည်းကောင်း၊ မီးခုံနှင့် မီးခုံတန်ဆာကိုလည်းကောင်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊
28
မီးရှို့ရာယဇ်ပူဇော်သောပလ္လင်နှင့် ပလ္လင်တန်ဆာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် အင်တုံခြေထောက်ကိုလည်းကောင်း၊ ထိုနံ့သာဆီနှင့်လိမ်းသဖြင့်၊
29
ထိုအရာတို့ကိုအလွန်သန့်ရှင်းစေခြင်းငှာ၊ ထိုသို့သန့်ရှင်းစေရမည်။ ထိုအရာတို့နှင့်တွေ့သမျှသောအရာသည် သန့်ရှင်းသောအရာဖြစ်ရမည်။
30
အာရုန်နှင့် သူ၏သားတို့ကိုလိမ်း၍၊ သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှာ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။
31
ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့သားစဉ်မြေးဆက်အပေါင်းတို့၌ ဤဆီသည်၊ ငါ့အဖို့သန့်ရှင်းသော လိမ်းရန်ဆီဖြစ်ရမည်။
32
လူ၏ကိုယ်ပေါ်မှာ မလောင်းရ။ ထိုဆီကိုဖော်သည်နည်းတူ၊ အခြားသောဆီကို မဖော်ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည်မှတ်ရမည်။
33
ထိုဆီနှင့်တူအောင်ဖော်သောသူ၊ မဆိုင်သောလူ၌ လိမ်းသောသူမည်သည်ကား၊ မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
34
တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသော နတပ်စေး၊ မွှေးသောငါးခွံ၊ ဂါလဗန်စေး၊ စင်သောလောဗန်စေးတို့ကို အညီအမျှချိန်ယူ၍၊
35
ဆေးသမားအတတ်နှင့် နှာဆေးကို ဖော်တတ်သည်နည်းတူ ရောနှော၍၊ သန့်ရှင်းစင်ကြယ်သော နံ့သာပေါင်းကိုဖော်ရမည်။
36
အချို့ကိုလည်း ညက်ညက်ထောင်းပြီးမှ၊ ငါသည် သင်နှင့်တွေ့ရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော်၌ သက်သေခံချက်ရှေ့မှာထားရမည်။ သင်တို့တွင် အလွန်သန့်ရှင်းရမည်။
37
ထိုသို့သောနံ့သာပေါင်းကို ဖော်သည်နည်းတူ၊ အခြားသောနံ့သာပေါင်းကို ကိုယ်သုံးဖို့မဖော်ရ။ သင်တို့တွင် ထာဝရဘုရားအဖို့သန့်ရှင်းရမည်။
38
အကြင်သူသည် မိမိရှူစရာဖို့ ထိုနံ့သာပေါင်းနှင့် တူအောင်ဖော်၏။ ထိုသူသည် မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 31 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40