bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Exodus 32
Exodus 32
Burmese 2021
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 33 →
1
မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ၊ အာရုန်ထံသို့စည်းဝေးကြ၍၊ ထပါ။ ငါတို့ရှေ့မှာသွားရသော ဘုရားတို့ကို ငါတို့အဖို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သော ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု ပြောဆိုကြ၏။
2
အာရုန်ကလည်း၊ သင်တို့မယား၊ သားသမီးများ၏နား၌ဆင်သော ရွှေနားတောင်းများကိုချွတ်၍၊ ငါ့ထံသို့ဆောင်ခဲ့ကြဟုဆိုလျှင်၊
3
လူအပေါင်းတို့သည် မိမိတို့နား၌ဆင်သော ရွှေနားတောင်းများကိုချွတ်၍၊ အာရုန်ထံသို့ဆောင်ခဲ့ကြ၏။
4
အာရုန်သည်လည်းလက်ခံ၍၊ နွားသငယ်ရုပ်ပုံသဏ္ဌာန်ကို ကညစ်နှင့်ရေးသားပြီးလျှင် သွန်းလေ၏။ လူများတို့ကလည်း အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သော သင်၏ဘုရားဖြစ်တော်မူသည်ဟု ဆိုကြ၏။
5
အာရုန်သည် ထိုအမှုကိုသိမြင်လျှင်၊ ရုပ်တုရှေ့မှာ ယဇ်ပလ္လင်ကိုတည်၍၊ နက်ဖြန်နေ့သည် ထာဝရဘုရားအဖို့ ပွဲခံရသောနေ့ဖြစ်သည်ဟု တပ်ကိုလည်၍ကြော်ငြာစေ၏။
6
နက်ဖြန်နံနက်စောစော လူတို့သည်ထ၍၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ပြီးမှ၊ စားသောက်လျက်ထိုင်နေကြ၏။ နောက်တစ်ဖန် ကခုန်မြူးထူးခြင်းငှာ ထကြ၏။
7
ထာဝရဘုရားက၊ သင်သည်ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နုတ်ဆောင်ခဲ့သော သင်၏လူတို့သည် ဖောက်ပြန်ကြပြီ။
8
ငါမှာထားသောလမ်းမှ အလျင်အမြန်လွှဲသွား၍၊ နွားသငယ်ရုပ်ကိုသွန်းပြီးလျှင်၊ အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကိုအဲဂုတ္တုပြည်မှ နုတ်ဆောင်ခဲ့သော ဘုရားဖြစ်တော်မူ၏ဟုဆိုလျက်၊ ရုပ်တုရှေ့မှာ ယဇ်ပူဇော်ကိုးကွယ်ကြပြီဟူ၍လည်းကောင်း၊
9
ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသော အမျိုးဖြစ်၏။
10
သို့ဖြစ်၍ ငါ့ကိုရှိစေတော့။ ငါသည် အမျက်ပြင်းစွာထွက်၍ သူတို့ကိုဖျက်ဆီးမည်။ သင့်ကိုကား ကြီးသောအမျိုးဖြစ်စေမည်ဟူ၍လည်းကောင်း၊ မောရှေအားမိန့်တော်မူ၏။
11
မောရှေကလည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးအားကြီးသောလက်နှင့် အဲဂုတ္တုပြည်မှနုတ်ဆောင်ခဲ့သော ကိုယ်တော်၏လူတို့ကို၊ အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက်တော်မူသနည်း။
12
အဲဂုတ္တုလူတို့ကလည်း၊ ဘုရားသခင်သည် မကောင်းသောအကြံရှိသဖြင့်၊ သူတို့ကိုတောတောင်များ၌သတ်၍ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းခြင်းအလိုငှာသာ၊ နုတ်ဆောင်လေသည်ဟု အဘယ်ကြောင့်ဆိုဖွယ်အကြောင်း ရှိရပါမည်နည်း။ ပြင်းစွာသောအမျက်တော်ကို ပယ်တော်မူပါ။ ကိုယ်တော်၏လူတို့၌ ဤသို့အပြစ်ပေးမည်အကြံကို နောင်တရတော်မူပါ။
13
ကိုယ်တော်က သင်တို့အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့အမျိုးအနွယ်အား ငါပေးသဖြင့်၊ သူတို့သည် အစဉ်အမြဲအမွေခံရကြလိမ့်မည်ဟု ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆိုတော်မူသောစကားကို ခံခဲ့ပြီးသော ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကို အောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်လေ၏။
14
ထာဝရဘုရားသည် မိမိလူတို့အား အပြစ်ပေးမည်အကြံကို နောင်တရတော်မူ၏။
15
မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကိုကိုင်ယူလျက်၊ လှည့်၍ တောင်ပေါ်ကဆင်းသွားလေ၏။ ထိုကျောက်ပြားနှစ်မျက်နှာ၌ အက္ခရာတင်လျက်ရှိ၏။
16
ထိုကျောက်ပြားတို့သည် ဘုရားသခင်ဖန်ဆင်းတော်မူသောကျောက်ပြား၊ စာသည်လည်း ဘုရားသခင်အက္ခရာတင်တော်မူသောစာ ဖြစ်သတည်း။
17
လူများကြွေးကြော်သံကို ယောရှုသည်ကြားလျှင်၊ တပ်၌စစ်တိုက်သံကို ကြားပါသည်ဟု မောရှေအားဆို၏။
18
မောရှေကလည်း၊ ငါကြားသောအသံသည် အောင်၍ကြွေးကြော်သံမဟုတ်၊ ရှုံး၍ငိုကြွေးသံလည်းမဟုတ်၊ သီချင်းဆိုသံဖြစ်သတည်းဟု ပြန်ပြော၏။
19
တပ်အနီးသို့ရောက်သောအခါ၊ နွားသငယ်ကိုလည်းကောင်း၊ ကခုန်ခြင်းကိုလည်းကောင်းမြင်လျှင်၊ မောရှေသည်အမျက်ထွက်သဖြင့် ကျောက်ပြားတို့ကိုချ၍ တောင်ခြေရင်း၌ချိုးဖဲ့၏။
20
သူတို့လုပ်သော နွားသငယ်ကိုလည်းယူ၍ အရည်ကျို၏။ ညက်ညက်ခြေပြီးမှ ရေပေါ်မှာဖြူး၍ ဣသရေလအမျိုးသားတို့ကို သောက်စေ၏။
21
အာရုန်ကိုလည်းခေါ်၍၊ သင်သည်သူတို့၌ ဤမျှလောက်ကြီးသောအပြစ်ကို ရောက်စေခြင်းငှာ သူတို့သည် သင်၌အဘယ်သို့ပြုသနည်းဟုမေးလျှင်၊
22
အာရုန်က၊ သခင်၊ အမျက်မထွက်ပါနှင့်။ ဤလူတို့သည် မကောင်းသော အကြံရှိကြောင်းကို ကိုယ်တော်သိပါ၏။
23
သူတို့ကလည်း၊ ငါတို့ရှေ့မှာသွားရသောဘုရားတို့ကို ငါတို့အဖို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်ခဲ့သောသူ၊ ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု အကျွန်ုပ်အားပြောဆိုကြလျှင်၊
24
အကျွန်ုပ်က၊ ရွှေရှိသောသူသည်ချွတ်စေဟု ဆိုသည်နှင့်အညီ၊ သူတို့ပေးသော ရွှေကို အကျွန်ုပ်သည်မီးထဲ၌ထည့်လျှင်၊ ဤနွားသငယ်ထွက်လာပါသည်ဟု ပြန်ပြော၏။
25
ထိုသို့ အာရုန်သည်လူများကို ရန်သူတို့ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ်စေသည်ဖြစ်၍၊ အဝတ်တန်ဆာအချည်းစည်းရှိကြကြောင်းကို မောရှေမြင်သောအခါ၊
26
တပ်တံခါးဝမှာရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့ လာစေဟုဆိုလျှင်၊ လေဝိအမျိုးသားအပေါင်းတို့သည် သူ့ထံ၌စည်းဝေးကြ၏။
27
မောရှေကလည်း၊ လူတိုင်းဓားလွယ်လျက် တပ်တစ်မျက်နှာတံခါးမှ တစ်မျက်နှာ တံခါးတိုင်အောင်ထုတ်ချင်းခပ်သွား၍၊ အသီးအသီး မိမိညီအစ်ကို၊ မိမိအပေါင်းအဖော်၊ မိမိအိမ်နီးချင်းကိုသတ်စေဟု ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အမိန့်ရှိတော်မူသည်ဟု၊
28
မောရှေစီရင်သည်အတိုင်း၊ လေဝိအမျိုးသားတို့သည်ပြု၍၊ ထိုနေ့၌ လူသုံးထောင်လောက်သေကြ၏။
29
တစ်ဖန်မောရှေက၊ ထာဝရဘုရားသည် ယနေ့ကောင်းချီးပေးတော်မူစေခြင်းငှာ၊ သင်တို့သည် အသီးအသီး ကိုယ်သား၊ ကိုယ်ညီအစ်ကိုကိုထိခိုက်သောအားဖြင့်၊ သင်တို့သည် ယနေ့ကိုယ်ကိုချီးမြှောက်ကြပြီဟု ဆိုလေ၏။
30
နက်ဖြန်နေ့၌လည်း၊ သင်တို့ပြစ်မှားသောအပြစ်ကြီးလှ၏။ ယခုမှာ ထာဝရဘုရားအထံတော်သို့ ငါတက်သွား၍၊ သင်တို့အပြစ်ဖြေနိုင်လျှင် ဖြေစေခြင်းငှာပြုမည်ဟု မောရှေသည် လူများတို့အားဆိုပြီးမှ၊
31
ထာဝရဘုရားအထံတော်သို့ပြန်သွား၍၊ အိုဘုရားသခင်၊ ဤလူတို့သည် ပြစ်မှားသောအပြစ်ကြီးလှပါ၏။ မိမိတို့အဖို့ ရွှေဘုရားကိုလုပ်ပါပြီ။
32
သို့သော်လည်း သူတို့အပြစ်ကိုလွှတ်ခြင်းငှာ အလိုတော်ရှိလျှင် လွှတ်တော်မူပါ။ သို့မဟုတ်၊ ကိုယ်တော်စီရင်တော်မူသောစာရင်း၌ အကျွန်ုပ်နာမကို ချေတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊
33
ထာဝရဘုရားက၊ အကြင်သူသည်ငါ့ကိုပြစ်မှား၏၊ ထိုသူ၏နာမကို ငါ့စာရင်း၌ ငါချေမည်။
34
သို့ဖြစ်၍ ငါမှာထားသောအရပ်သို့ သူတို့ကို ယခုသွား၍ပို့ဆောင်လော့။ ငါ့တမန်သည် သင့်ရှေ့မှာသွားလိမ့်မည်။ သို့သော်လည်း ငါသည်အကြည့်အရှု ကြွလာသောအခါ၊ သူတို့၌အပြစ်ပေးလျက်ကြွလာမည်ကို မိန့်တော်မူ၏။
35
အာရုန်နှင့် လူများတို့သည် နွားသငယ်ကိုလုပ်ကြသောကြောင့် သူတို့ကိုဒဏ်ခတ်တော်မူ၏။
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 33 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40