bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Ezekiel 18
Ezekiel 18
Burmese 2021
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 19 →
1
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2
အဘတို့သည် ချဉ်သောစပျစ်သီးကိုစား၍ သားတို့သည် သွားကျိန်းလျက်ရှိကြ၏ဟု၊ သင်တို့သည် ဣသရေလပြည်ကိုရည်မှတ်၍ စကားပုံကိုသုံးသောအခါ အဘယ်သို့ဆိုလိုသနည်း။
3
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း နောက်တစ်ဖန် ဣသရေလပြည်၌ ထိုစကားပုံကိုသုံးရသော အကြောင်းမရှိရ။
4
ဝိညာဉ်အပေါင်းတို့ကိုငါပိုင်၏။ အဘ၏ဝိညာဉ်ကို ငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။
5
လူမည်သည်ကား၊ သဘောဖြောင့်၍ တရားသောအမှု၊ ဟုတ်မှန်သောအမှုကို ပြုလျှင်လည်းကောင်း၊
6
တောင်ပေါ်မှာမစား၊ ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကို မပြစ်မှား၊ ဥတုရောက်သော မိန်းမကို မချဉ်းကပ်၊
7
အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ကြွေးစားပေါင်ထားသောဥစ္စာကို ပြန်၍မပေးဘဲမနေ၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေး၍၊ အဝတ်မရှိသောသူကို အဝတ်နှင့် ဖုံးလွှမ်းလျှင်လည်းကောင်း၊
8
အတိုးစား၍ ငွေကိုမချေး၊ အဓမ္မအမှုကို လက်မခံ၊ သူတစ်ပါးအမှုကို တရားသဖြင့်စီရင်ခြင်း၊
9
ငါစီရင်ထုံးဖွဲ့သည် အတိုင်းကျင့်၍ သစ္စာစောင့်ခြင်းကို ပြုလျှင်လည်းကောင်း၊ ထိုသူသည် ဖြောင့်မတ်သောသူဖြစ်၏။ အကယ်စင်စစ် အသက်ရှင်ရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
10
သို့ရာတွင်၊ ထိုသူ၏သားသည် ဓားပြတိုက်သောသူ၊ လူအသက်ကို သတ်သောသူ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစ်စုံတစ်ခုကို ပြုသောသူ၊
11
အရင်ဆိုခဲ့ပြီးသော သုစရိုက်ကိုမပြု၊ တောင်ပေါ်မှာစားခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊
12
ဆင်းရဲငတ်မွတ်သောသူကို ညှဉ်းဆဲခြင်း၊ သူ့ဥစ္စာကို အနိုင်အထက်လုယူခြင်း၊ ပေါင်ထားသောဥစ္စာကို ပြန်၍မပေးဘဲနေခြင်း၊ ရုပ်တုကို ဖူးမျှော်ခြင်း၊ ရွံရှာဖွယ်သော အမှုကိုပြုခြင်း၊
13
အတိုးစား၍ငွေချေးခြင်းကိုပြုသော သူဖြစ်လျှင်၊ အသက်ရှင်ရမည်လော။ အသက်မရှင်ရ။ ထိုရွံရှာဖွယ်သောအမှုများကိုပြုသောကြောင့်၊ စင်စစ်အသေသတ်ခြင်းကိုခံရမည်။ သေထိုက်သောအပြစ်ရှိ၏။
14
သို့ရာတွင်၊ ထိုသူ၏သားသည် အဘပြုသမျှသော ဒုစရိုက်တို့ကို မြင်၍ဆင်ခြင်သဖြင့်၊ ထိုသို့သော အမှုတို့ကိုမပြု၊
15
တောင်ပေါ်မှာမစား၊ ဣသရေလအမျိုးကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကိုမပြစ်မှား၊
16
အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ပေါင်ထားသော ဥစ္စာကိုမသိမ်း၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေးခြင်း၊ အဝတ်မရှိသောသူကို အဝတ်နှင့်ဖုံးလွှမ်းခြင်း၊
17
ဆင်းရဲသော သူကိုချမ်းသာပေးခြင်း၊ အတိုးမစားဘဲငွေချေးခြင်းကိုပြု၍ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူသည် အဘ၏အပြစ်ကြောင့် အသေခံရမည်မဟုတ်။ စင်စစ်အသက်ရှင်ရလိမ့်မည်။
18
အဘမူကား၊ မိမိညီအစ်ကိုကို အထပ်ထပ်ညှဉ်းဆဲလျက်၊ သူ့ဥစ္စာကို အနိုင်အထက်လုယူလျက်၊ မိမိအမျိုးသားချင်းတို့တွင် မကောင်းသောအမှုကို ပြုသောအပြစ်ကြောင့်၊ အသေသတ်ခြင်းကို ခံရမည်။
19
သင်တို့ကလည်း၊ အဘယ်သို့နည်း။ သားသည် အဘ၏အပြစ်ကို မခံရသလောဟု မေးကြသော်၊ သားသည် တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြု၍၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်လျှင်၊ စင်စစ် အသက်ရှင်ရလိမ့်မည်။
20
ပြစ်မှားသောသူသည် အသေခံရမည်။ သားသည် အဘ၏အပြစ်ကို မခံရ။ အဘသည် သား၏အပြစ်ကို မခံရ။ တရားသောသူသည် တရားစွာပြုခြင်း အကျိုးကိုလည်းကောင်း၊ မတရားသောသူသည် မတရားစွာပြုခြင်း အပြစ်ကိုလည်းကောင်း ခံရလိမ့်မည်။
21
သို့ရာတွင်၊ မတရားသောသူသည် မိမိပြုမိသမျှသော ဒုစရိုက်တို့ကို ကြဉ်ရှောင်လျက်၊ ငါစီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍၊ တရားသောအမှု၊ ဟုတ်မှန်သောအမှုတို့ကို ပြုလျှင်၊ သေခြင်းနှင့်လွတ်၍ စင်စစ် အသက်ရှင်ရလိမ့်မည်။
22
ပြုမိသမျှသော ဒုစရိုက်အပြစ်တို့ကို သူ့တစ်ဖက်၌မမှတ်ရ။ ပြုမိသော ဖြောင့်မတ်ခြင်းအမှုကြောင့် အသက်ရှင်ရလိမ့်မည်။
23
မတရားသောသူသည် မိမိအကျင့်တို့ကိုရှောင်၍ အသက်မရှင်၊ အသေခံခြင်းအမှု၌ ငါသည် အနည်းငယ်သောပျော်မွေ့ခြင်း ရှိသလော။
24
သို့ရာတွင် တရားသောသူသည် ဖောက်ပြန်၍၊ အဓမ္မအမှုကိုလည်းကောင်း၊ မတရားသောသူပြုသမျှသော စက်ဆုပ်ရွံရှာဖွယ် အမှုတို့ကိုလည်းကောင်းပြုလျှင်၊ အသက်ရှင်ရမည်လော။ အရင်ပြုသမျှသော ဖြောင့်မတ်ခြင်းအမှုတို့ကို မမှတ်၊ သူသည် လွန်ကျူးသောအမှု၊ ပြစ်မှားသောအပြစ်ကြောင့် အသေသတ်ခြင်းကို ခံရလိမ့်မည်။
25
သို့သော်လည်း သင်တို့က၊ ထာဝရဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အို ဣသရေလအမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့စီရင်ချက် ကောက်သည်မဟုတ်လော။
26
တရားသောသူသည် တရားသောအမှုကိုပယ်၍ အဓမ္မအမှုကိုပြုလျှင်၊ ထိုအမှုကြောင့် သေရမည်။ ပြုမိသောအဓမ္မအမှုကြောင့် အသေသတ်ခြင်းကို ခံရမည်။
27
ထိုအတူ၊ မတရားသောသူသည် မိမိပြုမိသော အဓမ္မအမှုကိုရှောင်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုကိုပြုလျှင်၊ မိမိအသက်ကို ကယ်နုတ်ရလိမ့်မည်။
28
ပြုမိသမျှသော အဓမ္မအမှုတို့ကို ဆင်ခြင်၍ ရှောင်သောကြောင့်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက်ရှင်ရလိမ့်မည်။
29
သို့သော်လည်း ဣသရေလအမျိုးက၊ ထာဝရဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အို ဣသရေလအမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့စီရင်ချက် ကောက်သည် မဟုတ်လော။
30
သို့ဖြစ်၍၊ အို ဣသရေလအမျိုး၊ သင်တို့ အသီးအသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကို ငါစီရင်မည်။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့မရောက်ကြနှင့်။
31
သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်းအမှုတို့ကိုစွန့်ပစ်၍ အသစ်သောနှလုံး၊ အသစ်သောစိတ်သဘောကို ပြင်ဆင်ကြလော့။ အို ဣသရေလအမျိုး၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလိုသနည်း။
32
အသေခံရသောသူ၏အသေခံခြင်းအမှု၌ ငါသည်ပျော်မွေ့ခြင်းမရှိ။ ထိုကြောင့်၊ ပြောင်းလဲ၍ အသက်ရှင်ကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48