bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Ezekiel 37
Ezekiel 37
Burmese 2021
← Chapter 36
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 38 →
1
တစ်ဖန် ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍ ဝိညာဉ်တော်အားဖြင့် ငါ့ကိုပြင်သို့ ဆောင်သွားလျက်၊ အရိုးတို့နှင့် ပြည့်သောချိုင့်အလယ်၌ ထားပြီးလျှင်၊
2
ထိုအရိုးတို့ပတ်လည်၌ လျှောက်သွားစေတော်မူ၏။ ထိုချိုင့်မျက်နှာပြင်၌ များစွာသောအရိုးတို့သည်ရှိ၍ အလွန်သွေ့ခြောက်ကြ၏။
3
ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင်၊ ငါက၊ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူသည်ဟု လျှောက်လေ၏။
4
ထာဝရဘုရားကလည်း၊ ဤအရိုးတို့အပေါ်မှာ ပရောဖက်ပြု၍ ဟောပြောရမည်မှာ၊ အို သွေ့ခြောက်သော အရိုးတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။
5
ဤသွေ့ခြောက်သော အရိုးတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့အထဲသို့ အသက်ကိုသွင်း၍ သင်တို့သည် အသက်ရှင်ရကြမည်။
6
သင်တို့အပေါ်မှာ အကြောတို့ကို ငါတင်၍ အသားကိုတက်စေမည်။ အရေနှင့် ဖုံးလွှမ်း၍၊ အသက်ကို သွင်းသဖြင့် သင်တို့သည် အသက်ရှင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု၊
7
မှာထားတော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု၏။ ပရောဖက်ပြုစဉ်တွင် အသံမြည်၏။ လှုပ်ရှားခြင်းလည်း ရှိ၏။ အရိုးတို့သည် တစ်ခုအနီးသို့တစ်ခု ချဉ်းကြ၏။
8
ငါကြည့်ရှုစဉ်တွင် အကြောတို့သည်ပေါ်လာ၍ အသားလည်းတတ်၏။ အရေလည်း ဖုံးလွှမ်း၏။ သို့ရာတွင်၊ အသက်မရှိသေး။
9
ထာဝရဘုရားကလည်း၊ အချင်းလူသား၊ လေအား ပရောဖက်ပြုလော့။ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို လေအားဆင့်ဆိုရမည်မှာ၊ အို လေ၊ အရပ်လေးမျက်နှာတို့မှလာ၍၊ ဤအသေကောင်တို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာ မှုတ်လော့ဟု၊
10
မှာထားတော်မူသည်အတိုင်း ငါသည်ပရောဖက်ပြု၍၊ လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင်၍၊ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တတ်နေကြ၏။
11
ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်းဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မျှော်လင့်စရာမရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။
12
သို့ဖြစ်၍၊ ပရောဖက်ပြုလျက် အရှင်ထာဝရဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင်တို့ကို ထုတ်ပြီးလျှင် ဣသရေလပြည်သို့ ပို့ဆောင်မည်။
13
အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍သင်တို့ကို ထုတ်ပြီးလျှင်၊
14
အသက်ရှင်စေခြင်းငှာ ငါသည် ကိုယ်အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ငါထာဝရဘုရားပြောသည်အတိုင်း ပြည့်စုံကြောင်းကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
15
တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
16
အချင်းလူသား၊ တုတ်တစ်ချောင်းကိုယူ၍၊ ယုဒအမျိုးနှင့် သူ၏အပေါင်းအဖော် ဣသရေလအမျိုးသားအဖို့ဟု ရေးမှတ်လော့။ တစ်ဖန် တုတ်တစ်ချောင်းကိုယူ၍၊ ယောသပ်အမျိုးနှင့် သူ၏ အပေါင်းအဖော် ဣသရေလအမျိုးသားများအဖို့၊ ဧဖရိမ်တုတ်ပေတည်းဟု ရေးမှတ်လော့။
17
ထိုတုတ်နှစ်ချောင်းကို တစ်ချောင်းတည်းဖြစ်စေခြင်းငှာ ပူးထား၍၊ ထိုတစ်ချောင်းတည်းသော တုတ်ကို လက်စွဲလော့။
18
သင်၏အမျိုးသားချင်းတို့က၊ ထိုသို့ပြုသော်၊ အဘယ်သို့ဆိုလိုသည်ကို ငါတို့အားမပြောသင့်သလောဟု မေးလျှင်၊
19
အရှင်ထာဝရဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ ဧဖရိမ်ကိုင်သော ယောသပ်၏တုတ်နှင့်၊ သူ၏အပေါင်းအဖော် ဣသရေလအမျိုးအနွယ်တို့ကို ငါယူ၍ ယုဒတုတ်နှင့်အတူ ပူးထားပြီးလျှင်၊ တစ်ချောင်းတည်းဖြစ်သော တုတ်ကို ငါလက်စွဲမည်ဟု ဆင့်ဆိုလျက်၊
20
သင်ရေးမှတ်သော ထိုတုတ်ကို သူတို့မျက်မှောက်၌ လက်စွဲလျက်နေလော့။
21
အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုးသားတို့ရောက်သော တစ်ပါးအမျိုးသား နေရာအရပ်ရပ်တို့မှ သူတို့ကိုငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။
22
ထိုပြည်တွင် ဣသရေလတောင်တို့အပေါ်၌ လူတစ်မျိုးတည်းဖြစ်စေ၍၊ ရှင်ဘုရင်တစ်ပါးတည်းသာလျှင် ထိုသူအပေါင်းတို့ကို စိုးစံရလိမ့်မည်။ နောက်တစ်ဖန် သူတို့သည် လူနှစ်မျိုးမဖြစ်ရ။ နှစ်တိုင်းနှစ်ပြည် ကွဲပြားလျက်မရှိရ။
23
နောက်တစ်ဖန် သူတို့ရုပ်တုများ၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုများ၊ လွန်ကျူးခြင်းအမှုများနှင့် ကိုယ်ကို မညစ်ညူးစေရကြ။ သူတို့ပြစ်မှားလေရာရာ အရပ်တို့မှ ငါကယ်နုတ်၍ သန့်ရှင်းစေမည်။ သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်မည်။
24
ငါ၏ကျွန်ဒါဝိဒ်သည် သူတို့၏ ရှင်ဘုရင်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် သိုးထိန်းတစ်ဦးတည်း ရှိကြလိမ့်မည်။ ငါစီရင်ထုံးဖွဲ့ချက် တရားလမ်းသို့လိုက်၍ စောင့်ရှောက်ကြလိမ့်မည်။
25
ငါ၏ကျွန်ယာကုပ်အားငါပေး၍၊ သင်တို့ ဘိုးဘေးများနေဖူးသော ပြည်၌ သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် နေကြလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့ကို အစဉ်အမြဲစိုးစံလိမ့်မည်။
26
ထိုမှတစ်ပါး၊ သူတို့နှင့်မိတ်သဟာယပဋိညာဉ်ကို ငါဖွဲ့၍၊ ထိုပဋိညာဉ်သည် နိစ္စထာဝရပဋိညာဉ် ဖြစ်လိမ့်မည်။ သူတို့ကိုနေရာချ၍ များပြားစေမည်။ ငါ၏သန့်ရှင်းရာဌာနကို သူတို့အလယ်၌ အစဉ်အမြဲထားမည်။
27
ငါ၏ဗိမာန်တော်သည်လည်း သူတို့၌ရှိ၍၊ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်လိမ့်မည်။
28
ထိုသို့ ငါ၏သန့်ရှင်းရာဌာနသည် သူတို့အလယ်၌ အစဉ်အမြဲတည်သောအခါ၊ ငါထာဝရဘုရားသည် ဣသရေလအမျိုးကို သန့်ရှင်းစေသည်ဟု တစ်ပါးအမျိုးသားတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
← Chapter 36
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 38 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48