bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Ezekiel 34
Ezekiel 34
Burmese 2021
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 35 →
1
တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2
အချင်းလူသား၊ သင်သည် ဣသရေလအမျိုး သိုးထိန်းတို့တစ်ဖက်၌ ပရောဖက်ပြု၍ ဟောပြောလျက်၊ သိုးထိန်းတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသောစကားကိုဆင့်ဆိုရမည်မှာ၊ ကိုယ်ကိုသာ ကျွေးမွေးသော ဣသရေလအမျိုး သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ သိုးထိန်းသည် သိုးတို့ကို မကျွေးမွေးရသလော။
3
သင်တို့သည် သိုးနို့ကို စားကြ၏။ သိုးမွေးကိုဝတ်ကြ၏။ ဆူဖြိုးသောသိုးတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင်၊ သိုးတို့ကို မကျွေးမွေးပါတကား။
4
အားနည်းသောသိုးကို မ မစကြ၊ နာသောသိုးတို့ကို ဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့်မစည်းကြ၊ သူတစ်ပါးနှင်သော သိုးကို လိုက်၍မဆောင်ခဲ့ကြ၊ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။
5
ထိန်းသောသူမရှိသောကြောင့် သိုးတို့သည် ကွဲပြားကြ၏။ ကွဲပြားလျက်နေသောအခါ ခပ်သိမ်းသော တောသားရဲစားစရာ ဖြစ်ကြ၏။
6
ငါ့သိုးတို့သည် တောင်များ၊ မြင့်သောကုန်းများ အပေါ်မှာလဲ၍ မြေတစ်ပြင်လုံးတွင် အရပ်ရပ်သို့ ကွဲပြားပျံ့လွင့်လျက်နေ၍၊ အဘယ်သူမျှ မလိုက်မရှာကြ။
7
သို့ဖြစ်၍၊ အချင်းသိုးထိန်းတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။
8
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ သိုးထိန်းမရှိ၊ အဘယ်သိုးထိန်းမျှ ငါ့သိုးတို့ကိုမရှာ၊ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မကျွေးမွေး၊ ကိုယ်ကိုသာကျွေးမွေးသဖြင့်၊ ငါ့သိုးတို့သည် လုယူရာ၊ ခပ်သိမ်းသော တောသားရဲစားစရာ ဖြစ်သောကြောင့်၊
9
အချင်းသိုးထိန်းတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။
10
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်သိုးထိန်းတို့ တစ်ဖက်၌နေ၏။ ငါ့သိုးများကို သူတို့၌ငါတောင်း၍ သိုးထိန်းအရာကို နုတ်မည်။ သိုးထိန်းတို့သည် နောက်တစ်ဖန် ကိုယ်ကို မကျွေးမွေးရကြ။ ငါ့သိုးများကို သူတို့ပါးစပ်မှငါနုတ်၍ နောက်တစ်ဖန် မကိုက်မစားရကြ။
11
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်။
12
ကွဲပြားလျက်ရှိသော မိမိသိုးတို့တွင် သိုးထိန်းရောက်သောအခါ ကြိုးစား၍ရှာသကဲ့သို့၊ ငါသည်လည်း ငါ့သိုးတို့ကို ကြိုးစား၍ရှာမည်။ မိုးအုံ့၍ မိုက်သောနေ့၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနုတ်ဆောင်မည်။
13
အတိုင်းတိုင်းအပြည်ပြည်တို့က ခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သူတို့နေရင်းပြည်သို့ ပို့ဆောင်မည်။ ဣသရေလတောင်တို့အပေါ်၊ မြစ်တို့အနား အစရှိသောနေစရာအရပ်ရပ်တို့၌ ကျွေးမွေးမည်။
14
ကောင်းသော ကျက်စားရာအရပ်၌ ကျွေးမွေးမည်။ မြင့်သော ဣသရေလတောင်တို့အပေါ်မှာ သူတို့ခြံရှိလိမ့်မည်။ သူတို့သည် ဣသရေလတောင်တို့အပေါ်မှာ ကောင်းသောခြံ၌အိပ်၍၊ ကြွယ်ဝသော ကျက်စားရာ၌ ကျက်စားကြလိမ့်မည်။
15
ငါသည် ငါ့သိုးများကို ကျွေးမွေးမည်။ အိပ်ရာကိုလည်း ငါပေးမည်။
16
ပျောက်သောသိုးကို ငါရှာမည်။ သူတစ်ပါးနှင်သောသိုးကို လိုက်၍ဆောင်ခဲ့မည်။ အရိုးကျိုးသော သိုးကို အဝတ်နှင့်စည်းမည်။ အားနည်းသော သိုးကို မစမည်။ ဆူဖြိုး၍ အားရှိသောသိုးကိုကား၊ တရားအတိုင်းကျွေးမွေး၍ ကွပ်မျက်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
17
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ငါ့သိုးတို့၊ တိရစ္ဆာန်အမျိုးမျိုးတို့ကိုလည်းကောင်း၊ သိုးထီးနှင့် ဆိတ်ထီးတို့ကိုလည်းကောင်း ငါပိုင်းခြားမည်။
18
သင်တို့သည် ကောင်းသော ကျက်စားရာအရပ်၌ စားသည်သာမက၊ ကျန်သောမြက်ပင်ကိုနင်းသော အမှုသည် သာမညအမှုဖြစ်သည်ဟု ထင်မှတ်ကြသလော။ ကြည်သောရေကိုသောက်သည်သာမက၊ ကျန်သောရေကို ခြေနှင့် နောက်စေသောအမှုသည် သာမညအမှုဖြစ်သည်ဟု ထင်မှတ်ကြသလော။
19
သင်တို့နင်းသော မြက်ပင်ကိုလည်းကောင်း၊ ခြေနှင့် နောက်စေသော ရေကိုလည်းကောင်း၊ ငါ့သိုးတို့သည် စားသောက်ရကြမည်လော။
20
သို့ဖြစ်၍၊ ထိုသူတို့အား အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဆူဖြိုးသော တိရစ္ဆာန်တို့နှင့် ပိန်ကြုံသောတိရစ္ဆာန်တို့ကို ငါသည် ကိုယ်တိုင်ပိုင်းခြားမည်။
21
သင်တို့သည် အားနည်းသောသိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေခြင်းငှာ နံပါးနှင့်လည်းကောင်း၊ ပခုံးနှင့်လည်းကောင်းတိုး၍ ချိုနှင့်ခွေ့သောကြောင့်၊
22
ငါသည် ငါ့သိုးတို့ကို ကယ်တင်သဖြင့်၊ သူတို့သည် နောက်တစ်ဖန် လုယူရာမဖြစ်ရကြ။ တိရစ္ဆာန်အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြားမည်။
23
သိုးထိန်းတစ်ဦးကိုလည်း ငါခန့်ထား၍ သူသည် ကျွေးမွေးလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည် သူတို့ကို ကျွေးမွေး၍ သိုးထိန်းလုပ်ရလိမ့်မည်။
24
ငါထာဝရဘုရားသည် သူတို့၏ဘုရားသခင် ဖြစ်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့၏မင်း ဖြစ်ရလိမ့်မည်။ ငါထာဝရဘုရား ပြောပြီ။
25
သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ငါဖွဲ့၍၊ ဆိုးသောသားရဲတို့ကို ထိုပြည်၌ ပယ်ဖြတ်မည်။ သူတို့သည် လွင်ပြင်၌ ငြိမ်ဝပ်စွာနေ၍ တော၌ အိပ်ပျော်ကြလိမ့်မည်။
26
သူတို့ကိုလည်းကောင်း၊ ငါ၏တောင်တော်ပတ်လည်၌ ရှိသော အရပ်တို့ကိုလည်းကောင်း ငါကောင်းချီးပေး၍၊ အချိန်တန်လျှင် မိုးကိုရွာစေသဖြင့်၊ ကောင်းချီးမိုးရေကျရလိမ့်မည်။
27
တောသစ်ပင်သည် အသီးကို သီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကို ပေးလိမ့်မည်။ ပြည်သားတို့သည် ငြိမ်ဝပ်စွာ နေရကြလိမ့်မည်။ သူတို့ထမ်းသော ထမ်းပိုးကြိုးကို ငါဖြတ်၍၊ အနိုင်အထက်စေခိုင်းသော သူတို့လက်မှ ကယ်နုတ်သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
28
နောက်တစ်ဖန် တစ်ပါးအမျိုးသားတို့သည် မလုမယူရကြ။ ပြည်သားရဲတို့သည်လည်း ကိုက်၍မစားရကြ။ အဘယ်သူမျှ မကြောက်စေဘဲ၊ သူတို့သည် ငြိမ်ဝပ်စွာ နေရကြလိမ့်မည်။
29
အသရေရှိသောဥယျာဉ်ကိုလည်း သူတို့အဖို့ ငါပြုစုမည်။ နောက်တစ်ဖန် ပြည်၌ အစာအာဟာရ ခေါင်းပါး၍၊ သူတို့သည် မွတ်သိပ်ခြင်းကို မခံရကြ။ တစ်ပါးအမျိုးသားတို့၏ကဲ့ရဲ့ခြင်းကိုလည်း မခံရကြ။
30
သူတို့၏ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူ ရှိကြောင်းကိုလည်းကောင်း၊ ဣသရေလအမျိုးသား တည်းဟူသော သူတို့သည် ငါ၏လူဖြစ်ကြောင်းကိုလည်းကောင်း သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
31
ငါ၏ကျက်စားရာအရပ်၌ရှိသော ငါ့သိုးတို့၊ သင်တို့သည် လူဖြစ်ကြ၏။ ငါသည်လည်း သင်တို့၏ဘုရားသခင် ဖြစ်သည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 35 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48