bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Ezekiel 48
Ezekiel 48
Burmese 2021
← Chapter 47
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
1
ဣသရေလအမျိုး ခရိုင်စုအမည်ကား၊ မြောက်ဘက်၌ ဟေသလုန်လမ်းနှင့် ဟာမတ်လမ်းနား၊ ဟာဇရေနန်မြို့ပါလျက် ဒမာသက်မြို့နယ် မြောက်၊ ဟာမတ်မြို့နယ် တိုင်အောင်လည်းကောင်း၊ အရှေ့ဘက်မှသည် ပင်လယ်တိုင်အောင်လည်းကောင်း ဒန်ခရိုင်ရှိရမည်။
2
ဒန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည်။
3
အာရှာခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည်။
4
နဿလိခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှေခရိုင်ရှိရမည်။
5
မနာရှေခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဧဖရိမ်ခရိုင်ရှိရမည်။
6
ဧဖရိမ်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရုဗင်ခရိုင်ရှိရမည်။
7
ရုဗင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည်။
8
ယုဒခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် သင်တို့ပူဇော်ရသော မြေကွက်ရှိရမည်။ ထိုမြေအနံကား၊ ကျူလုံးအပြန် နှစ်သောင်းငါးထောင်၊ အလျားကား အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ခရိုင်အလျားနှင့် ညီရမည်။ ထိုမြေအတွင်း၌ သန့်ရှင်းရာဌာနရှိရမည်။
9
ထာဝရဘုရားအား ပူဇော်ရသောမြေကွက်မူကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိရမည်။
10
ထိုသန့်ရှင်းသော ပူဇော်သကာသည် ယဇ်ပရောဟိတ်ဖို့ ဖြစ်၍ မြောက်ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ အနံတစ်သောင်း၊ အရှေ့ဘက်၌ အနံတစ်သောင်း၊ တောင်ဘက်၌ အလျားနှစ်သောင်းငါးထောင်ကျယ်၍၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ်၌ ရှိရမည်။
11
ဣသရေလအမျိုးသားတို့သည် လမ်းလွှဲသောအခါ လေဝိလူကဲ့သို့ လမ်းမလွှဲ။ ငါ့အမှုကိုအစဉ်ဆောင်၍ သန့်ရှင်းသော ဇာဒုတ်သား ယဇ်ပုရောဟိတ်တို့အဖို့ ဖြစ်ရမည်။
12
လေဝိလူနေရာ မြေအနားမှာ ထိုသို့ပူဇော်သောမြေသည် ယဇ်ပုရောဟိတ်တို့အဖို့ အလွန်သန့်ရှင်းသောမြေ ဖြစ်ရမည်။
13
ယဇ်ပုရောဟိတ် မြေအနားမှာလေဝိလူနေရာ မြေကွက်သည် အလျား နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိရမည်။
14
ထိုမြေသည် ထာဝရဘုရားအဖို့သန့်ရှင်းသောကြောင့်၊ လေဝိလူတို့သည် မြေကို မရောင်းရ။ အဦးသီးသော အသီးကို အခြားသောဥစ္စာနှင့် မဖယ်လှယ်ရ။ အဖိုးနှင့် မရောင်းရ။
15
နှစ်သောင်းငါးထောင်အနားမှာ ကြွင်းသေးသော မြေငါးထောင်သည် လူနေရာမြို့နှင့် မြို့နယ်တည်စရာဖို့ဖြစ်၍၊ ထိုမြေအလယ်၌ မြို့တည်ရမည်။
16
မြို့အတိုင်းအရှည်ကား၊ မြောက်ဘက်၌ လေးထောင်ငါးရာ၊ တောင်ဘက်၌ လေးထောင်ငါးရာ၊ အရှေ့ဘက်၌ လေးထောင်ငါးရာ၊ အနောက်ဘက်၌ လေးထောင်ငါးရာရှိရမည်။
17
မြို့နယ်ကား၊ မြောက်ဘက်၌ နှစ်ရာငါးဆယ်၊ တောင်ဘက်၌ နှစ်ရာငါးဆယ်၊ အရှေ့ဘက်၌ နှစ်ရာငါးဆယ်၊ အနောက်ဘက်၌ နှစ်ရာငါးဆယ်ရှိရမည်။
18
သန့်ရှင်းသော မြေအနားမှာ အလျား၌ ကြွင်းသေးသော အရှေ့ဘက်၌ တစ်သောင်း၊ အနောက်ဘက်၌ တစ်သောင်း ကျယ်သောမြေ၌ဖြစ်သော အသီးအနှံသည်၊ မြို့အမှုကို စောင့်သောသူတို့ စားစရာဖို့ဖြစ်ရမည်။
19
မြို့အမှုစောင့်တို့ကို ဣသရေလအမျိုးအပေါင်းထဲက ရွေးကောက်ရမည်။
20
ပူဇော်သော မြေကွက်ပေါင်းကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံ နှစ်သောင်းငါးထောင်ကျယ်၍၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော်ရမည်။
21
ထိုသန့်ရှင်းသော ပူဇော်သကာမြေနှင့် မြို့နယ်နှစ်ဖက်၌ ကြွင်း၍၊ အရှေ့ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ နှစ်သောင်းငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသားအဖို့ ဖြစ်ရမည်။ သန့်ရှင်းသောပူဇော်သကာမြေနှင့် အိမ်တော်၏ သန့်ရှင်းရာဌာနသည် ထိုနှစ်ကွက်စပ်ကြားမှာ နေရာကျရမည်။
22
ထိုသို့စပ်ကြားမှာကျသော လေဝိလူနေရာ အပိုင်းအခြား၊ မြို့နယ်အပိုင်းအခြား၊ ပြင်ဘက်နှစ်ဖက်၊ ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်စပ်ကြားမှာ ကျသောမြေရှိသမျှသည် မင်းသားအဖို့ဖြစ်ရမည်။
23
ကြွင်းသော ဣသရေလခရိုင်ဟူမူကား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဗင်္ယာမိန်ခရိုင် ရှိရမည်။
24
ဗင်္ယာမိန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရှိမောင်ခရိုင် ရှိရမည်။
25
ရှိမောင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဣသခါခရိုင် ရှိရမည်။
26
ဣသခါခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင် ရှိရမည်။
27
ဇာဗုလုန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဂဒ်ခရိုင် ရှိရမည်။
28
ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်လည်းကောင်း၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်လည်းကောင်း လျှောက်သွားရမည်။
29
ဤရွေ့ကား၊ ဣသရေလအမျိုးအနွယ်တို့ အမွေခံစရာဖို့ စာရေးတံချ၍ ဝေရသောမြေ၊ ဤရွေ့ကား၊ သူတို့ပိုင်းခြား၍ နေရသော ခရိုင်အသီးအသီးဖြစ်သတည်းဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
30
မြို့မှထွက်ရာတံခါးများ ဟူမူကား၊ မြို့မြောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊
31
မြို့တံခါးတို့သည် ဣသရေလအမျိုးအနွယ်တို့ အမည်ကို ဆောင်လျက်၊ မြောက်ဘက်၌ ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးတည်းဟူသော တံခါးသုံးပေါက် ရှိရမည်။
32
မြို့အရှေ့ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
33
မြို့တောင်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
34
မြို့အနောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
35
ထိုသို့ မြို့ပတ်လည်အတိုင်းအရှည်ကား၊ တစ်သောင်းရှစ်ထောင် ရှိရလိမ့်မည်။ တည်သောနေ့မှစ၍ ထိုမြို့ကို ယေဟောဝါရှမ္မအမည်ဖြင့် ခေါ်တွင်ရလိမ့်သတည်း။ ပရောဖက်ယေဇကျေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။
← Chapter 47
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48