bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Jeremiah 23
Jeremiah 23
Burmese 2021
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 24 →
1
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ထံမှာ ကျက်စားသောသိုးတို့ကို ဖျက်ဆီး၍၊ အရပ်ရပ်သို့ ကွဲပြားစေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။
2
ထိုကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ၏သိုးစုကိုမကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြားစေ၍ နှင်ထုတ်သောကြောင့်၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
3
တစ်ဖန် မိန့်တော်မူသည်ကား၊ ငါ၏သိုးစုကို ငါနှင်ထုတ်သော ပြည်ရှိသမျှတို့၌ ကျန်ကြွင်းသောသိုးတို့ကို ငါစုဝေး၍၊ နေရင်းသိုးခြံသို့ တစ်ဖန် ငါဆောင်ခဲ့ဦးမည်။ သူတို့သည်လည်း၊ သားဖွား၍ များပြားကြလိမ့်မည်။
4
သူတို့ကို ကျွေးမွေးသောသိုးထိန်းတို့ကို သူတို့အပေါ်မှာ ငါခန့်ထားသဖြင့်၊ သူတို့သည် နောက်တစ်ဖန် ကြောက်ခြင်း၊ ထိတ်လန့်ခြင်း မရှိရကြ။ ဆုံးမခြင်းကိုလည်းမခံရကြဟု ထာဝရဘုရား မိန့်တော်မူ၏။
5
ထာဝရဘုရားမိန့်တော်မူသည်ကား၊ သန့်ရှင်းသောအညွန့်ကို ဒါဝိဒ်အဖို့ ငါပေါက်စေသည်အတိုင်း၊ ဉာဏ်ကောင်းသော ရှင်ဘုရင်တစ်ဦးသည် စိုးစံ၍၊ မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာကာလသည် ရောက်လိမ့်မည်။
6
ထိုမင်းလက်ထက်၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ရောက်၍၊ ဣသရေလပြည်လည်း ငြိမ်ဝပ်စွာ နေရလိမ့်မည်။ ထိုမင်းသည် ယေဟောဝါဇေဒကနု ဟူသော ဘွဲ့နာမရှိလိမ့်သတည်း။
7
သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊
8
ဣသရေလအမျိုးသား အစဉ်အဆက်တို့ကို မြောက်ပြည်မှစ၍၊ နှင်ထုတ်ဖူးသော ပြည်ရှိသမျှတို့မှ ပို့ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ ကျိန်ဆိုရသောကာလသည် နောက်တစ်ဖန် ရောက်လိမ့်မည်။ သူတို့သည် နေရင်းပြည်၌ တစ်ဖန် နေရကြလိမ့်မည်။
9
ပရောဖက်များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရားကြောင့်လည်းကောင်း၊ သန့်ရှင်းသော စကားတော်ကြောင့်လည်းကောင်း ငါ့စိတ်ပျက်လျက်ရှိ၏။ ငါ့အရိုးရှိသမျှတို့သည် လှုပ်ရှားကြ၏။ ယစ်မူးသောသူနှင့် စပျစ်ရည်နိုင်သောသူကဲ့သို့ ငါဖြစ်၏။
10
အကြောင်းမူကား၊ မတရားသောမေထုန်၌ မှီဝဲသောသူတို့သည် တစ်ပြည်လုံး၌ အနှံ့အပြားရှိကြ၏။ ထိုသူတို့ကြောင့် တစ်ပြည်လုံး မြည်တမ်းရ၏။ တော၌ ကျက်စားရာအရပ်တို့သည် သွေ့ခြောက်ကြ၏။ ပြည်သားများလိုက်သောလမ်းသည် မဖြောင့်၊ သူတို့အစွမ်းသတ္တိသည် တရားဘက်၌ မနေတတ်။
11
ပရောဖက်နှင့် ယဇ်ပုရောဟိတ်နှစ်ပါးတို့သည် ဘုရားကို မရိုမသေပြုကြပြီ။ ငါ့အိမ်၌ပင် သူတို့ပြုသော အဓမ္မအမှုကို ငါတွေ့ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
12
ထိုကြောင့်၊ သူတို့သွားသောလမ်းသည် မှောင်မိုက်၌ ချောတတ်သော လမ်းကဲ့သို့ဖြစ်၍၊ သူတို့သည် တွန်းတိုးခြင်းကို ခံရ၍ လဲကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဆုံးမခြင်းကို ခံရသောကာလ၌ သူတို့အပေါ်မှာ ဘေးဥပဒ်ကို သင့်ရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
13
ရှမာရိပြည်သား ပရောဖက်တို့၌လည်း၊ မိုက်သောသဘောကို ငါမြင်ပြီ။ သူတို့သည် ဗာလဘုရားကို မှီဝဲ၍ ပရောဖက်ပြုသဖြင့်၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို မှားယွင်းစေကြပြီ။
14
ယေရုရှလင်မြို့သား ပရောဖက်တို့၌လည်း၊ စက်ဆုပ်ရွံရှာဖွယ်သော သဘောကို ငါမြင်ပြီ။ သူတို့သည် မတရားသော မေထုန်၌မှီဝဲလျက်၊ မုသားကိုလည်းသုံးလျက်၊ အဓမ္မပြုသောသူတို့ကို အားပေးတတ်သဖြင့်၊ အဘယ်သူမျှမိမိပြုသော အဓမ္မအမှုကို မစွန့်။ ထိုသူ ရှိသမျှတို့သည် ငါ၌ သောဒုံမြို့သားကဲ့သို့လည်းကောင်း၊ ယေရုရှလင်မြို့သားတို့သည် ဂေါမောရမြို့သားကဲ့သို့လည်းကောင်း ဖြစ်ကြ၏။
15
ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ပရောဖက်တို့အမှု၌ မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးကိုလည်း သောက်စေမည်။ ယေရုရှလင်မြို့သားပရောဖက်တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မအမှုသည် တစ်ပြည်လုံးကို နှံ့ပြားလေပြီ။
16
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍ သင်တို့အား ဟောတတ်သောဆရာတို့၏စကားကို နားမထောင်ကြနှင့်။ သူတို့သည် သင်တို့အား အချည်းနှီးဟောတတ်ကြ၏။ ထာဝရဘုရား၏ နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက် ရူပါရုံကိုမြင်သည်အတိုင်း ဟောပြောတတ်ကြ၏။
17
ထာဝရဘုရား၏နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသော သူတို့အား၊ သင်တို့သည် ငြိမ်ဝပ်ခြင်းရှိကြလိမ့်မည်ဟု ဟောတတ်ကြ၏။ မိမိတို့စိတ်နှလုံး ခိုင်မာခြင်းသဘောသို့ လိုက်သောသူတို့အား၊ သင်တို့သည် ဘေးဥပဒ်နှင့် မတွေ့ရကြဟု ဟောတတ်ကြ၏။
18
ထိုသူတို့တွင် အဘယ်သူသည် ထာဝရဘုရားနှင့် တိုင်ပင်ဘက်ပြုသနည်း။ အဘယ်သူသည် အမှုတော်ကို ကြားမြင်သနည်း။ အဘယ်သူသည် နှုတ်ကပတ်တော်ကို နားထောင်၍ ကြားသနည်း။
19
ထာဝရဘုရား၏ လေပွေတော်သည် ပူသောအရှိန်နှင့် ထွက်၏။ ပြင်းစွာသော လေပွေဖြစ်၍၊ မတရားသော သူတို့ခေါင်းပေါ်မှာ ပြင်းစွာတိုက်လိမ့်မည်။
20
ထာဝရဘုရားသည် လက်စသတ်၍၊ အကြံအစည်တော်ကို ပြည့်စုံစေတော်မမူမီ အမျက်တော်မငြိမ်းရ။ နောက်ကာလ၌ သင်တို့သည် ရှင်းလင်းစွာ နားလည်ကြလိမ့်မည်။
21
ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြပြီ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ။
22
ထိုသူတို့သည် ငါနှင့် တိုင်ပင်ဘက်ပြုလျှင်၊ ငါ့စကားကို ငါ၏လူမျိုးအားဆင့်ဆို၍၊ ငါ၏လူမျိုးကို မတရားသောလမ်းမှလည်းကောင်း၊ မကောင်းသော အကျင့်ဓလေ့မှလည်းကောင်း လွဲသွားစေကြပြီ။
23
ငါသည် နီးသောအရပ်၌သာ ဘုရားဖြစ်သလော။ ဝေးသောအရပ်၌လည်း ဘုရားဖြစ်သည်မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။
24
ငါမမြင်စေခြင်းငှာ အဘယ်သူသည် မထင်ရှားသောအရပ်၌ ပုန်းရှောင်၍ နေနိုင်သနည်းဟု ထာဝရဘုရားမေးတော်မူ၏။ ငါသည် ကောင်းကင်မြေကြီးကို နှံ့ပြားသည် မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။
25
ငါသည် အိပ်မက်မြင်ပြီ၊ အိပ်မက်မြင်ပြီဟု၊ ငါ့နာမကို အမှီပြု၍၊ မုသားဖြင့်ဟောပြောသော ပရောဖက်တို့၏ စကားကို ငါကြားပြီ။
26
ထိုပရောဖက်တို့သည် အဘယ်မျှကာလပတ်လုံး ဤသို့ ကြံစည်ကြလိမ့်မည်နည်း။ သူတို့သည် မုသားစကားကို ဟောပြောတတ်ကြ၏။ ကိုယ်စိတ်နှလုံးလှည့်စားသည်အတိုင်း ဟောပြောတတ်ကြ၏။
27
ဘိုးဘေးတို့သည် ဗာလကြောင့် ငါ့နာမကိုမေ့လျော့သကဲ့သို့၊ သူတို့သည် အိမ်နီးချင်း တစ်ယောက်ကိုတစ်ယောက် ပြောတတ်သော အိပ်မက်များအားဖြင့် ငါ၏လူမျိုးသည် ငါ့နာမကိုမေ့လျော့စေမည်ဟု အကြံရှိကြသည်တကား။
28
အိပ်မက်မြင်သော ပရောဖက်သည် အိပ်မက်စကားကို ပြောပါလေစေ။ ငါ၏နှုတ်ကပတ်တော်ကို ခံရသောသူသည် နှုတ်ကပတ်စကားတော်ကို မှန်ကန်စွာ ဟောပြောပါလေစေ။ အဖျင်းသည် စပါးနှင့် အဘယ်သို့ဆိုင်သနည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
29
ငါ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့လည်းကောင်း၊ ကျောက်ကိုထုချေသော သံတူကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။
30
သို့ဖြစ်၍၊ ငါ့စကားတော်ကို အိမ်နီးချင်း တစ်ယောက်မှတစ်ယောက် ခိုးသောပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
31
မိမိတို့အလိုအလျောက် ဟောပြောလျက်နှင့် အမိန့်တော်ရှိသည်ဟုဆိုသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
32
မှားသောအိပ်မက်ကို ဟောပြော၍၊ မုသားစကားနှင့် အချည်းနှီးစကားအားဖြင့် ငါ၏လူမျိုးကို မှားယွင်းစေသောပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်။ သူတို့ကို ငါမစေလွှတ်၊ မမှာထားသောကြောင့်၊ ဤလူမျိုးသည် ကျေးဇူးမရှိဟု ထာဝရဘုရား မိန့်တော်မူ၏။
33
ဤလူမျိုးတွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက်ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ၊ တစ်စုံတစ်ယောက်က၊ ထာဝရဘုရား၏ ဗျာဒိတ်တော် အဘယ်သို့နည်းဟု သင့်ကိုမေးလျှင်၊ ပြန်ပြောရမည်မှာ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ်တော်ဟူမူကား၊ သင်တို့ကို ငါစွန့်ပစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
34
ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု ပြောဆိုသော ပရောဖက်၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သားကိုလည်းကောင်း၊ ထိုသူ၏ အိမ်သူအိမ်သားတို့ကိုလည်းကောင်း၊ ငါသည် ဒဏ်ပေးမည်။
35
သင်တို့က၊ ထာဝရဘုရားသည် အဘယ်သို့ ပြန်ပြောတော်မူသနည်း ဟူ၍လည်းကောင်း၊ အဘယ်သို့ မိန့်တော်မူသနည်း ဟူ၍လည်းကောင်း၊ အိမ်နီးချင်း၊ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် မေးမြန်းရမည်။
36
ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူ၍ နောက်တစ်ဖန် မဆိုရ။ လူတိုင်း မိမိစကားမှတစ်ပါး အခြားသောဗျာဒိတ်တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရား၊ ငါတို့၏ ဘုရားသခင်တည်းဟူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏စကားတော်ကို ဖျက်ကြပြီ။
37
ထာဝရဘုရားသည် သင့်အား အဘယ်သို့ ပြန်ပြောတော်မူသနည်း။ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု ပရောဖက်ကိုမေးလော့။
38
သင်တို့က၊ ထာဝရဘုရား၏ဗျာဒိတ်တော်ဟု ဆိုကြသည်ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု မဆိုရမည်အကြောင်း၊ ငါပညတ်သော်လည်း၊ သင်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူသော စကားကို သုံးကြသောကြောင့်၊
39
ငါသည် သင်တို့ကိုလည်းကောင်း၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော မြို့ကိုလည်းကောင်း၊ ငါ့ထံမှ အကုန်အစင်ကျုံး၍ ပစ်လိုက်မည်။
40
အစဉ်အမြဲ မမေ့လျော့နိုင်သော ထာဝရကဲ့ရဲ့ခြင်းနှင့် အရှက်ကွဲခြင်းကို သင်တို့အပေါ်မှာ သက်ရောက်စေမည်။
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52