Jeremiah 44

Burmese 2021

← Chapter 43 Chapter 45 →
7ယ​ခု​မှာ ဣ​သ​ရေ​လ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကိုယ်​ကို​ကိုယ် ပယ်​ဖြတ်​လို​သော​ငှာ​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​မှာ လူ​အ​မျိုး​မျိုး​တို့​တွင် ကဲ့​ရဲ့​ကျိန်​ဆဲ​ရာ ဖြစ်​လို​သော​ငှာ​လည်း​ကောင်း၊ သွား၍​နေ​သော အဲ​ဂု​တ္တု​ပြည်၌ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​လျက်၊ ကိုယ်​တိုင်​ပြု​သော​အ​မှု​နှင့် ငါ၏​အ​မျက်​ကို​နှိုး​ဆော်​သ​ဖြင့်၊ သင်​တို့​တွင် တစ်​ယောက်​မျှ မ​ကြွင်း၊ ယု​ဒ​အ​မျိုး ယောက်ျား​မိန်း​မ၊ သူ​ငယ်​နို့​စို့​က​လေး​အ​ပေါင်း​တို့​ကို ပယ်​ဖြတ်​မည်​အ​ကြောင်း၊ ကြီး​စွာ​သော ဒု​စ​ရိုက်​ကို ကိုယ်​စိတ်​ဝိ​ညာဉ်​တစ်​ဖက်၌ အ​ဘယ်​ကြောင့် ပြု​ကြ​သ​နည်း။
← Chapter 43 Chapter 45 →