Jeremiah 33

Burmese 2021

← Chapter 32 Chapter 34 →
11နောက်​တစ်​ဖန် ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သား​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​အ​သံ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့​ဟု​ဆို​သော သူ​တို့၏​အ​သံ၊ ချီး​မွမ်း​ရာ​ပူ​ဇော်​သ​ကာ​ကို ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့​သော သူ​တို့၏ အ​သံ​ကို ကြား​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ပြည်​သား​တို့​ကို ငါ​ဆောင်​ခဲ့၍၊ အ​ရင်​ကဲ့​သို့ နေ​စေ​မည်​ဟု မိန့်​တော်​မူ၏။
← Chapter 32 Chapter 34 →