bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Jeremiah 50
Jeremiah 50
Burmese 2021
← Chapter 49
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 51 →
1
ထာဝရဘုရားသည် ဗာဗုလုန်မြို့နှင့် ခါလဒဲပြည်ကိုရည်မှတ်၍၊ ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူသော စကားဟူမူကား၊
2
လူမျိုးတို့တွင် သတင်းကြားပြောကြလော့။ ဝှက်၍မထားဘဲ အလံကိုထူ၍ ကြော်ငြာကြလော့။ ကြားပြောရသောစကားဟူမူကား၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ။ ဗေလဘုရားသည် အရှက်ကွဲပြီ။ မေရောဒပ်ဘုရားသည် ကျိုးပြီ။ ဗာဗုလုန် ရုပ်တုဆင်းတုတို့သည် အရှက်ကွဲ၍ ကျိုးပဲ့လျက်ရှိကြ၏။
3
လူတစ်မျိုးသည် မြောက်မျက်နှာမှ လာ၍ ဗာဗုလုန်ပြည်ကို သုတ်သင်ပယ်ရှင်းလိမ့်မည်။ နေသောသူမရှိရ။ လူနှင့် တိရစ္ဆာန်တို့သည် အကုန်အစင် ထွက်သွားကြလိမ့်မည်။
4
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ယုဒအမျိုးသားတို့နှင့် ပေါင်းဖက်၍ လာကြလိမ့်မည်။ မျက်ရည်ကျလျက်၊ ခရီးသွားလျက်၊ သူတို့၏ဘုရားသခင် ထာဝရဘုရားကို သွား၍ ရှာကြလိမ့်မည်။
5
ဇိအုန်မြို့သို့ မျက်နှာပြု၍ လမ်းကို ရှာကြလိမ့်မည်။ အစဉ်မမေ့လျော့ရသော ပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ မိတ်သဟာယဖွဲ့ကြလိမ့်မည်။
6
ငါ၏လူတို့သည် ပျောက်သောသိုးဖြစ်ကြပြီ။ သိုးထိန်းတို့သည် တောင်များပေါ်မှာ လမ်းလွဲစေကြပြီ။ သူတို့သည် တောင်တစ်လုံးမှတစ်လုံးသို့ လမ်းလွဲသွား၍၊ ငြိမ်ဝပ်သောအရပ်ကို မေ့လျော့ကြပြီ။
7
သူတို့ကို တွေ့ကြုံသမျှသော သူတို့သည် ကိုက်စားကြပြီ။ ရန်သူတို့က၊ သူတို့သည် တရားသောငြိမ်ဝပ်ရာ၊ ဘိုးဘေးတို့ခိုလှုံရာ ထာဝရဘုရားကိုပြစ်မှားသောကြောင့်၊ ငါတို့သည် ကိုက်စားသော်လည်း မလွန်ကျူးဟု ပြောဆိုကြပြီ။
8
ဗာဗုလုန်မြို့ထဲက ပြေးကြလော့။ ခါလဒဲပြည်မှထွက်သွားကြလော့။ သိုးစုရှေ့၌ သိုးထီးကဲ့သို့ ပြုကြလော့။
9
အကြောင်းမူကား၊ မြောက်မျက်နှာအရပ်၌ ကြီးစွာသော တိုင်းနိုင်ငံသားအစုအဝေးကို ငါနှိုးဆော်၍၊ ဗာဗုလုန်မြို့သို့ ဆောင်ခဲ့မည်။ သူတို့သည် မြို့တစ်ဖက်၌ တပ်ခင်းကျင်း၍ တိုက်ယူကြလိမ့်မည်။ သူတို့ပစ်သောမြားတို့သည် လိမ္မာသော စစ်သူရဲ၏မြားကဲ့သို့ဖြစ်၍ မမှန်ဘဲမနေရ။
10
ခါလဒဲပြည်သည် လုယူရာဖြစ်၍၊ လုယူသောသူတို့သည် ဝကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
11
ငါ့အမွေကိုဖျက်ဆီးသောသူတို့၊ သင်တို့သည် ဝမ်းမြောက်ရွှင်လန်းကြပြီ။ ကျက်စားသောနွားမကဲ့သို့ ခုန်ကြပြီ။ မြင်းထီးကဲ့သို့ ဟီကြပြီ။
12
ထိုကြောင့်၊ သင်တို့အမိသည် မိန်းမောတွေဝေလိမ့်မည်။ သင်တို့ကိုမွေးဖွားသောသူသည် အရှက်ကွဲလိမ့်မည်။ ပြည်တကာတို့တွင် အယုတ်ဆုံးသောပြည်၊ သုတ်သင်သောအရပ်၊ သွေ့ခြောက်သောလွင်ပြင် ဖြစ်ရလိမ့်မည်။
13
ထာဝရဘုရား၏အမျက်တော်ကြောင့် နောက်တစ်ဖန်လူမနေရ။ ဆိတ်ညံသောအရပ် သက်သက်ဖြစ်ရလိမ့်မည်။ ဗာဗုလုန်မြို့နားမှာ ရောက်သွားသောသူတိုင်း အံ့ဩ၍၊ သူခံရသောဘေးဥပဒ်ကိုထောက်လျက်၊ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
14
ဗာဗုလုန်မြို့ပတ်လည်၌ တပ်ခင်းကျင်းကြလော့။ သူသည် ထာဝရဘုရားကိုပြစ်မှားသောကြောင့်၊ လေးသမားအပေါင်းတို့၊ မြားကိုမနှမြောဘဲ ပစ်ကြလော့။
15
မြို့ပတ်လည်၌ ကြွေးကြော်ကြလော့။ သူသည်ဝန်ချပြီ။ မြို့ရိုးနှင့် ပြအိုးတို့သည် ပြိုလဲကြပြီ။ ထာဝရဘုရား၏အမျက်တော်ပြေခြင်း အမှုဖြစ်၍၊ သူ့ကိုအပြစ်နှင့်အလျောက် စီရင်ကြလော့။ သူသည်ပြုဖူးသည်အတိုင်း သူ၌ပြုကြလော့။
16
ဗာဗုလုန်မြို့၌ မျိုးစေ့ကြဲသောသူနှင့် စပါးရိတ်သောသူတို့ကို ပယ်ဖြတ်ကြလော့။ ညှဉ်းဆဲတတ်သော ဓားကိုကြောက်သောကြောင့်၊ အသီးအသီးတို့သည် မိမိတို့လူမျိုးနေရာသို့ပြန်သွား၍၊ မိမိတို့ပြည်သို့ ပြေးကြလိမ့်မည်။
17
ဣသရေလသည် အရပ်ရပ်သို့လွင့်ပြေးရသော သိုးဖြစ်၏။ ခြင်္သေ့တို့သည် နှောင့်ယှက်ကြပြီ။ အာရှုရိရှင်ဘုရင်သည် ရှေ့ဦးစွာ ကိုက်စားပြီ။ နောက်မှ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် သူ၏အရိုးတို့ကို ချိုးဖဲ့ပြီ။
18
ထိုကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် အာရှုရိရှင်ဘုရင်ကို ဒဏ်ပေးသည်နည်းတူ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံကို ဒဏ်ပေးမည်။
19
ဣသရေလကို သူ၏နေရင်းအရပ်သို့ ငါဆောင်ခဲ့ဦးမည်။ သူသည် ကရမေလတောင်နှင့် ဗာရှန်တောင်ပေါ်မှာကျက်စား၍၊ ဧဖရိမ်တောင်နှင့် ဂိလဒ်တောင်ပေါ်မှာ ဝလိမ့်မည်။
20
ထိုကာလအခါ ဣသရေလအပြစ်ကို စစ်ကြောသော်လည်း အပြစ်မပေါ်ရာ။ ယုဒဒုစရိုက်တို့ကို ရှာ၍ မတွေ့ရာ။ ငါချန်ထားသော သူတို့၏အပြစ်ကို ငါဖြေရှင်းမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
21
ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သောပြည်သားတို့ရှိရာသို့ စစ်ချီကြလော့။ သုတ်သင်ပယ်ရှင်း၍ သူတို့အမျိုးအနွယ်ကို အကုန်အစင် ဖျက်ဆီးကြလော့။ ငါမှာထားသမျှအတိုင်းပြုကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။
22
ထိုပြည်၌ စစ်တိုက်ခြင်းအသံ၊ ကြီးစွာသော ဖျက်ဆီးခြင်းအသံကို ကြားရ၏။
23
မြေတစ်ပြင်လုံးကို ရိုက်နှက်သော သံတူသည် ကျိုးပြတ်လေပြီတကား၊ ဗာဗုလုန်မြို့သည် လူမျိုးတို့တွင် အံ့ဩရာဖြစ်လေပြီတကား။
24
အို ဗာဗုလုန်မြို့၊ သင့်အဖို့ကျော့ကွင်းကို ငါထောင်ထားသဖြင့်၊ သင်သည် သတိလစ်၍ကျော့မိပြီ။ ထာဝရဘုရား၏အာဏာတော်ကို ဆန်သောကြောင့်၊ ရန်သူတွေ့၍ တိုက်ယူပြီ။
25
ထာဝရဘုရားသည် လက်နက်စုံတိုက်တော်ကိုဖွင့်၍၊ အမျက်တော်လက်နက်တို့ကို ထုတ်တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် ခါလဒဲပြည်၌ ပြုတော်မူသောအမှုပေတည်း။
26
မြို့တစ်ဖက်မှ တစ်ဖက်တိုင်အောင် တိုက်ကြလော့။ စပါးကျီတို့ကို ဖွင့်၍၊ စပါးပုံများကဲ့သို့ပုံထားလျက်၊ အလျှင်းမကြွင်းစေခြင်းငှာ ရှင်းရှင်းဖျက်ဆီးကြလော့။
27
သူ၏ နွားဥသဘရှိသမျှတို့ကို သတ်ကြလော့။ သတ်ရာအရပ်သို့ ဆင်းသွားစေကြလော့။ သူတို့သည် အမင်္ဂလာရှိကြ၏။ အကယ်စင်စစ် သူတို့အချိန်၊ ဆုံးမခြင်းကို ခံရသောအချိန်ရောက်လေပြီ။
28
ငါတို့ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ပြေခြင်း၊ ဗိမာန်တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းသတင်းကို ဇိအုန်မြို့၌ ကြားပြောအံ့သောငှာ၊ ဗာဗုလုန်ပြည်မှ ပြေးလွတ်သောသူတို့၏ အသံကို ကြားရ၏။
29
လေးသမားတို့ကို ဗာဗုလုန်မြို့သို့ ခေါ်ကြလော့။ ပစ်တတ်သောသူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချကြလော့။ မြို့သူမြို့သား တစ်ယောက်ကိုမျှ မလွတ်စေနှင့်။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြလော့။ သူပြုဖူးသမျှအတိုင်း သူ၌ပြုကြလော့။ သူသည် ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၊ ထာဝရဘုရားတစ်ဖက်၌ ဝါကြွားပြီတကား။
30
ထိုကြောင့်၊ မြို့သားလုလင်တို့သည် လမ်းမတို့၌လဲနေ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
31
ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အို မာနကြီးသောသူ၊ သင့်တစ်ဖက်၌ ငါနေ၏။ အကယ်စင်စစ် သင်၏အချိန်၊ ဆုံးမခြင်းကိုခံရသောအချိန်ရောက်လေပြီ။
32
မာနကြီးသောသူသည် ထိမိ၍လဲပြီးမှ အဘယ်သူမျှ မကြွရ။ ငါသည်လည်း သူ့နေရာမြို့တို့ကို မီးရှို့၍၊ သူ့ပတ်လည်၌နေသော သူအပေါင်းတို့ကိုလောင်လိမ့်မည်ဟု မိန့်တော်မူ၏။
33
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့နှင့် တကွ ယုဒအမျိုးသားတို့သည် ညှဉ်းဆဲခြင်းကို ခံရကြပြီ။ သူတို့ကို သိမ်းသွားသောသူရှိသမျှတို့သည် ချုပ်ထားပြီးလျှင်၊ ငါတို့သည် မလွှတ်ဟု ငြင်းပယ်လျက်နေကြပြီ။
34
သို့ရာတွင်၊ သူတို့ကိုရွေးနုတ်သောသခင်သည် အားကြီး၏။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ ထိုသခင်သည် သူတို့အမှုကို ကျပ်တည်းစွာစောင့်၍၊ ပြည်တော်ကို ငြိမ်ဝပ်စေလျက်၊ ဗာဗုလုန် မြို့သူမြို့သားတို့ကို နှောင့်ယှက်လျက် ပြုတော်မူမည်။
35
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဓားဘေးသည် ခါလဒဲပြည်သူ၊ ဗာဗုလုန်မြို့သားတို့နှင့်တကွ မင်းများ၊ ပညာရှိများအပေါ်သို့ သင့်ရောက်လိမ့်မည်။
36
ဓားဘေးသည် မိစ္ဆာဆရာတို့အပေါ်သို့ ရောက်၍၊ သူတို့သည် အရူးဖြစ်ကြလိမ့်မည်။ ဓားဘေးသည် ထိုမြို့သား စစ်သူရဲတို့အပေါ်သို့ ရောက်၍၊ သူတို့သည် စိတ်ပျက်ကြလိမ့်မည်။
37
ဓားဘေးသည် မြင်းများ၊ ရထားများ၊ မြို့ထဲမှာ နေသောလူအမျိုးမျိုးရှိသမျှတို့ အပေါ်သို့ ရောက်၍၊ သူတို့သည် မိန်းမကဲ့သို့ ဖြစ်ကြလိမ့်မည်။ ဓားဘေးသည် မြို့ဘဏ္ဍာအပေါ်သို့ရောက်၍၊ ရန်သူတို့သည် လုယူကြလိမ့်မည်။
38
ခန်းခြောက်ခြင်းဘေးသည် မြို့၏ရေတို့အပေါ်သို့ ရောက်၍ ခန်းခြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုပြည်သည် ရုပ်တုတို့နှင့် အပြည့်ရှိ၏။ ပြည်သားတို့သည် ဆင်းတုတို့ကို အမှီပြု၍ ဝါကြွားကြ၏။
39
ထိုကြောင့်၊ တောသားရဲတို့သည် တောခွေးတို့နှင့်တကွ ထိုမြို့၌ နေကြလိမ့်မည်။ ကုလားအုတ်ငှက်တို့သည်လည်း နေရာကျကြလိမ့်မည်။ နောက်တစ်ဖန် အဘယ်သူမျှမနေရ။ ကာလအစဉ်အဆက် လူနေရာမဖြစ်ရ။
40
သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ နီးစပ်သော မြို့များကို ဘုရားသခင် ဖျက်ဆီးတော်မူသဖြင့် လူဆိတ်ညံသကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှ မနေရ၊ လူသားတစ်စုံတစ်ယောက်မျှ နေရာမကျရဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
41
ကြည့်ရှုလော့။ လူမျိုးတစ်မျိုးသည် မြောက်မျက်နှာမှလာ၏။ ကြီးစွာသောလူမျိုးနှင့် များစွာသော ရှင်ဘုရင်တို့သည် မြေကြီးစွန်းတို့မှ ပေါ်လာကြ၏။
42
လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ်သောအမျိုးဖြစ်၍ သနားခြင်းကရုဏာ မရှိ။ သူတို့စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အို ဗာဗုလုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်းစီး၍၊ သင်ရှိရာသို့ ချီလာကြလိမ့်မည်။
43
သူတို့၏သတင်းကို ဗာဗုလုန်ရှင်ဘုရင်သည်ကြား၍ လက်အားလျော့၏။ ဒုက္ခဆင်းရဲကိုလည်းကောင်း၊ သားဖွားသောမိန်းမ ခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကိုလည်းကောင်းခံရ၏။
44
ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှတက်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့ တက်သောအခါ၊ နေသောသူသည် ချက်ချင်းပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကိုလည်း ဗာဗုလုန်မြို့အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။
45
သို့ဖြစ်၍၊ ထာဝရဘုရားသည် ဗာဗုလုန်မြို့တစ်ဖက်၌ ကြံစည်တော်မူသောအကြံ၊ ခါလဒဲပြည်တစ်ဖက်၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် အားမရှိသောထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ် သူတို့ရှိရာသို့ လာ၍၊ ကျက်စားရာအရပ်ကို ဖျက်ဆီးလိမ့်မည်။
46
ဗာဗုလုန်မြို့ကို တိုက်ယူသောအသံကြောင့် မြေကြီးလှုပ်ရှား၏။ အော်ဟစ်သောအသံကို လူအမျိုးမျိုးတို့သည် ကြားရကြ၏။
← Chapter 49
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 51 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52