bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Judges 15
Judges 15
Burmese 2021
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 16 →
1
နောက်တစ်ဖန် ဂျုံစပါးရိတ်ရာ ကာလ၌ ရှံဆုန်သည် ဆိတ်သငယ်ပါလျက်၊ မိမိမယားကို ကြည့်ရှုခြင်းငှာ သွား၍၊ သူ့အခန်းထဲမှာ သူနှင့်အတူအိပ်မည်ဟု ကြံသော်၊ ယောက္ခမသည် ဆီးတား၍၊
2
သင်သည် ငါ့သမီးကို ဆက်ဆက်မုန်းသည်ဟု ငါအထင်ရောက်သောကြောင့်၊ သင့်အပေါင်းအဖော်အား ငါပေးစားပြီ။ သူ့ညီမသည် သူ့ထက်သာ၍လှသည် မဟုတ်လော။ အစ်မ၏ကိုယ်စား ညီမကိုယူပါတော့ဟု ဆို၏။
3
ထိုအမှုကို ထောက်၍ ရှံဆုန်က၊ ငါသည် ဖိလိတ္တိလူတို့၌ အပြစ်ပြုသော်လည်း၊ သူတို့သည် ငါ့ကိုအပြစ်တင်စရာမရှိဟု ဆိုသည်နှင့်အညီ၊
4
သွား၍ မြေခွေးသုံးရာတို့ကို ဖမ်းပြီးမှ၊ မြေခွေးအမြီး တစ်ခုနှင့်တစ်ခုကို ပေါင်းလျက်၊ အမြီးနှစ်ခုကြား၌ မီးရှူးကိုစည်း၍၊
5
မီးရှူးတို့ကို မီးညှိသဖြင့် ဖိလိတ္တိလူတို့ စပါးလယ်ထဲသို့ လွှတ်လိုက်၍ စပါးပင်ကိုလည်းကောင်း၊ ကောက်လှိုင်းကိုလည်းကောင်း၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကိုလည်းကောင်း မီးလောင်လေ၏။
6
ဖိလိတ္တိလူတို့ကလည်း၊ ဤအမှုကို အဘယ်သူပြုသနည်းဟု မေးမြန်းသော်၊ တိမနတ်မြို့သား၏သားမက် ရှံဆုန်ပြုပြီ။ သူ၏မယားကို သူ၏အပေါင်းအဖော်အား ပေးစားပြီတကားဟု ပြန်ပြောလျှင်၊ ဖိလိတ္တိလူတို့သည်လာ၍ ထိုမိန်းမနှင့် သူ၏အဘကို မီးရှို့ကြ၏။
7
ရှံဆုန်ကလည်း၊ ထိုသို့ပြုသောကြောင့် ငါသည် စိတ်ပြေအောင် ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက်စွာနေမည်ဟု ဆိုလျက်၊
8
သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် တစ်ပြိုင်နက် ရိုက်သတ်ပြီးလျှင် ဧတံကျောက်ထိပ်သို့ သွား၍ နေ၏။
9
တစ်ဖန် ဖိလိတ္တိလူတို့သည် ယုဒပြည်သို့ချီသွား၍ တပ်ချသဖြင့်၊ လေဟိအရပ်၌ အနှံ့အပြားနေကြ၏။
10
ယုဒလူတို့ကလည်း၊ အဘယ်ကြောင့် ချီလာကြသနည်းဟုမေးသော်၊ ငါတို့၌ ရှံဆုန်ပြုသကဲ့သို့ သူ့ကိုချည်နှောင်၍ ပြုခြင်းငှာ ချီလာသည်ဟု ပြန်ပြောကြ၏။
11
ထိုအခါ ယုဒလူသုံးထောင်တို့သည် ဧတံကျောက်ထိပ်သို့သွား၍၊ ဖိလိတ္တိလူတို့သည် ငါတို့သခင်ဖြစ်ကြောင်းကို သင်မသိသလော။ သင်သည် ငါတို့၌ အဘယ်သို့ပြုသနည်းဟုမေးသော်၊ ငါ၌ သူတို့ပြုသကဲ့သို့ သူတို့၌ငါပြုပြီဟု ပြန်ပြော၏။
12
သူတို့ကလည်း၊ သင့်ကို ချည်နှောင်၍ ဖိလိတ္တိလူတို့လက်သို့ အပ်ခြင်းငှာ ယခု ငါတို့လာကြပြီဟုဆိုသော်၊ ရှံဆုန်က၊ သင်တို့သည် ကိုယ်တိုင် ငါ့ကိုမလုပ်ကြံပါဟု ကျိန်ဆိုကြလော့ဟု ဆိုလျှင်၊
13
သူတို့က၊ ငါတို့သည် မလုပ်ကြံပါ။ ကျပ်ကျပ်ချည်နှောင်၍ သူတို့လက်၌ အပ်မည်။ အကယ်စင်စစ် ကိုယ်တိုင်သင့်ကို မသတ်ပါဟုဆိုလျက် ကြိုးသစ်နှစ်စင်းဖြင့် ချည်နှောင်၍ ကျောက်ပေါ်က ဆောင်ခဲ့ကြ၏။
14
လေဟိအရပ်သို့ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် ကြွေးကြော်ကြ၏။ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူ့လက်၌ ချည်သောကြိုးတို့သည် မီးထိသော ပိုက်ဆန်ရိုးကဲ့သို့ ဖြစ်၍ အချည်အနှောင်ကျွတ်လေ၏။
15
သူသည်လည်း မြည်းမေးရိုးလတ်လတ်ကိုတွေ့၍ ကိုင်ယူပြီးလျှင် လူတစ်ထောင်တို့ကို သတ်လေ၏။
16
သတ်ပြီးလျှင် မြည်းမေးရိုးဖြင့် အပုံပုံ၊ မြည်းမေးရိုးဖြင့် လူတစ်ထောင်ကို ငါသတ်လေပြီဟုဆိုသောနောက်၊
17
မြည်းမေးရိုးကို ပစ်လိုက်၍၊ ထိုအရပ်ကို ရာမတ်လေဟိအမည်ဖြင့် တွင်လေ၏။
18
အလွန်ရေငတ်၍ ထာဝရဘုရားကို ဆုတောင်းလျက်၊ ကိုယ်တော်သည် ဤကြီးစွာသော ကယ်တင်ခြင်းကို ကိုယ်တော်၏ကျွန်လက်၌ ပေးတော်မူပြီးမှ၊ ယခု အကျွန်ုပ်သည် ရေငတ်သဖြင့်သေ၍ အရေဖျားလှီးခြင်းကို မခံသောလူတို့လက်သို့ ရောက်ရပါမည်လောဟု လျှောက်သော်၊
19
လေဟိအရပ်၌ ချိုင့်ဝှမ်းရာကို ဘုရားသခင်ဖောက်တော်မူ၍ ရေထွက်လေ၏။ သူသည် ရေကိုသောက်သဖြင့် အသက်ရှူပြန်၍ အားဖြည့်လေ၏။ သို့ဖြစ်၍ ထိုချိုင့်ဝှမ်းရာကို အဟက္ကောရအမည်ဖြင့် တွင်၍ ယနေ့တိုင်အောင် လေဟိအရပ်၌ ရှိသတည်း။
20
ရှံဆုန်သည်လည်း ဖိလိတ္တိလူတို့လက်ထက် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်အုပ်စိုးလေ၏။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Recommended Reading
Commentary
Judges Commentaries
→
Devotional
Judges Devotional Guide
→
Get This Bible
Burmese Study Bible
→