bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Judges 20
Judges 20
Burmese 2021
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 21 →
1
ထိုအခါ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ ဂိလဒ်ပြည်သားတို့နှင့်တကွ ထလျက်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ပရိသတ်အပေါင်းတို့သည် တစ်ယောက်သောသူကဲ့သို့ မိဇပါမြို့၊ ထာဝရဘုရားထံတော်၌ စည်းဝေးကြ၏။
2
ဣသရေလ အမျိုးအနွယ်အပေါင်း၊ ပြည်သားအပေါင်းတို့၏ အကြီးအကဲတို့သည် စည်းဝေးကြသော်၊ ဘုရားသခင်၏လူ၊ ဓားလက်နက်စွဲကိုင်သော ခြေသည်သူရဲ လေးသိန်းနှင့်တကွ ချဉ်းကပ်ကြ၏။
3
ဣသရေလအမျိုးသားတို့သည် မိဇပါမြို့သို့ သွားကြောင်းကို ဗင်္ယာမိန်အမျိုးသားတို့သည် ကြားသိကြ၏။ ဣသရေလအမျိုးသားတို့က၊ ထိုအဓမ္မအမှုကား အဘယ်သို့နည်းဟု မေးမြန်းလျှင်၊
4
အသေခံရသော မိန်းမ၏လင် လေဝိလူက၊ အကျွန်ုပ်သည် မယားငယ်နှင့်အတူလာ၍ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့မှာ ညကိုလွန်စေပါ၏။
5
ညအခါ ဂိဗာမြို့သားတို့သည် ထ၍ အကျွန်ုပ်တည်းခိုသောအိမ်ကို ဝိုင်းလျက်၊ အကျွန်ုပ်ကို တိုက်သတ်မည် အားထုတ်ကြပါ၏။ မယားငယ် သေသည်တိုင်အောင် ရှုတ်ချကြပါ၏။
6
အကျွန်ုပ်သည်လည်း မယားငယ်အကောင်ကိုယူ၍ အပိုင်းပိုင်းဖြတ်ပြီးမှ၊ ဣသရေလအမျိုး အမွေခံရာ ပြည်တစ်လျှောက်လုံးသို့ ပေးလိုက်ပါ၏။ အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ ဆိုးညစ်သောအမှု၊ အဓမ္မအမှုကို ပြုကြပါပြီ။
7
သင်တို့ရှိသမျှသည် ဣသရေလအမျိုး ဖြစ်ကြပါ၏။ ဤအရပ်၌ တိုင်ပင်စီရင်ကြပါလော့ဟု ပြောဆိုလေ၏။
8
လူအပေါင်းတို့သည် တစ်ယောက်သောသူကဲ့သို့ ထ၍ ငါတို့သည် တစ်ယောက်မျှ မိမိတဲသို့မသွား၊ မိမိအိမ်သို့မပြန်။
9
ဂိဗာမြို့၌ အဘယ်သို့ ပြုမည်နည်းဟူမူကား၊ စာရေးတံချ၍ အတိုက်သွားမည်။
10
ဗင်္ယာမိန်ခရိုင် ဂိဗာမြို့သားတို့သည်၊ ဣသရေလအမျိုးတို့၌ ပြုသမျှသော အဓမ္မအမှုနှင့်ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက်၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူတို့စားစရိတ်ကို ပို့စေခြင်းငှာ ဣသရေလအမျိုးအနွယ်အပေါင်းတို့၌ လူတစ်ရာတွင် တစ်ဆယ်၊ တစ်ထောင်တွင် တစ်ရာ၊ တစ်သောင်းတွင် တစ်ထောင်တို့ကို ရွေးကောက်ကြကုန်အံ့ဟု ဆိုလျက်၊
11
ဣသရေလအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့တစ်ဖက်၌စည်းဝေး၍ တစ်ယောက်သောသူကဲ့သို့ သင်းဖွဲ့လျက်နေကြ၏။
12
ဣသရေလအမျိုးသားတို့သည်၊ ဗင်္ယာမိန်ခရိုင်တစ်လျှောက်လုံးသို့ စေလွှတ်၍၊ သင်တို့တွင်ပြုသော ဤအဓမ္မအမှုကား အဘယ်သို့နည်း။
13
ယခုမှာ ဂိဗာမြို့၌ရှိသော ထိုအဓမ္မလူတို့ကို ငါတို့ယူ၍သတ်သဖြင့် ဣသရေလအမျိုးထဲက ဒုစရိုက်အပြစ်ကို ပယ်ရှားမည်အကြောင်း ထိုလူတို့ကိုအပ်ကြပါဟု မှာလိုက်ကြ၏။ သို့ရာတွင် ဗင်္ယာမိန်အမျိုးသားတို့သည်၊ ညီအစ်ကို ဣသရေလအမျိုးသားတို့စကားကို နားမထောင်ဘဲ၊
14
ထိုအမျိုးသားတို့ကို စစ်တိုက်ခြင်းငှာ၊ အမြို့မြို့အရွာရွာကထွက်၍ ဂိဗာမြို့၌ စည်းဝေးကြ၏။
15
ထိုအခါ ဂိဗာမြို့သား ယောက်ျားကောင်း ခုနစ်ရာမှတစ်ပါး အမြို့မြို့အရွာရွာကလာသော ဗင်္ယာမိန် အမျိုးသားအရေအတွက်ကား၊ ဓားလက်နက်စွဲကိုင်သောသူ နှစ်သောင်းခြောက်ထောင်တည်း။
16
ထိုလူအပေါင်းတို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည်တစ်ပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ်နိုင်သော ယောက်ျားကောင်း ခုနစ်ရာပါသတည်း။
17
ဗင်္ယာမိန်အမျိုးသားမှတစ်ပါး ဓားလက်နက်စွဲကိုင်၍ စစ်သူရဲဖြစ်သော ဣသရေလအမျိုးသားအရေအတွက်ကား လေးသိန်းတည်း။
18
ဣသရေလအမျိုးသားတို့သည် ဘုရားသခင်၏အိမ်တော်သို့ ထ၍ သွားပြီးလျှင်၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန်အမျိုးကို အဦးချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော်၌ မေးလျှောက်ကြသော်၊ ထာဝရဘုရားက၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ၏။
19
နံနက်စောစော ဣသရေလအမျိုးသားတို့သည် ထ၍ ဂိဗာမြို့အနား၌ တပ်ချပြီးမှ၊
20
ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်ခြင်းငှာချီသွား၍ ဂိဗာမြို့ရှေ့မှာ စစ်ခင်းကျင်းလျက် နေကြ၏။
21
ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲကထွက်ပြီးလျှင်၊ ထိုနေ့တွင် ဣသရေလလူ နှစ်သောင်းနှစ်ထောင်တို့ကို မြေပေါ်မှာလှဲ၍ သတ်ကြ၏။
22
သို့ရာတွင် ဣသရေလအမျိုးသားတို့သည် ရဲရင့်သောစိတ်ကိုယူ၍ ပထမနေ့တွင် စစ်ခင်းကျင်းသောအရပ်၌ တစ်ဖန် ခင်းကျင်းကြ၏။
23
ထာဝရဘုရားထံတော်သို့ သွား၍ ညဉ့်ဦးယံတိုင်အောင် ငိုကြွေးလျက်၊ အကျွန်ုပ်တို့ညီ ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန် စစ်တိုက်ရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက ချီသွားကြလော့ဟု မိန့်တော်မူ၏။
24
ဒုတိယနေ့တွင် ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးတို့အနီးသို့ ချဉ်းကြသောအခါ၊
25
ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ဓားလက်နက်စွဲကိုင်သော ဣသရေလလူ တစ်သောင်းရှစ်ထောင်တို့ကို မြေပေါ်၌လှဲ၍ သတ်ကြ၏။
26
ထိုအခါ ဣသရေလ အမျိုးသားအပေါင်းတို့သည် ဘုရားသခင်အိမ်တော်သို့သွား၍ ငိုကြွေးလျက်၊ ထာဝရဘုရားထံတော်၌ ဝပ်လျက်၊ တစ်နေ့လုံး ညဉ့်ဦးယံတိုင်အောင် အစာကိုရှောင်၍ ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။
27
ထိုကာလ၌ ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ပါလျက်၊ အာရုန်၏သားဖြစ်သော ဧလာဇာ၏သား ဖိနဟတ်သည်၊ သေတ္တာတော်ရှေ့မှာ အမှုစောင့်သည်ဖြစ်၍၊
28
ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့ ညီဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွား၍ တိုက်ရပါမည်လော၊ မသွားဘဲနေရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက သွားကြလော့။ နက်ဖြန်နေ့တွင် သူတို့ကို သင်တို့လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။
29
ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည်၌ ကင်းစောင့်လူတို့ကို ထားပြီးမှ၊
30
တတိယနေ့တွင် ဗင်္ယာမိန်အမျိုးသားတို့ရှိရာသို့ ချီသွား၍၊ ယမန်ကဲ့သို့ ဂိဗာမြို့အနား၌ စစ်ခင်းကျင်းလျက် နေကြ၏။
31
ဗင်္ယာမိန်အမျိုးသားတို့သည် အတိုက်ထွက်၍ မြို့နှင့်ကွာသွားကြ၏။ ဗေသလမြို့သို့သွားသောလမ်း၊ ဂိဗာတောရွာသို့ သွားသောလမ်းတွင် ယမန်ကဲ့သို့ ဣသရေလအမျိုး သူရဲတို့ကို လုပ်ကြံစပြု၍ လူသုံးဆယ်ခန့်မျှ သေကြ၏။
32
ဗင်္ယာမိန်အမျိုးသားတို့က၊ သူတို့သည် ယမန်ကဲ့သို့ ငါတို့ရှေ့မှာရှုံးကြပြီဟု ဆိုသော်လည်း၊ ဣသရေလအမျိုးသားတို့က ပြေးကြကုန်အံ့၊ သူတို့ကို မြို့နှင့်ဝေးသောလမ်းတို့သို့ သွေးဆောင်ကြကုန်အံ့ဟု ဆိုလျက်၊
33
ဣသရေလလူအပေါင်းတို့သည် မိမိတို့နေရာအရပ်မှထ၍ ဗာလတာမာမြို့၌ စစ်ခင်းကြ၏။ ကင်းစောင့်လျက်နေသော ဣသရေလလူတို့သည်လည်း မိမိတို့နေရာ ဂိဗာလွင်ပြင်မှ ထကြသဖြင့်၊
34
ဣသရေလအမျိုးသား ယောက်ျားကောင်းတစ်သောင်းတို့သည် ဂိဗာမြို့သို့ချီလာ၍၊ ဗင်္ယာမိန်အမျိုးသားတို့သည် ဘေးရောက်လုနီးသည်ကို မရိပ်မိသောကြောင့်၊ ကျပ်တည်းစွာ ဆီး၍တိုက်ကြ၏။
35
ထိုအခါ ထာဝရဘုရားသည် ဗင်္ယာမိန်လူတို့ကို ဣသရေလလူတို့ရှေ့မှာ ရှုံးစေတော်မူသဖြင့်၊ ထိုနေ့တွင် ဣသရေလလူတို့သည် ဓားလက်နက်စွဲကိုင်သော ဗင်္ယာမိန်လူ နှစ်သောင်းငါးထောင်တစ်ရာတို့ကို ပယ်ရှင်းကြ၏။
36
ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ရှုံးသည်ကို သိမြင်ကြ၏။ ဣသရေလူတို့သည်၊ ဂိဗာမြို့အနား၌ထားသော ကင်းတပ်ကို ကိုးစားသောကြောင့်၊ အစက ဗင်္ယာမိန်လူတို့ရှေ့မှာဆုတ်ကြ၏။
37
ကင်းတပ်သားတို့သည် ဂိဗာမြို့သို့ တစ်ဟုန်တည်းပြေးဝင်၍ အနှံ့အပြားတိုက်သဖြင့် တစ်မြို့လုံးကို ဓားနှင့်လုပ်ကြံကြ၏။
38
မြို့ထဲမှာ ကြီးစွာသော မီးခိုးတက်စေရမည်အကြောင်း ဣသရေလလူတို့သည် ကင်းစောင့်လူတို့အား အကြံပေးနှင့်ကြပြီဖြစ်၍၊
39
ဣသရေလလူတို့သည် စစ်တိုက်ရာတွင် ဆုတ်သောအခါ၊ ဗင်္ယာမိန်လူတို့က၊ အကယ်၍ သူတို့သည် ယမန်စစ်ရှုံးသကဲ့သို့ ငါတို့ရှေ့မှာရှုံးကြပြီဟု ဆိုလျက် သူရဲတို့ကိုလုပ်ကြံစပြု၍ လူသုံးဆယ်ခန့်မျှ သေကြ၏။
40
တစ်ဖန် မီးလောင်၍ ထူထပ်သောမီးခိုးသည် မြို့ထဲမှာ တက်စရှိသောအခါ၊ ဗင်္ယာမိန်လူတို့သည် ပြန်ကြည့်၍ မြို့ကိုလောင်သော မီးလျှံသည် မိုးကောင်းကင်သို့ တက်သည်ကို မြင်ကြ၍၊
41
ဣသရေလလူတို့သည် လှည့်၍ပြန်သောအခါ၊ ဗင်္ယာမိန်လူတို့သည် ဘေးရောက်ကြောင်းကို သိမြင်လျှင်၊
42
မိန်းမောတွေဝေ၍ ဣသရေလလူတို့ရှေ့မှာ တောလမ်းသို့ပြေးသော်လည်း၊ စစ်တိုက်လိုက်လာသော သူတို့သည်မီသဖြင့် ပြေးသောသူတို့ကိုလည်းကောင်း၊ မြို့ရွာများထဲက ထွက်လာသောသူတို့ကိုလည်းကောင်း တစ်ပြိုင်နက် ဖျက်ဆီးကြ၏။
43
ဗင်္ယာမိန်လူတို့ကို ဝိုင်းလျက်လိုက်လျက်၊ နုခါရွာမှစ၍ နေထွက်ရာဘက်၊ ဂိဗာမြို့အနားတိုင်အောင် နှိပ်နင်းကြ၏။
44
ထိုအခါ ဗင်္ယာမိန်သူရဲ တစ်သောင်းရှစ်ထောင်တို့သည် လဲ၍သေကြ၏။
45
ကြွင်းသောသူတို့သည် လှည့်၍ တောအရပ် ရိမ္မုန်ကျောက်သို့ ပြေးကြစဉ်တွင်၊ လိုက်သောသူတို့သည် လူငါးထောင်တို့ကို လမ်းမှာဖမ်းမိကြ၏။ ဂိဒုံမြို့တိုင်အောင် အပြင်းလိုက်၍ လူနှစ်ထောင်တို့ကိုလည်း သတ်ကြ၏။
46
ထိုနေ့တွင် လဲ၍သေသော ဗင်္ယာမိန် ဓားစွဲသူရဲတို့ အရေအတွက်ကား၊ နှစ်သောင်းငါးထောင်တည်း။
47
လူခြောက်ရာတို့သည် လှည့်၍ တောအရပ်ရိမ္မုန်ကျောက်ကို မီအောင်ပြေးသဖြင့်၊ ထိုကျောက်အောက်မှာ လေးလနေကြ၏။
48
ဣသရေလလူတို့သည် တစ်ဖန်လှည့်၍၊ ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်လျက် မြို့ရွာ၌ရှိသောလူ၊ တိရစ္ဆာန်တွေ့သမျှတို့ကို ဓားနှင့်လုပ်ကြံ၍၊ တွေ့သမျှသော မြို့ရွာတို့ကို မီးရှို့ကြ၏။
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21