bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Judges 16
Judges 16
Burmese 2021
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 17 →
1
နောက်တစ်ဖန် ရှံဆုန်သည် ဂါဇမြို့သို့သွား၍ ပြည့်တန်ဆာမိန်းမကို တွေ့ပြီးလျှင် သူ့ဆီသို့ဝင်၍နေ၏။
2
ရှံဆုန်ရောက်ကြောင်းကို ဂါဇမြို့သားတို့သည် ကြားလျှင် ဝိုင်းထားလျက်၊ မြို့တံခါးဝ၌ တစ်ညလုံးချောင်းမြောင်းလျက်၊ နံနက်မိုးလင်းသောအခါ သူ့ကိုသတ်မည်ဟုဆို၍ တစ်ညလုံး ငြိမ်သက်စွာ နေကြ၏။
3
ရှံဆုန်သည် သန်းခေါင်တိုင်အောင် အိပ်ပြီးမှ၊ သန်းခေါင်အချိန်၌ထ၍ မြို့တံခါးရွက်တို့ကို၊ တံခါးတိုင် ကန့်လန့်ကျင်နှင့်တကွ ယူ၍ ပခုံးပေါ်မှာတင်လျက် ထမ်းသွား၍၊ ဟေဗြုန်မြို့ရှေ့၊ တောင်ပေါ်၌ပစ်ထားလေ၏။
4
နောက်တစ်ဖန် စောရက်ချိုင့်၌နေသော ဒေလိလအမည်ရှိသော မိန်းမတစ်ယောက်ကို ချစ်ပြန်၏။
5
ဖိလိတ္တိမင်းတို့သည် ထိုမိန်းမဆီသို့လာ၍၊ ရှံဆုန်၌ ကြီးသောခွန်အားသည် အဘယ်အရာအားဖြင့်တည်သနည်း၊ သူ့ကို ချည်နှောင်၍ နှိပ်စက်ခြင်းငှာ အဘယ်သို့ တတ်နိုင်မည်နည်းဟု သူ့ကိုချော့မော့၍ စူးစမ်းပါ။ ငါတို့သည် ဝိုင်း၍ ငွေဆယ်တစ်ပိဿာကို ပေးမည်ဟု ဆိုကြ၏။
6
ဒေလိလကလည်း၊ သင်၌ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကိုလည်းကောင်း၊ သင့်ကို နှိပ်စက်ခြင်းငှာ အဘယ်သို့ ချည်နှောင်ရမည်ကိုလည်းကောင်း ပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊
7
ရှံဆုန်က၊ တစ်ခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းနှင့် ငါ့ကိုချည်နှောင်လျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။
8
ထိုအခါ ဖိလိတ္တိမင်းတို့သည် တစ်ခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းတို့ကို ယူခဲ့၍၊ ထိုမိန်းမသည် ရှံဆုန်ကို ချည်နှောင်လေ၏။
9
ယောက်ျားအချို့တို့သည် ထိုမိန်းမ၏ အိပ်ခန်းထဲမှ ချောင်းမြောင်းလျက် နေသည်ဖြစ်၍ မိန်းမက၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ သူသည် မီးထိသော ပိုက်ဆန်ချည်ကဲ့သို့ ထိုကြိုးတို့ကို ဖြတ်လေ၏။ သို့ဖြစ်၍ သူ၏ခွန်အားကို မသိရကြ။
10
ဒေလိလကလည်း၊ သင်သည် ငါ့ကိုကျီစား၍ မုသားကိုသာပြောပြီ။ သင့်ကို အဘယ်သို့ ချည်နှောင်ရမည်ကို ယခုပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊
11
သူက၊ မသုံးဖူးသောကြိုးသစ်နှင့် ကျပ်ကျပ်ချည်နှောင်လျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊
12
ဒေလိလသည် ကြိုးသစ်တို့ကိုယူ၍ ချည်နှောင်ပြီးမှ၊ ထိုအခန်း၌ ချောင်းမြောင်းသော သူအချို့ ရှိနေလျက်၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်သည် လက်ရုံး၌ချည်သော ကြိုးတို့ကို အပ်ချည်ကဲ့သို့ ဖြတ်လေ၏။
13
ဒေလိလကလည်း၊ ယခုတိုင်အောင် သင်သည် ငါ့ကိုကျီစား၍ မုသားကိုသာပြောပြီ။ အဘယ်သို့ ချည်နှောင်ရမည်ကို ပြောပါဟု ရှံဆုန်အားတောင်းပန်သော်၊ သူက၊ ငါ့ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင် စို့နှင့်ရိုက်ထားလျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊
14
ဒေလိလသည် သူ၏ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင် စို့နှင့်ရိုက်ထားပြီးမှ၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကိုတိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်နိုး၍၊ စို့၊ ရက်ကန်းစင်နှင့် ရက်ကန်းသားပါဆွဲနှုတ် လေ၏။
15
ဒေလိလကလည်း၊ သင်သည် ငါ့ကိုချစ်သည်ဟု စိတ်နှလုံးမပါဘဲလျက် အဘယ်သို့ ပြောနိုင်သနည်း။ သင့်၌ ကြီးသောခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို မပြော။ သုံးကြိမ်တိုင်အောင် ငါ့ကိုကျီစားပြီဟု ဆို၏။
16
ထိုသို့ ဒေလိလသည် နေ့တိုင်းပူဆာ၍ သူအသက် သေလုအောင် နှောင့်ယှက်သောကြောင့်၊
17
ရှံဆုန်သည် မိမိစိတ်နှလုံး၌ ရှိသမျှအတိုင်းပြော၍၊ ငါ့ဆံပင်ကို တစ်ခါမျှ မရိတ်သေး။ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူဖြစ်၏။ ငါ့ဆံပင်ကိုရိတ်လျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။
18
ထိုသို့ မိမိစိတ်နှလုံးထဲမှာ ရှိသမျှအတိုင်းပြောကြောင်းကို ဒေလိလသိလျှင်၊ ဖိလိတ္တိမင်းတို့ကို တစ်ဖန်ခေါ်၍၊ ယခုတစ်ခါ လာကြပါဦး။ သူသည် မိမိစိတ်နှလုံးရှိသမျှအတိုင်း ပြောပြီဟု မှာလိုက်သဖြင့်၊ သူတို့သည် ငွေကိုဆောင်ယူခဲ့လျက် လာကြ၏။
19
ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိဒူးပေါ်မှာတင်လျက် သူကိုအိပ်စေသဖြင့်၊ လူတစ်ယောက်ကို ခေါ်၍ သူ၏ဆံပင်ခုနစ်စုတို့ကို ရိတ်စေပြီးမှ၊ သူကိုနှောင့်ယှက်စပြု၍ သူ၏ခွန်အားသည် လျော့ပျောက်၏။
20
မိန်းမကလည်း၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်နိုး၍ ထာဝရဘုရား စွန့်တော်မူကြောင်းကို မရိပ်မိသောကြောင့်၊ အရင်ကဲ့သို့ ငါထွက်၍ အားထုတ်မည်ဟု အကြံရှိသော်လည်း၊
21
ဖိလိတ္တိလူတို့သည် ဖမ်းဆီး၍ သူ့မျက်စိကိုဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့်ချည်နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။
22
ရှံဆုန် ဆံပင်ရိတ်သောနောက်၊ တစ်ဖန်ပေါက်ပြန်သောအခါ၊
23
ဖိလိတ္တိမင်းတို့ကို၊ ငါတို့ဘုရားသည် ငါတို့ရန်သူကို ငါတို့လက်သို့ အပ်တော်မူပြီဟုဆိုလျက်၊ သူတို့ဘုရားဒါဂုန်အား ယဇ်ကြီးကိုပူဇော်၍ ပျော်မွေ့ခြင်းကို ပြုအံ့သောငှာ စည်းဝေးကြ၏။
24
လူများတို့သည် ရှံဆုန်ကို မြင်သောအခါ၊ ငါတို့ဘုရားသည် ငါတို့ပြည်ကို ဖျက်ဆီး၍၊ ပြည်သားအများတို့ကို သတ်သော ငါတို့၏ရန်သူကို၊ ငါတို့လက်သို့ အပ်တော်မူပြီဟု မိမိတို့ဘုရားကို ချီးမွမ်းကြ၏။
25
စိတ်နှလုံးရွှင်လန်းသောအခါ၊ ရှံဆုန်ကို ခေါ်ခဲ့။ ငါတို့အဖို့ ကစားပါလေစေဟု ဆိုသဖြင့်၊ ရှံဆုန်ကို ထောင်အိမ်မှခေါ်ခဲ့၍ သူသည် ကစားရ၏။ သူကိုလည်း ဇရပ်တိုင်ကြားမှာ ထားကြ၏။
26
ရှံဆုန်ကလည်း၊ ဇရပ်တိုင်တို့ကို ငါမှီ၍နေရအောင် လက်နှင့်တွေ့ပါရစေဟု လက်ဆွဲသော လူကလေးကို အခွင့်တောင်း၏။
27
ထိုဇရပ်၌ ယောက်ျားမိန်းမတို့သည် အပြည့်ရှိကြ၏။ ဖိလိတ္တိမင်းအပေါင်းတို့လည်း ပါကြ၏။ ဇရပ်မိုးပေါ်မှာလည်း သုံးထောင်မျှလောက်သော ယောက်ျားမိန်းမတို့သည် ရှံဆုန်ကစားသည်ကို ကြည့်ရှုလျက်ရှိကြ၏။
28
ရှံဆုန်ကလည်း၊ အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်မျက်စိနှစ်ဖက်ကို ဖောက်သော ဖိလိတ္တိလူတို့၌ တစ်ပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခုတစ်ကြိမ်မျှသာ ခွန်အားကို ပြန်ပေးတော်မူပါဘုရားဟု ထာဝရဘုရားအား ဆုတောင်းပြီးမှ၊
29
ဇရပ်ခေါင်တိုင်နှစ်တိုင်တို့ကို လက်ယာလက်၊ လက်ဝဲလက်နှစ်ဖက်နှင့် ကိုင်၍ မှီနေလျက်၊
30
အကျွန်ုပ်သည် ဖိလိတ္တိလူတို့နှင့် အတူသေပါရစေဟုဆိုလျက်၊ အားထုတ်၍ ကိုယ်ကိုညွှတ်ချသဖြင့်၊ ဇရပ်သည် မင်းများ၊ လူများအပေါင်းတို့အပေါ်မှာ လဲ၍ ဖိလေ၏။ ထိုသို့ အသက်ရှင်စဉ်အခါ သတ်ခဲ့သည်ထက် သေစဉ်အခါ သာ၍များသောသူတို့ကို သတ်လေ၏။
31
သူ့ညီများ၊ အဆွေအမျိုးများ အပေါင်းတို့သည်လာ၍ အလောင်းကောင်ကို ထမ်းသွားပြီးလျှင်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြားတွင် အဘမာနော်၏ သင်္ချိုင်း၌ သင်္ဂြိုဟ်ကြ၏။ သူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်အုပ်စိုးသတည်း။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21