bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Judges 18
Judges 18
Burmese 2021
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 19 →
1
ထိုကာလအခါ ဣသရေလရှင်ဘုရင် မရှိစဉ်၊ ဒန်အမျိုးသားတို့သည် အမွေခံစရာမြေကို ရှာကြ၏။ ထိုကာလတိုင်အောင် အခြားသော ဣသရေလအမျိုးတို့တွင်၊ အမွေခံထိုက်သည်အတိုင်း မခံရသေး။
2
သို့ဖြစ်၍ ဒန်အမျိုးသားတို့သည် ပြည်ကို ကြည့်ရှုစူးစမ်းစေခြင်းငှာ မိမိတို့အမျိုးသား ခွန်အားကြီးသော သူရဲငါးယောက်တို့ကို သူတို့နေရာအရပ် ဇောရာမြို့၊ ဧရှတောလမြို့မှ စေလွှတ်လျက်၊ ပြည်ကိုသွား၍ စူးစမ်းကြလော့ဟု မှာလိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်ပြီးလျှင် တည်းခို၍ နေကြ၏။
3
မိက္ခာအိမ်၌ ရှိစဉ်အခါ၊ လေဝိလုလင်၏ စကားသံကိုမှတ်မိ၍၊ သူ့နေရာသို့ဝင်လျှင်၊ သင်သည် ဤအရပ်သို့ အဘယ်ကြောင့် ရောက်သနည်း။ ဤသူနှင့် အဘယ်သို့ ဆိုင်သနည်း။ အဘယ်သို့လုပ်၍ နေသနည်းဟုမေးသော်၊
4
ထိုသူက၊ မိက္ခာသည် ဤမည်သောအမှု ဤမည်သောအရာကို ပေး၍ ငါ့ကိုငှားသဖြင့်၊ ငါသည် သူ၏ယဇ်ပုရောဟိတ် လုပ်နေသည်ဟု ပြန်ပြော၏။
5
သူတို့ကလည်း၊ အကျွန်ုပ်တို့သည် ယခုခရီးသွားရာတွင် အကြံမြောက်မည် မမြောက်မည်ကို သိမည်အကြောင်း ဘုရားသခင်ကို မေးမြန်းပါလော့ဟု တောင်းပန်သည်အတိုင်း၊
6
ယဇ်ပုရောဟိတ်က ငြိမ်ဝပ်စွာသွားကြလော့။ သင်တို့သွားရာလမ်းကို ထာဝရဘုရား ကြည့်ရှုတော်မူသည်ဟု ပြန်ပြော၏။
7
ထိုလူငါးယောက်တို့သည် ထွက်သွား၍ လဲရှမြို့သို့ ရောက်သဖြင့်၊ မြို့သားတို့သည် ဇိဒုန်အမျိုးသားတို့ သတိမရှိသကဲ့သို့ သတိမရှိ၊ မစိုးရိမ်ဘဲ ငြိမ်ဝပ်စွာ နေကြောင်းကိုလည်းကောင်း၊ ဆုံးမပိုင်သောမင်းမရှိကြောင်းကိုလည်းကောင်း၊ ဇိဒုန်အမျိုးသားတို့နှင့်ဝေး၍ အဘယ်သူနှင့်မျှ အမှုမဆိုင်ကြောင်းကိုလည်းကောင်းကြည့်ရှုပြီးမှ၊
8
အမျိုးသားချင်းရှိရာ ဇောရာမြို့၊ ဧရှတောလမြို့သို့ ပြန်လာ၍ အမျိုးသားချင်းတို့က၊ သင်တို့သည် အဘယ်သို့ ပြောကြမည်နည်းဟု မေးသော်၊
9
သူတို့က၊ ထ၍ သွားတိုက်ကြကုန်အံ့၊ ထိုပြည်သည် ကောင်းမွန်သော ပြည်ဖြစ်သည်ကို ငါတို့မြင်ပြီ။ ငြိမ်ဝပ်စွာ နေကြသေးသလော။ ထိုပြည်ကို သိမ်းယူဝင်စားခြင်းငှာ မဖင့်နွှဲကြနှင့်။
10
သွားလျှင် သတိမရှိသောလူမျိုးနှင့် ကျယ်ဝန်းသောပြည်ကို တွေ့ကြလိမ့်မည်။ ဘုရားသခင်သည် သင်တို့လက်၌ အပ်တော်မူမည်။ ထိုပြည်၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆိုကြ၏။
11
ထိုအခါ ဇောရာမြို့၊ ဧရှတောလမြို့မှ ဒန်အမျိုးသားလူခြောက်ရာတို့သည် စစ်တိုက်လက်နက်ပါလျက် ချီသွားကြ၏။
12
သွားရာတွင်၊ ယုဒခရိုင် ကိရယတ်ယာရိမ်မြို့မှာ စခန်းချကြ၏။ ထိုအရပ်ကို ယနေ့တိုင်အောင် ဒန်အမျိုးတပ်ဟူ၍ တွင်သတည်း။ ကိရယတ်ယာရိမ်မြို့ နောက်မှာရှိ၏။
13
ထိုအရပ်မှသွား၍ ဧဖရိမ်တောင်၌ မိက္ခာအိမ်သို့ ရောက်ကြ၏။
14
ထိုအခါ လဲရှမြို့ကို စူးစမ်းခြင်းငှာသွားသော သူငါးယောက်တို့က၊ ဤအိမ်တို့၌ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုရှိကြောင်းကို သိသလော။ အဘယ်သို့ပြုရမည်ကို ဆင်ခြင်ကြလော့ဟု အမျိုးသားချင်းတို့အားဆိုသော်၊
15
သူတို့သည် ထိုအရပ်သို့ လှည့်သွားသဖြင့်၊ လေဝိလုလင်နေရာ မိက္ခာအိမ်သို့ရောက်၍ သူ့ကိုနှုတ်ဆက်ကြ၏။
16
စစ်တိုက်လက်နက်ပါသော ဒန်အမျိုးသားခြောက်ရာတို့သည် တံခါးဝ၌ နေကြ၏။
17
လဲရှမြို့ကို စူးစမ်းသော လူငါးယောက်တို့သည် မိက္ခာအိမ်သို့ဝင်၍၊
18
ထုသောရုပ်တု၊ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ သွန်းသောရုပ်တုတို့ကို ယဇ်ပုရောဟိတ်ရှေ့မှာ ယူကြ၏။ ယဇ်ပုရောဟိတ်ကလည်း၊ အဘယ်သို့ပြုကြသနည်းဟု မေးသော်၊
19
သူတို့က တိတ်ဆိတ်စွာနေပါ။ ကိုယ်တော်နှုတ်ကို လက်နှင့်ပိတ်၍ အကျွန်ုပ်တို့နှင့် ကြွပါ။ အကျွန်ုပ်တို့အဘ လုပ်ပါ။ ယဇ်ပုရောဟိတ် လုပ်ပါ။ တစ်အိမ်ထောင်၌သာ ယဇ်ပုရောဟိတ် လုပ်ကောင်းသလော။ ဣသရေလအမျိုးအနွယ်တို့တွင် တစ်မျိုးတစ်နွယ်လုံး၌ ယဇ်ပုရောဟိတ် မလုပ်ကောင်းသလောဟု ဆိုကြသော်၊
20
ယဇ်ပုရောဟိတ်သည် ဝမ်းမြောက်၍ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တုကို ယူလျက်၊ ထိုလူစုထဲသို့ ဝင်သွားလေ၏။
21
ထိုသူတို့သည် သူငယ်များ၊ တိရစ္ဆာန်များ၊ ဝန်စလယ်များကို အဦးသွားစေသဖြင့် ကိုယ်တိုင်လိုက်လျက် လှည့်သွားကြ၏။
22
မိက္ခာအိမ်နှင့် ဝေးသောအခါ၊ မိက္ခာ၏ အိမ်နီးချင်းတို့သည် စည်းဝေး၍၊ ဒန်အမျိုးသားတို့ကို မီအောင်လိုက်ကြ၏။
23
ကြွေးကြော်သောအခါ၊ ဒန်အမျိုးသားတို့သည် လှည့်ကြည့်လျက် သင်သည် အဘယ်အခင်းရှိ၍ လူအပေါင်းတို့နှင့် လိုက်လာသနည်းဟု မိက္ခာအားမေးသော်၊
24
မိက္ခာက၊ သင်တို့သည် ငါလုပ်သောဘုရားတို့နှင့် ယဇ်ပုရောဟိတ်ကို ယူသွားကြသည်တကား။ ထိုအရာမှတစ်ပါး ငါ၌ အဘယ်အရာရှိသနည်း။ သို့သော်လည်း သင်တို့က၊ အဘယ်အခင်းရှိသနည်းဟု ငါ့ကိုမေးကြသည်တကားဟု ဆိုလေသော်၊
25
ဒန်အမျိုးသားတို့က၊ ငါတို့တွင် သင့်စကားကို မကြားပါစေနှင့်။ သို့မဟုတ် စိတ်ဆိုးသောသူတို့သည် သင့်ကိုတိုက်၍ သင့်အသက်နှင့် သင့်အိမ်သားတို့အသက် ဆုံးကောင်းဆုံးလိမ့်မည်ဟု ဆိုလျက် ခရီးသွားကြ၏။
26
မိက္ခာသည် သူတို့ကို မိမိမနိုင်သည်ကိုသိ၍ မိမိအိမ်သို့ ပြန်သွားလေ၏။
27
ဒန်အမျိုးသားတို့သည်၊ မိက္ခာလုပ်သောအရာတို့နှင့် သူ၌နေသော ယဇ်ပုရောဟိတ်ကို ယူသွား၍၊ သတိမရှိ ငြိမ်ဝပ်စွာနေသော လဲရှမြို့သားတို့ဆီသို့ရောက်သဖြင့် ဓားနှင့်လုပ်ကြံ၍ မြို့ကိုမီးရှို့ကြ၏။
28
ဇိဒုန်မြို့နှင့်ဝေးသောကြောင့်လည်းကောင်း၊ အဘယ်သူနှင့်မျှ အမှုမဆိုင်သောကြောင့်လည်းကောင်း၊ ကယ်နုတ်သောသူ မရှိ။ ထိုမြို့သည် ဗက်ရဟောဘမြို့အနားမှာရှိသော ချိုင့်၌တည်၏။ ထိုအရပ်၌ မြို့သစ်ကိုတည်၍ နေကြ၏။
29
ထိုမြို့ကို သူတို့အမျိုး၏အဘ ဣသရေလ၏သား ဒန်အမည်ကိုမှီသဖြင့် ဒန်မြို့ဟူ၍ တွင်ကြ၏။ ထိုမြို့အမည်ဟောင်းကား လဲရှတည်း။
30
ဒန်အမျိုးသားတို့သည် မိက္ခာထုသောရုပ်တုကို တည်ထောင်၍ မနာရှေသား ဂေရရှုံ၏သားယောနသန်နှင့် သူ၏သားတို့သည် သေတ္တာတော်ကို သိမ်းသွားသည်နေ့တိုင်အောင် ဒန်အမျိုး၌ ယဇ်ပုရောဟိတ်လုပ်ကြ၏။
31
ဘုရားသခင်၏အိမ်တော်သည် ရှိလောမြို့၌ ရှိသည်ကာလပတ်လုံး၊ မိက္ခာသွန်းသောရုပ်တုကိုလည်း တည်ထောင်ကြ၏။
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21