bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Revelation 12
Revelation 12
Burmese 2021
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 13 →
1
ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာ ဟူမူကား၊ မိန်းမတစ်ဦးသည် နေကိုဝတ်လျက်၊ လကို ခြေဖြင့်နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့်ပြီးသော သရဖူကို ဆောင်းလျက်ပေါ်လာ၏။-
2
ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ ဖွားအံ့သော ဝေဒနာ ပြင်းသောကြောင့် အော်ဟစ်လေ၏။-
3
ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာ ပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူခုနစ်ဆူကို ဆောင်းလျက်ရှိ၏။-
4
သူ၏အမြီးသည် ကောင်းကင်ကြယ် သုံးစုတစ်စုကို ဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ သားကိုဖွားလုသော မိန်းမသည် ဖွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။-
5
ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတ္တံ့သော သားယောက်ျားကို ဖွားမြင်၏။ ထိုသားကို ဘုရားသခင်ထံသို့လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီယူတော်မူ၏။-
6
မိန်းမသည် အရက်တစ်ထောင်နှစ်ရာခြောက် ဆယ်ပတ်လုံး တော၌ ကျွေးမွေးခြင်းကို ခံရမည်အကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။
7
ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။-
8
ထိုအခါ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း၊ မြေကြီးသို့ ချလိုက်ကြ၏။-
10
ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာ ကယ်တင်ခြင်း ဖြစ်၏။ တန်ခိုးတော်လည်း ဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်း ဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့တော်၌ နေ့ညမပြတ် အပြစ်တင်သောရန်သူကို အောက်သို့ ချလေပြီ။-
11
သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်လည်းကောင်း အောင်မြင်၍၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။-
12
ထိုကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တစ်ခဏသာရှိသည်ကို သိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည်ကို ငါကြား၏။
13
ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဖွားမြင်သော မိန်းမကို ညှဉ်းဆဲ၏။-
14
မိန်းမသည် ထိုမြွေနှင့်လွတ်၍၊ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည့်အကြောင်း၊ ရွှေလင်းတကြီး၏ အတောင်နှစ်ဖက်ကို ရလေ၏။-
15
ထိုအခါ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှာ၊ နဂါးသည် မိမိခံတွင်းထဲကမြစ်ရေစီးသကဲ့သို့ ရေကို မိန်းမနောက်၌ ထုတ်ပစ်လေ၏။-
16
မြေကြီးသည် မိန်းမကို မစ၍ မိမိခံတွင်းကို ဖွင့်ပြီးလျှင်၊ နဂါး၏ ခံတွင်းထဲက ထုတ်ပစ်သောမြစ်ရေကို မျိုလေ၏။-
17
နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ သွား၏။-
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22