bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Revelation 22
Revelation 22
Burmese 2021
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
1
တစ်ဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။-
2
မြို့လမ်းမအလယ်၌လည်းကောင်း၊ ထိုမြစ်နှစ်ဖက်၌လည်းကောင်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတစ်ဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဖို့ ဖြစ်၏။-
3
နောက်တစ်ဖန် ကျိန်ခြင်းဘေး တစ်စုံတစ်ခုမျှမရှိ။ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ရှိ၍ ဘုရားသခင်၏ ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။-
4
မျက်နှာတော်ကိုမြင်ရ၍ သူတို့နဖူး၌လည်း နာမတော် ရေးထားလျက်ရှိလိမ့်မည်။-
5
ထိုမြို့၌ ညမရှိရ၊ ဆီမီးကို အလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား၊ ထာဝရအရှင် ဘုရားသခင်သည် သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရ ကြလတ္တံ့။
6
ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ပရောဖက်တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည်၊ ကာလမကြာမမြင့်မီ ဖြစ်ရမည့် အမှုအရာများကို မိမိကျွန်တို့အား ပြစေခြင်းငှာ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။-
7
ငါသည် အလျင်အမြန်လာမည်။ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆို၏။-
8
ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကို ပြသော ကောင်းကင်တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှာ ပျပ်ဝပ်၏။-
9
သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏ လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ သင်၏အစ်ကို ပရောဖက်တို့နှင့် ဤစာစောင်၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။
10
တစ်ဖန်တုံ၊ ငါ့အားမိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန် ရောက်လုနီးပြီ။-
11
မတရားသောသူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။-
12
ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။-
13
ငါသည် အာလဖဖြစ်၏။ ဩမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ အစနှင့်အဆုံးလည်း ဖြစ်၏။-
14
အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှာ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။-
15
ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကို သတ်သောသူ၊ ရုပ်ထုကို ကိုးကွယ်သောသူ၊ သစ္စာပျက်ခြင်းကိုနှစ်သက်၍ ပြုသောသူအပေါင်းတို့သည် ရှိကြ၏။-
16
ငါယေရှုသည် အသင်းတော်တို့အဖို့ ဤအရာများကို သင်တို့အားသက်သေခံစေခြင်းငှာ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွယ်လည်းဖြစ်၏။ ထွန်းတောက်သော မိုးသောက်ကြယ်လည်းဖြစ်၏။-
17
ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။ ကြားသောသူကလည်း၊ လာခဲ့ပါဟုဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။-
18
ဤစာစောင်၏အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူသည် ဤအရာတို့၌ထပ်၍ အသစ်သွင်း၏။ ဤစာစောင်၌ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။-
19
အကြင်သူသည် ဤစာစောင်၏အနာဂတ္တိစကား အချို့ကိုနုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်လည်းကောင်း၊ သန့်ရှင်းသောမြို့တော်နှင့်လည်းကောင်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင်နုတ်ပယ်တော်မူမည်။-
20
ငါသည် အလျင်အမြန်လာမည်မှန်ပေ၏ဟု၊ ဤအရာများကို သက်သေခံသောသူမိန့်တော်မူ၏ အာမင်။ သခင်ယေရှုကြွလာတော်မူပါ။ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သန့်ရှင်းသူအပေါင်းတို့၌ ရှိစေသတည်း။ ဓမ္မသစ်ကျမ်းတို့တွင် နောက်ဆုံးကျမ်းတည်းဟူသော ရှင်ယောဟန် စီရင်ရေးထားသောဗျာဒိတ်ကျမ်းပြီး၏။
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22