bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Revelation 18
Revelation 18
Burmese 2021
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 19 →
1
ထိုနောက်မှ ကောင်းကင်တမန် တစ်ပါးသည် ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ရောင်ခြည်အားဖြင့် မြေကြီးထွန်းလင်းလျက်ရှိ၏။-
2
သူသည် ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏တွင်း ဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဖွယ်သော ငှက်မျိုး၏ မှီခိုရာဖြစ်လေပြီ။-
3
အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက် တည်းဟူသောစပျစ်ရည်ကို သောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။
4
အခြားသော ကောင်းကင်အသံကား၊ ငါ၏လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း၊ ကင်းလွတ်အံ့သောငှာ၊ သူ၏အထဲက ထွက်ကြလော့။-
5
သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မီကြသည်ဖြစ်၍၊ သူ၏မတရားသောအမှုတို့ကို ဘုရားသခင် သတိရတော်မူပြီ။-
6
သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည်နည်းတူ သူ၌ ဆပ်ပေးကြလော့။ သူ၏အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင်ကြလော့။ သူလောင်းသော ဖလား၌ သူ့အဖို့ နှစ်ဆတိုး၍ လောင်းကြလော့။-
7
သူသည် ကိုယ်ကို ချီးမြှောက်၍ ကာမဂုဏ်၌ ပျော်မွေ့သည်အတိုင်း သူ၌ ပြင်းစွာသောဆုံးမခြင်း၊ စိတ်မသာ ညည်းတွားခြင်းကို ဖြစ်စေကြလော့။ ငါကား မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ စိတ်မသာညည်း တွားခြင်းကို မသိရဟု သူသည် အောက်မေ့တတ်၏။-
8
ထိုကြောင့်၊ သူခံရသောသေခြင်းဘေး၊ စိတ်မသာညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်း ဘေးဒဏ်များတို့နှင့် တစ်နေ့ချင်းတွင်တွေ့၍၊ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကို စီရင်တော်မူသော ထာဝရ အရှင်ဘုရားသခင်သည် ခွန်အားဗလ ကြီးတော်မူ၏။
9
မတရားသောမေထုန်ကို သူနှင့်ပြု၍ ကာမဂုဏ်၌ ပျော်မွေ့သော လောကီရှင်ဘုရင်တို့သည်၊ သူကျွမ်းလောင်ရာ မီးခိုးကို မြင်သောအခါ၊-
10
သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည် တစ်နာရီချင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီတကားဟူ၍ သူ့ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
11
လောကီကုန်သည်တို့သည် ထိုအတူ ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ ကုန်သွယ်ဥစ္စာတည်း ဟူသော၊-
12
ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ ပုလဲ၊ ပိတ်ချော၊ ကတ္တီပါ၊ ဖဲ၊ ပုဆိုးနီ၊ အမျိုးမျိုးသော သွိန်သစ်သား၊ အမျိုးမျိုးသော ဆင်စွယ်တန်ဆာ၊ အမျိုးမျိုးသော သစ်ကောင်းတန်ဆာ၊ ကြေးဝါတန်ဆာ၊ သံတန်ဆာ၊ ကျောက်ဖြူ တန်ဆာ၊-
13
သစ်ကြံပိုး၊ အမေမုန်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်ရည်၊ ဆီ၊ မုန့်ညက်၊ ဂျုံဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ အစေခံကျွန်၊ လူဝိညာဉ်တို့ကို အဘယ်သူမျှ နောက်တစ်ဖန် မဝယ်ရ။-
14
သင်သည် အလွန်တပ်မတ်သော သစ်သီးမျိုးလည်း ပျောက်ကုန်ပြီ။ ဆူဖြိုးသောအရာ၊ တင့်တယ်သော အရာရှိသမျှတို့လည်း ပျောက်ကုန်ပြီ။ နောက်တစ်ဖန် မတွေ့ရ။-
15
သူ့ကိုအမှီပြု၍ ထိုအရာများကို ရောင်းဝယ်သဖြင့်၊ ငွေရတတ်သော ကုန်သည်တို့သည် သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊-
16
ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပိတ်ချော၊ အဝတ်နီ၊ အဝတ်မောင်းကို ဝတ်၍၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်သောမြို့ကြီး၊-
17
ဤမျှလောက်ကြီးစွာသော စည်းစိမ်သည် တစ်နာရီချင်းတွင် ပျက်စီးပါပြီတကားဟု ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ ခပ်သိမ်းသော သင်္ဘောသူကြီး၊ အရပ်ရပ်သို့ လွှင့်ကူးတတ်သော သူအပေါင်းတို့နှင့် သင်္ဘောသား၊ ပင်လယ်ကုန်သည် ရှိသမျှတို့သည် အဝေးကရပ်၍-
18
သူကျွမ်းလောင်ရာ မီးခိုးကိုမြင်လျှင်၊ ထိုမြို့နှင့် အဘယ်မြို့ တူသနည်းဟူ၍လည်းကောင်း၊-
19
ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပင်လယ်ကူးသော သင်္ဘောကိုပိုင်သော သူအပေါင်းတို့အား ကိုယ်စည်းစိမ်ကိုပေး၍ ငွေရတတ်စေသော မြို့ကြီး၊ တစ်နာရီချင်းတွင် ပျက်စီးပါပြီ တကားဟူ၍လည်းကောင်း အော်ဟစ်လျက်၊ မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်လျက် ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။-
20
ကောင်းကင်မှစ၍ သန့်ရှင်းသူတမန်တော်၊ ပရောဖက်တို့၊ သူ့ကို ကြည့်ရှု၍ ဝမ်းမြောက်ကြလော့။ ဘုရားသခင်သည် သင်တို့ဘက်၌နေ၍၊ သူ့ကို တရားစီရင်တော်မူပြီဟု ပြောဆိုသည်ကို ငါကြား၏။-
21
ခွန်အားကြီးသော ကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသော ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်ကို ချီယူ၍ ပင်လယ်ထဲသို့ ချပစ်ပြီးလျှင် ထိုနည်းတူ၊ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာ ချပစ်၍ နောက်တစ်ဖန် မပေါ်မရှိရ။-
22
စောင်းသမား၊ အငြိမ့်သမား၊ ပုလွေသမား၊ တံပိုးသမားများ တီးမှုတ်သောအသံလည်း သင့်အထဲ၌ နောက်တစ်ဖန် မမြည်ရ။ အမျိုးမျိုးသော လက်တတ်သမားတို့တွင် တစ်ယောက်မျှ သင့်အထဲ၌ နောက်တစ်ဖန် မပေါ်မရှိရ။ ကြိတ်ဆုံသံလည်း သင့်အထဲ၌ နောက်တစ်ဖန် မမြည်ရ။-
23
ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တစ်ဖန် မထွန်းမလင်းရ။ မင်္ဂလာဆောင် သတို့သားသတို့သမီး အသံကိုလည်း သင့်အထဲ၌ နောက်တစ်ဖန် မကြားရ။ အကြောင်းမူကား၊ လောကီမှူးမတ်တို့သည် သင်၏ ကုန်သည်ဖြစ်ကြပြီ။ လူအမျိုးမျိုးတို့သည် သင်၏ ပြုစားခြင်း ပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံရကြပြီဟု ကောင်းကင်တမန် ပြောဆို၏။-
24
ပရောဖက်တို့၏ အသွေး၊ သန့်ရှင်းသူတို့၏ အသွေး၊ မြေကြီးပေါ်မှာ ကွပ်မျက်သောသူ အပေါင်းတို့၏ အသွေးကို ထိုမြို့၌တွေ့၏။
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22