bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Revelation 9
Revelation 9
Burmese 2021
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 10 →
1
ပဥ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တစ်လုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည်ကို ငါမြင်၏။ သူ၌ အနက်ဆုံးသောတွင်း၏ သော့ကို အပ်ပေးသည်ဖြစ်၍၊-
2
သူသည် အနက်ဆုံးသောတွင်းကို ဖွင့်လျှင်၊ ကြီးစွာသော မီးဖို၏အခိုးကဲ့သို့သော အခိုးသည် တွင်းထဲက တက်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသကောင်းကင်သည် မှောင်မိုက်လေ၏။-
3
ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီးအပေါ်သို့ထွက်၍ မြေကင်းမြီးကောက် တန်ခိုးကဲ့သို့သော တန်ခိုးကို ရကြ၏။-
4
မြေ၏မြက်ပင်မှစ၍ စိမ်းသောအရာများ၊ သစ်ပင်များအပေါင်းတို့ကို ထား၍၊ နဖူး၌ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို မခံသောလူတို့ကိုသာ ညှဉ်းဆဲမည်အကြောင်း သူတို့အား ပညတ်ထား၏။-
5
တံဆိပ်ခတ်ခြင်းကို မခံသောသူတို့ကိုကား သတ်ရသောအခွင့်မရှိ။ ငါးလပတ်လုံး ပြင်းစွာသောဝေဒနာ ဖြစ်စေသောအခွင့် ရှိ၏။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ ဖြစ်သတည်း။
6
ထိုနေ့ရက်ကာလ၌ လူတို့သည် သေခြင်းကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ အလွန် သေချင်သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။-
7
ထိုကျိုင်းကောင်တို့၏ အဆင်းသဏ္ဌာန်သည် စစ်တိုက်ခြင်းငှာ ပြင်ဆင်သောမြင်း၏ အဆင်းသဏ္ဌာန်နှင့် တူ၏။ ခေါင်းပေါ်မှ ရွှေသရဖူကို ဆောင်းဟန်ရှိ၏။ မျက်နှာသည် လူမျက်နှာကဲ့သို့ဖြစ်၏။-
8
ဆံပင်သည် မိန်းမဆံပင်ကဲ့သို့ ဖြစ်၏။ သွားသည်လည်း ခြင်္သေ့သွားကဲ့သို့ ဖြစ်၏။-
9
ရင်အုပ်တန်ဆာသည် သံရင်အုပ်တန်ဆာကဲ့သို့ ဖြစ်၏။ အတောင်ခတ်သော အသံသည် စစ်တိုက်၍ ပြေးလာသော မြင်းရထားအများ၏ အသံကဲ့သို့ဖြစ်၏။-
10
အမြီးသည် ကင်းမြီးကောက်နှင့် တူ၏။ အမြီး၌လည်း ဆူးရှိ၏။ လူတို့ကို ငါးလပတ်လုံး ညှဉ်းဆဲရသော အခွင့်တန်ခိုးရှိ၏။-
11
သူတို့၏ ရှင်ဘုရင်မူကား၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်ဟူ၍လည်းကောင်း၊ ဟေလသဘာသာအားဖြင့် အပေါလျုန်ဟူ၍လည်းကောင်း ခေါ်ဝေါ်သော အနက်ဆုံးသောတွင်းတမန် ဖြစ်၏။-
12
အမင်္ဂလာတစ်ပါး လွန်ပြီ။ ထိုနောက်မှ အမင်္ဂလာ နှစ်ပါး လာလေဦးမည်။
13
ဆဋ္ဌမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ဘုရားသခင့် ရှေ့တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ ချိုလေးချောင်းထဲက ထွက်သောအသံကား၊-
14
ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန်လေးပါးကို လွှတ်လော့ဟု တံပိုးရှိသော ဆဋ္ဌမကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။-
15
ထိုအခါ လူသုံးစုတစ်စုကို အသေသတ်ခြင်းငှာ တစ်နာရီ၊ တစ်ရက်၊ တစ်လ၊ တစ်နှစ်အဖို့ ပြင်ဆင်သော ကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။-
16
မြင်းစီးသူရဲတို့၏ အရေအတွက်ကား၊ နှစ်သင်္ချေ ဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။
17
ထိုအတူ ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသော မြင်းတို့ကိုလည်းကောင်း၊ ကန့်၊ မီး၊ ဝှါကိန္သုကျောက်နှင့်ပြီးသော ရင်အုပ်တန်ဆာရှိသော မြင်းစီးသူရဲတို့ကိုလည်းကောင်း ငါမြင်ရ၏။ မြင်းတို့၏ ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ ဖြစ်၏။ သူတို့၏ ခံတွင်းထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက်ကြ၏။-
18
သူတို့၏ခံတွင်းထဲက ထွက်သော ကန့်၊ မီးလျှံ၊ မီးခိုးတည်းဟူသော ဘေးသုံးပါးကြောင့်၊ လူသုံးစုတစ်စု သေကြ၏။-
19
အကြောင်းမူကား၊ သူတို့တန်ခိုးသည် ခံတွင်း၌လည်းကောင်း၊ အမြီး၌လည်းကောင်း တည်၏။ အမြီးသည် ခေါင်းနှင့်ပြည့်စုံ၍ မြွေနှင့်တူ၏။ အမြီးအားဖြင့် ညှဥ်းဆဲတတ်ကြ၏။-
20
ထိုဘေးဒဏ်ကြောင့် မသေဘဲ ကြွင်းသောလူတို့သည် နတ်တို့ကိုလည်းကောင်း၊ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကြေးနီရုပ်တု၊ ကျောက်ရုပ်တု၊ သစ်သားရုပ်တုတို့ကိုလည်းကောင်း မကိုးကွယ်ဘဲ နေခြင်းငှာ၊ ကိုယ်လက်နှင့် လုပ်သော အရာများကို နောင်တမရဘဲနေကြ၏။-
21
ကိုယ်ကျင့်သော အကျင့်တည်းဟူသော လူအသက်ကို သတ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ အမှုများကိုလည်း နောင်တမရဘဲ နေကြ၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22