bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
1 Corinthians 16
1 Corinthians 16
Burmese (BCL) (Common Language Bible)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
1
ယုဒပြည်ရှိဘုရားသခင်၏လူစုတော်အား ထောက်ပံ့ရန်အတွက်အလှူငွေများနှင့်ပတ်သက် ၍ ဂလာတိပြည်ရှိအသင်းတော်များသို့ငါ ညွှန်ကြားခဲ့သည်အတိုင်းသင်တို့ပြုကြလော့။-
2
ငါရောက်ရှိလာသောအခါအလှူငွေကောက်ခံဖို့ မလိုစေရန် တနင်္ဂနွေနေ့တိုင်းသင်တို့တစ်ဦးစီ သည် မိမိ၏ဝင်ငွေနည်းများအလိုက်လှူဒါန်းရန် စုဆောင်းထားကြလော့။-
3
ငါရောက်ရှိလာသောအခါအမှာစာရေး၍ သင်တို့ရွေးချယ်သူများအား ထိုအလှူငွေကို ယေရုရှလင်မြို့သို့ယူဆောင်သွားစေမည်။-
4
အကယ်၍ငါသွားရန်လိုအပ်ပါလျှင် ထိုသူ တို့သည်ငါနှင့်အတူလိုက်ပါနိုင်ပါသည်။
5
ငါသည်မာကေဒေါနိပြည်လမ်းမှလာမည်ဖြစ် ၍ မာကေဒေါနိပြည်တစ်လျှောက်ခရီးပြုပြီး သောအခါသင်တို့ထံသို့လာခဲ့မည်။-
6
သင်တို့နှင့်အတူအတန်ကြာနေနိုင်မည်ထင် ပါသည်။ ဆောင်းရာသီတစ်ချိန်လုံးပင်သင်တို့ နှင့်အတူနေကောင်းနေပါမည်။ ထိုနောက်ငါ သွားလိုရာအရပ်သို့သွားနိုင်ရန်သင်တို့ ကူညီနိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။-
7
ငါသည်သင်တို့ထံတွင်ခေတ္တတည်းခိုရုံမျှသာ မလာလိုပါ။ သခင်ဘုရားခွင့်ပြုတော်မူပါ လျှင်အတန်ကြာသင်တို့နှင့်နေလိုပါသည်။
8
ပင်တေကုတ္တေပွဲနေ့အထိဧဖက်မြို့တွင်ငါနေ ပါမည်။
9
ထိုမြို့တွင်ငါ့ကိုဆန့်ကျင်ဖက်ပြုသူများပင်ရှိ သော်လည်း အမှုတော်ဆောင်ရန်အခွင့်ကောင်း အမှန်ပင်ရှိ၏။
10
အကယ်၍သင်တို့ထံသို့တိမောသေရောက်ရှိလာ ပါလျှင် သူ့အားလှိုက်လှဲစွာကြိုဆိုဧည့်ခံကြလော့။ သူသည်ငါကဲ့သို့ပင်သခင်ဘုရား၏အမှုတော် ဆောင်ဖြစ်ပေသည်။-
11
သူ့ကိုအဘယ်သူမျှမလေးမစားမပြုစေနှင့်။ ငါသည်ခရစ်ယာန်ညီအစ်ကိုများနှင့်အတူသူ့ ကိုစောင့်မျှော်လျက်ရှိသဖြင့် သူ့အားငါ့ထံသို့ ချောမောစွာပြန်လည်ရောက်ရှိစေရန်ကူညီ ကြလော့။
12
ငါ့ညီအာပေါလုနှင့်ပတ်သက်၍ပြောရမည်ဆို လျှင် သူသည်အခြားခရစ်ယာန်ညီအစ်ကိုများ နှင့်အတူ သင်တို့ထံသို့သွားရောက်လည်ပတ်ရန် အထူးပင်ငါအားပေးတိုက်တွန်းပါ၏။ သို့ရာ တွင်ယခုအချိန်အခါမသင့်သေးဟုသူ ယုံကြည်၏။ နောင်အခွင့်ကောင်းကြုံသည့်အခါ လာရောက်ပါလိမ့်မည်။
13
နိုးနိုးကြားကြားရှိကြလော့။ သင်တို့၏ယုံကြည် ခြင်းတွင်ခိုင်မာစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိ ရှိကြလော့။-
14
ခပ်သိမ်းသောအမှုတို့ကိုမေတ္တာနှင့်ပြုကြလော့။-
15
သင်တို့သည်သတေဖန်နှင့်သူ၏အိမ်သားများကို သိကြ၏။ သူတို့သည်ဂရိပြည်မှခရစ်ယာန်ဦး များဖြစ်၍ဘုရားသခင်၏လူစုတော်အား ကူညီမစရန်မိမိတို့ကိုယ်ကိုဆက်ကပ်ထားသူ များဖြစ်ပေသည်။ ညီအစ်ကိုတို့၊ ထိုသို့သောသူတို့ ၏ခေါင်းဆောင်မှုကိုလည်းကောင်း၊ သူတို့နှင့်အတူ အမှုတော်ကိုကြိုးစား၍ပါဝင်ဆောင်ရွက်ကြ သောသူတို့၏ခေါင်းဆောင်မှုကိုလည်းကောင်း လက်ခံကြရန်သင်တို့အားငါမေတ္တာရပ်ခံ ပါ၏။
17
သတေဖန်၊ ဖော်တုနက်နှင့်အခါယကုတို့ရောက် ရှိလာကြသြဖင့်ငါဝမ်းမြောက်၏။ သူတို့သည် သင်တို့၏ကိုယ်စားငါ့အားပြုစုပေးကြ၏။-
18
သူတို့သည်သင်တို့၏စိတ်ကိုရွှင်လန်းစေသကဲ့သို့ ငါ၏စိတ်ကိုလည်းရွှင်လန်းစေ၏။ ထိုသို့သောသူ တို့သည်အသိအမှတ်ပြုခြင်းကိုခံထိုက်ကြ၏။
19
အာရှပြည်အသင်းတော်များကသင်တို့အား နှုတ်ဆက်ကြ၏။ အာကုလ၊ ပြစ်ကိလနှင့်သူတို့ အိမ်တွင်ဝတ်ပြုကိုးကွယ်ကြသည့်အသင်းဝင် များကလည်း သခင်ဘုရား၏နာမတော်နှင့် နှုတ်ဆက်ကြ၏။-
20
ဤအရပ်တွင်ရှိသည့်ညီအစ်ကိုအပေါင်းကလည်း သင်တို့ကိုနှုတ်ဆက်ကြ၏။ သင်တို့အချင်းချင်း သန့်ရှင်းသောနမ်းခြင်းဖြင့်နှုတ်ဆက်ကြလော့။
21
``မေတ္တာဖြင့်ပေါလု'' ဟူ၍ဤစာကိုငါကိုယ်တိုင် လက်မှတ်ရေးထိုးလိုက်ပါ၏။-
22
မည်သူမဆိုသခင်ဘုရားကိုမချစ်ပါမူ ကျိန်စာသင့်ပါစေသတည်း။ သခင်ဘုရား ကြွလာတော်မူပါ။-
23
အရှင်ယေရှု၏ကျေးဇူးတော်သည်သင်တို့ အပေါ်သို့သက်ရောက်ပါစေသတည်း။-
24
ငါသည်ခရစ်တော်ယေရှုတပည့်ဖြစ်သူ သင် တို့အပေါင်းအားမေတ္တာပို့သလိုက်ပါ၏။ ကောရိန္သုသြဝါဒစာပထမစာစောင်ပြီး၏။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16