bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
1 Corinthians 2
1 Corinthians 2
Burmese (BCL) (Common Language Bible)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 3 →
1
သို့ဖြစ်သောကြောင့်ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံသို့လာရောက်၍ ဘုရားသခင်၏ နက်နဲသောသမ္မာတရားတော်ကိုဟောပြောစဉ် အခါကထည်ဝါသောစကားများ၊ အသိ ပညာနှင့်ယှဉ်သောစကားများဖြင့်ဟော ပြောသည်မဟုတ်။-
2
သင်တို့နှင့်အတူရှိစဉ်အခါကငါသည် ယေရှုခရစ်၏အကြောင်း၊ အထူးသဖြင့်လက် ဝါးကပ်တိုင်တွင်ကိုယ်တော်အသေခံတော်မူ သည့်အကြောင်းမှလွဲ၍ အခြားအရာမှန် သမျှကိုမေ့ပျောက်ပစ်ရန်စိတ်ပိုင်းဖြတ် ထား၏။-
3
သို့ဖြစ်၍ငါသည်သင်တို့ထံသို့လာချိန် ၌ အားနည်း၍ကြောက်ရွံ့တုန်လှုပ်လျက်၊-
4
ဟောပြောသွန်သင်ရာ၌လူတို့၏ဉာဏ်ပညာ နှင့်ယှဉ်သောစကားများကိုအသုံးမပြုဘဲ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးပါရှိ သည့်စကားများကိုသာအသုံးပြု၏။-
5
သို့ဖြစ်၍သင်တို့၏ယုံကြည်မှုသည်လူတို့၏ အသိဉာဏ်အပေါ်တွင်အမှီမပြုဘဲ ဘုရား သခင်၏တန်ခိုးတော်အပေါ်တွင်အမှီပြု ပေသည်။
6
သို့သော်လည်းငါသည်ဉာဏ်ပညာနှင့်ယှဉ်သော စကားကိုဝိညာဉ်ရေးရင့်ကျက်သူတို့အား ပြောဆိုပါ၏။ သို့ရာတွင်ထိုဉာဏ်ပညာကား ဤလောကနှင့်မသက်ဆိုင်။ လောကီမင်းများ နှင့်လည်းမသက်ဆိုင်။ လောကီမင်းတို့၏ တန်ခိုးအာဏာကားလျော့နည်းလျက်နေ ပေသည်။-
7
ငါသည်ဘုရားသခင်၏နက်နဲသောဉာဏ်ပညာ တော်အကြောင်းကိုဟောပြော၏။ ထိုဉာဏ်ပညာ ကားလူသားတို့ထံမှဘုရားသခင်လျှို့ဝှက် ထားသောအရာဖြစ်၏။ သို့သော်ငါတို့ဘုန်း အသရေခံစားရစေရန် ကမ္ဘာလောကကို ဖန်ဆင်းတော်မမူမီကပင်လျှင် ဘုရား သခင်စီရင်သောဉာဏ်ပညာဖြစ်၏။-
8
လောကီမင်းတို့အနက်အဘယ်သူမျှဤ ဉာဏ်ပညာတော်အကြောင်းကိုမသိနားမလည် ကြ။ အကယ်၍သိရှိနားလည်ကြပါမူသူ တို့သည်ဘုန်းအသရေတော်ရှင်ကိုလက်ဝါး ကပ်တိုင်တွင်တင်၍သတ်ကြမည်မဟုတ်။-
9
သို့သော်လည်းကျမ်းစာလာသည်အတိုင်း၊ ``ဘုရားသခင်သည်အဘယ်သူမျှမမြင်မကြား စဖူး၊ ဖြစ်နိုင်လိမ့်မည်ဟု အဘယ်သူမျှမထင်မမှတ်ဘူးသည့်၊အမှုအရာကို မိမိအားချစ်သောသူတို့အဖို့ပြင်ဆင်ထားတော် မူ၏။''
10
သို့ရာတွင်ဘုရားသခင်သည်ငါတို့အား မိမိ ၏လျှို့ဝှက်ချက်ကိုဝိညာဉ်တော်အားဖြင့်ဖော်ပြ တော်မူ၏။ ဝိညာဉ်တော်သည်အရာခပ်သိမ်းကို သာမက ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အကြံအစည်တော်တို့ကိုပင်စူးစမ်းရှာဖွေ တော်မူပေသည်။-
11
လူတစ်စုံတစ်ယောက်၏အကြောင်းအလုံးစုံ ကို ထိုလူအတွင်း၌ရှိသောစိတ်ဝိညာဉ်ကသာ သိ၏။ ထိုနည်းတူဘုရားသခင်၏အကြောင်း တော်အလုံးစုံကို ကိုယ်တော်၏ဝိညာဉ်တော် ကသာသိတော်မူ၏။-
12
ငါတို့သည်ဤလောကနှင့်သက်ဆိုင်သည့် ဝိညာဉ်ကိုခံယူကြရသည်မဟုတ်။ ဘုရား သခင်ပေးသနားတော်မူသမျှကိုသိခြင်း ငှာ ကိုယ်တော်စေလွှတ်တော်မူသည့်ဝိညာဉ် တော်ကိုခံယူကြရပြီ။
13
သို့ဖြစ်၍ဝိညာဉ်တော်ကိုခံယူရရှိသူတို့ အား ဝိညာဉ်ရေးဆိုင်ရာသစ္စာတရားများ၏ အနက်အဋ္ဌိပ္ပါယ်ကိုရှင်းလင်းဖော်ပြရာ၌ ငါတို့သည်လူ့အသိဉာဏ်နှင့်ယှဉ်သည့် စကားများကိုအသုံးမပြု။ ဝိညာဉ်တော် သွန်သင်ပေးသည့်စကားများကိုသာ အသုံးပြုကြ၏။-
14
ဝိညာဉ်တော်ကိုမခံမယူသူသည်ဝိညာဉ် တော်ချပေးသည့်ဆုကျေးဇူးများကိုမခံ စားနိုင်။ ဝိညာဉ်ရေးကိုအခြေခံမှသာလျှင် ထိုအရာများ၏တန်ဖိုးကိုအကဲဖြတ်နိုင် သဖြင့် ဝိညာဉ်တော်မခံမယူသူသည်ဝိညာဉ် ဆုကျေးဇူးများအကြောင်းကိုအကယ်ပင် နားမလည်နိုင်။ သူ၏အတွက်ထိုအရာတို့ သည်အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သောအရာ များသာလျှင်ဖြစ်ပေသည်။-
15
ဝိညာဉ်တော်ကိုခံယူရရှိသူသည်အရာ ခပ်သိမ်း၏တန်ဖိုးကိုအကဲဖြတ်နိုင်၏။ သို့ ရာတွင်ထိုသူ့အားမည်သူမျှအကဲဖြတ် ၍မရ။-
16
ကျမ်းစာတော်တွင်၊ ``အဘယ်သူသည်ထာဝရဘုရားရှင်၏ စိတ်သဘောတော်ကိုသိပါသနည်း။ အဘယ်သူသည်ကိုယ်တော်အားအကြံဉာဏ် ပေးနိုင်ပါသနည်း'' ဟူ၍ပါရှိသည်အတိုင်းပင်ဖြစ်၏။ ငါတို့မူကား ခရစ်တော်၏စိတ်သဘောတော်ကိုရရှိကြ၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16