bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
1 Corinthians 9
1 Corinthians 9
Burmese (BCL) (Common Language Bible)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
1
ငါသည်လွတ်လပ်သူမဟုတ်ပါလော။ တမန် တော်တစ်ပါးမဟုတ်ပါလော။ ငါတို့အရှင် သခင်ယေရှုကိုဖူးမြင်ခဲ့ရသူမဟုတ် ပါလော။ သင်တို့သည်သခင်ဘုရား၏အမှု တော်ကို ငါထမ်းဆောင်ခြင်းမှထွက်ပေါ်လာ သောအသီးအပွင့်များမဟုတ်ပါလော။-
2
အခြားသူများသည်ငါ့အားတမန်တော် အဖြစ်ဖြင့်လက်မခံကြစေကာမူ သင်တို့ လက်ခံကြသည်မဟုတ်ပါလော။ ငါသည် သခင်ဘုရား၏တမန်တော်ဖြစ်ကြောင်း သက်သေပြရန်မှာ သခင်ဘုရားနှင့်တစ် လုံးတစ်ဝတည်းရှိပြီးအသက်ရှင်ကြ သောသင်တို့ပင်ဖြစ်ပေသည်။
3
ငါ့ကိုပြစ်တင်ဝေဖန်ကြသူတို့အားဤသို့ ငါပြောလို၏။-
4
ငါ၏လုပ်ဆောင်မှုအတွက်ငါ့မှာစားသောက် ပိုင်ခွင့်မရှိသလော။-
5
ပေတရုကဲ့သို့လည်းကောင်း၊ သခင်ဘုရား ၏ညီတော်များနှင့်အခြားတမန်တော်များ ကဲ့သို့လည်းကောင်း ငါသည်ခရီးသွားရာ၌ ယုံကြည်သူဇနီးကိုခေါ်ဆောင်သွားပိုင် ခွင့်မရှိသလော။-
6
ငါနှင့်ဗာနဗတို့သာလျှင်မိမိတို့စားဝတ် နေရေးအတွက် အလုပ်လုပ်ရမည်လော။ အဘယ် စစ်သားသည်မိမိ၏စရိတ်နှင့်အမှုထမ်းရ သနည်း။-
7
အဘယ်ဥယျာဉ်မှူးသည်မိမိစိုက်ပျိုးသည့် စပျစ်ဥယျာဉ်မှ စပျစ်သီးကိုမစားဘဲနေ သနည်း။ အဘယ်သိုးထိန်းသည်မိမိထိန်း ကျောင်းရသည့်သိုးများမှနို့ကိုမသုံး ဆောင်ဘဲနေသနည်း။
8
ယခုဖော်ပြသည့်ဥပမာများသာမက၊ ပညတ်ကျမ်းကလည်းဤအတိုင်းပင်ထောက် ခံပေသည်။-
9
မောရှေ၏ပညတ်ကျမ်းတွင် ``စပါးနယ်သည့် နွားကိုပါးချုပ်တတ်၍မထားရ'' ဟုပါရှိ၏။ ဤသို့မိန့်တော်မူရာ၌ဘုရားသခင်သည် နွားအတွက်မိန့်တော်မူသလော။-
10
ငါတို့အတွက်အကယ်ပင်မိန့်တော်မူခြင်း မဟုတ်လော။ အကယ်ပင်ငါတို့အတွက်ရေး သားထားခြင်းဖြစ်သည်။ လယ်ထွန်သောသူ နှင့်ရိတ်သိမ်းသောသူတို့သည် မိမိတို့၏ဝေ စုကိုမျှော်လင့်လျက်လုပ်ကိုင်ကြရာ၏။-
11
ငါတို့သည်သင်တို့၌ဋ္ဌမ္မမျိုးစေ့ကိုစိုက်ပျိုး ခဲ့ပြီးနောက် သင်တို့ထံမှရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကိုရိတ်သိမ်းကြလျှင် ငါတို့လွန်ရာကျမည်လော။-
12
သင်တို့ထံမှအခြားသူတို့သည်ဤသို့ရ ပိုင်ခွင့်ရှိလျှင် ငါတို့သည်ပို၍ပင်ရပိုင်ခွင့် ရှိသည်မဟုတ်လော။ သို့သော်ငါတို့သည်ထိုအခွင့်အရေးကို မယူခဲ့ကြ။ ခရစ်တော်အကြောင်းသတင်း ကောင်းပျံ့နှံ့ရေးအတွက် အဆီးအတား မဖြစ်စေရန်တွေ့ကြုံရသောအခက်အခဲ ရှိသမျှကိုရင်ဆိုင်သည်းခံခဲ့ကြ၏။-
13
ဗိမာန်တော်တွင်အမှုထမ်းဆောင်သူများသည် ဗိမာန်တော်မှအစားအစာကိုရကြသည် ကိုလည်းကောင်း၊ ယဇ်ပူဇော်သူများသည်လည်း ယဇ်ကောင်မှဝေစုကိုရကြသည်ကိုလည်း ကောင်းသင်တို့မသိကြပါသလော။-
14
ထိုနည်းတူစွာသတင်းကောင်းကိုဟောပြော ကြေညာသူတို့သည်လည်း သတင်းကောင်း အားဖြင့်အသက်မွေးရမည်ဟူ၍သခင် ဘုရားမိန့်မှာတော်မူခဲ့၏။
15
သို့ရာတွင်ငါသည်ထိုအခွင့်အရေးတစ်စုံ တစ်ရာကိုမျှမယူခဲ့။ ထိုကဲ့သို့သောအခွင့် ရေးများကိုတောင်းဆိုလိုသောကြောင့် ဤစာ ကိုရေးလိုက်ခြင်းလည်းမဟုတ်။ ဤသို့တောင်း ဆိုရခြင်းထက်သေရခြင်းကပို၍ကောင်း၏။-
16
ငါ၏ဝါကြွားမှုကိုအချည်းနှီးဖြစ်စေရန် ပြုလုပ်ခွင့်ကိုမည်သူအားမျှပေးလိမ့်မည် မဟုတ်။ သတင်းကောင်းကိုကြေညာရသည့် အတွက် ငါ့မှာဝါကြွားနိုင်ခွင့်မရှိ။ ငါသည် အမိန့်တော်အရကြေညာခြင်းဖြစ်သည်။ အကယ်၍ထိုသတင်းကောင်းကိုမကြေ ညာလျှင် ငါသည်အဘယ်မျှအမင်္ဂလာ ရှိလိမ့်မည်နည်း။-
17
အကယ်၍ငါသည်အလုပ်ကိုငါ၏ဆန္ဒ အလျောက်ရွေးချယ်လုပ်ကိုင်ပါမူ အခကြေး ငွေကိုစောင့်မျှော်နိုင်ပေသည်။ သို့ရာတွင်ဤ အလုပ်ကိုဘုရားသခင်ငါ့အားပေးအပ် ထားသဖြင့် ငါသည်ဝတ္တရားအနေဖြင့် လုပ်ဆောင်ရ၏။-
18
သို့ဖြစ်၍ငါသည်အဘယ်အခကြေးငွေ ခံစားရသနည်း။ ငါခံစားရသည့်အကျိုး မှာသတင်းကောင်းကိုအခကြေးငွေမယူ ဘဲဟောပြောခွင့်နှင့် ထိုသို့ဟောပြောသည့် အတွက် ရပိုင်ခွင့်များကိုမတောင်းဆိုဘဲ နေနိုင်ခွင့်တို့ပင်ဖြစ်၏။
19
ငါသည်မည်သူ့ကျွန်မျှမဟုတ်။ လွတ်လပ်သူ ဖြစ်၏။ သို့ရာတွင်ခရစ်တော်ကိုယုံကြည်သူ ဦးရေများနိုင်သမျှတိုးတက်များပြား လာစေရန် ငါသည်လူတိုင်း၏ကျွန်ဖြစ်၏။-
20
ငါသည်ယုဒအမျိုးသားတို့ထံတွင်အမှု တော်ဆောင်စဉ် သူတို့ကိုကယ်တင်နိုင်ရန်ယုဒ အမျိုးသားကဲ့သို့နေထိုင်၏။ ထိုသူတို့ကို ကယ်တင်နိုင်ရန်ငါသည်ပညတ်တရားစောင့် ထိန်းသူမဟုတ်သော်လည်း ပညတ်တရား စောင့်ထိန်းသူကဲ့သို့ငါနေထိုင်၏။-
21
ထိုနည်းတူစွာလူမျိုးခြားများထံတွင် အမှု တော်ဆောင်စဉ်သူတို့ကိုကယ်တင်နိုင်ရန် ပညတ် တရားကိုမကျင့်သုံးဘဲ လူမျိုးခြားကဲ့သို့ နေထိုင်၏။ ဤသို့ဆိုရာ၌ငါသည်ဘုရား သခင်၏ပညတ်တော်ကို မလိုက်နာဟုမဆို လို။ အမှန်အားဖြင့်ဆိုသော် ငါသည်ခရစ်တော် ၏တရားတော်ကို လိုက်နာကျင့်သုံးသူဖြစ် သည်။-
22
ငါသည်ယုံကြည်မှုအားနည်းသူတို့အထဲ သို့ရောက်သောအခါ ထိုသူတို့ကိုကယ်တင်နိုင် ရန်ငါသည်ယုံကြည်မှုအားနည်းသူကဲ့သို့ နေထိုင်၏။ အချို့သောသူတို့ကိုတစ်နည်း နည်းအားဖြင့် ကယ်တင်နိုင်ရန်ငါသည်လူ အမျိုးမျိုးအထဲ၌အမျိုးမျိုးနေထိုင်၏။
23
သတင်းကောင်း၏ကောင်းချီးမင်္ဂလာများကို ဝေမျှနိုင်ရန် ငါသည်သတင်းကောင်းအကျိုးငှာ ဤအမှုခပ်သိမ်းကိုပြုခြင်းဖြစ်သည်။-
24
အပြေးပြိုင်ပွဲတွင်လူအများအပြားပင်ဝင် ရောက်ယှဉ်ပြိုင်ကြသော်လည်း တစ်ယောက်တည်း သာလျှင်အောင်ဆုကိုရရှိကြောင်းသင်တို့သိ ကြ၏။ သို့ဖြစ်၍သင်တို့သည်အောင်ဆုကို ဆွတ်ခူးနိုင်ရန်ပြေးကြလော့။-
25
ပြိုင်ပွဲဝင်ရန်လေ့ကျင့်သူအားကစားသမား တိုင်းပင် ကြပ်တည်းသည့်စည်းကမ်းများကိုထိန်း သိမ်းစောင့်ရှောက်ရ၏။ ထိုသူတို့ဤသို့ပြုကြ ခြင်းမှာ ညှိုးနွမ်းပျက်စီးနိုင်သောပန်းဦးရစ် ကိုရရှိရန်ပြုကြခြင်းဖြစ်ပေသည်။ ငါတို့ မူကားမညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦး ရစ်ကိုရရှိရန်ပြုကြ၏။-
26
ထို့ကြောင့်ငါသည်ပန်းဝင်ရာသို့ တည့်မတ်စွာ ပြေး၏။ ငါသည်မိမိလက်သီးစွမ်းကိုအချည်း နှီးမဖြုန်းတီးသည့်လက်ဝှေ့သမားနှင့်တူ၏။-
27
ငါသည်သူတစ်ပါးတို့အားပြိုင်ပွဲဝင်ရန်ခေါ် ဖိတ်ခဲ့ပြီးနောက် မိမိကိုယ်တိုင်ပြိုင်ပွဲမှအပယ် မခံရစေရန်ငါ၏ကိုယ်ခန္ဓာကိုမာကြောအောင် ထိုးကြိတ်၍ချုပ်ထိန်း၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16