bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
1 Corinthians 5
1 Corinthians 5
Burmese (BCL) (Common Language Bible)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 6 →
1
မယုံကြည်သူများပင်လျှင်ပြုကျင့်ကြမည် မဟုတ်သည့်ကာမဂုဏ်လိုက်စားမှု သင်တို့တွင် ရှိနေကြောင်းကိုငါကြားသိရ၏။ လူတစ် ယောက်သည်မိမိ၏မိထွေးနှင့်ပေါင်းသင်းနေ ထိုင်လျက်ရှိသည်ဟုငါကြားသိရ၏။-
2
သို့ဖြစ်၍သင်တို့သည်အဘယ်သို့ကြွားဝါ နိုင်သနည်း။ သင်တို့သည်ဝမ်းနည်းပူဆွေးသင့် ကြ၏။ ထိုအမှုကိုကူးလွန်သူအားသင် တို့အထဲမှနှင်ထုတ်သင့်သည်။-
3
ငါသည်သင်တို့ထံသို့ကိုယ်တိုင်မရောက်သော် လည်းစိတ်ရောက်လျက်ရှိ၏။ ငါကိုယ်တိုင်ပင် သင်တို့ထံသို့ရောက်နေဘိသကဲ့သို့ ထိုဆိုး ယုတ်သောအမှုကိုပြုသူအားငါတို့အရှင် ယေရှု၏နာမ၌ ယခုပင်ငါတရားစီရင် ပြီ။ သင်တို့စုဝေးကြစဉ်ငါကိုယ်တိုင်ပင် သင်တို့ထံတွင်စိတ်ရောက်ရှိနေမည်။ ငါတို့ ၏အရှင်ယေရှု၏တန်ခိုးတော်အားဖြင့် သင်တို့နှင့်အတူရှိမည်။-
5
တရားစီရင်တော်မူရာနေ့၌ထိုသူ၏ ဝိညာဉ်သည်ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏ခန္ဓာကိုဖျက်ဆီးပစ်ရန်စာတန်၏ လက်သို့ပေးအပ်ကြလော့။
6
သင်တို့သည် မာန်မာနထောင်လွှားနေကြရန် မသင့်။ ``တဆေးအနည်းငယ်က မုန့်ညက် အားလုံးကိုဖောင်းကြွစေ၏'' ဟူသော ဆိုရိုးစကားကိုသင်တို့သိကြ၏။-
7
တဆေးဟောင်းတည်းဟူသောအပြစ်ဒုစရိုက် ကိုပယ်ရှားကြလော့။ သို့မှသာလျှင်သင်တို့ သည်လုံးဝသန့်စင်လာကြလိမ့်မည်။ ထိုအခါ သင်တို့သည်တဆေးမပါသောမုန့်ညက်သစ် ကဲ့သို့ဖြစ်လိမ့်မည်။ ဤသို့သင်တို့အကယ်ပင် ဖြစ်ကြကြောင်းကိုဧကန်အမှန်ငါသိ၏။ ငါ တို့၏ပသခါသိုးတည်းဟူသောခရစ်တော် အားယဇ်ပူဇော်ပြီးပြီဖြစ်သဖြင့် ငါတို့၏ ပသခါပွဲကျင်းပရန်အသင့်ရှိပေပြီ။-
8
သို့ဖြစ်၍အပြစ်ဒုစရိုက်နှင့်ယုတ်မာသော အကျင့်တည်းဟူသောတဆေးဟောင်းပါသည့် မုန့်နှင့်မဟုတ်ဘဲ ဖြူစင်ခြင်းနှင့်သမ္မာတရား တည်းဟူသောတဆေးမဲ့မုန့်နှင့်ပသခါပွဲ တော်ကိုကျင်းပကြကုန်အံ့။
9
ယခင်ကသင်တို့ထံသို့ရေးလိုက်သောစာ တွင်ကာမဂုဏ်လိုက်စားသူတို့နှင့်မပေါင်း ဖော်ရန်ငါမှာကြားခဲ့၏။-
10
သို့မှာကြားရာတွင်ဤလောကရှိကာမဂုဏ် လိုက်စားသူများ၊ လောဘလွန်ကူးသူများ၊ သူခိုးများ၊ ရုပ်တုကိုးကွယ်သူများကိုမပေါင်း ဖော်ရဟုမဆိုလို။ ထိုသူတို့ကိုရှောင်ရှားရ မည်ဆိုပါကသင်တို့သည်ဤလောကမှ လုံးဝထွက်ခွာသွားရပေလိမ့်မည်။-
11
မိမိကိုယ်ကိုညီအစ်ကိုဟုဆိုလျက် ကာမ ဂုဏ်လိုက်စားသူများ၊ လောဘလွန်ကူးသူ များ၊ ရုပ်တုဆင်းတုကိုကိုးကွယ်သူများ၊ သူ တစ်ပါးအသရေကိုဖျက်သူများ၊ သေသောက် ကြူးသူများ၊ သူခိုးများဖြစ်သူတို့ကိုဆို လို၏။ ထိုလူစားမျိုးနှင့်အတူစားသောက် ခြင်းကိုပင်မပြုကြနှင့်။
12
အသင်းတော်ဝင်မဟုတ်သူတို့ကိုစစ်ကြော စီရင်ရန်မှာ ငါ၏အလုပ်မဟုတ်။ ထိုသူတို့ ကိုဘုရားသခင်စစ်ကြောစီရင်တော်မူ လိမ့်မည်။ သို့ရာတွင်သင်တို့သည်မိမိတို့ ၏အသင်းတော်ဝင်တို့ကိုစစ်ကြောစီရင် သင့်ကြသည်မဟုတ်ပါလော။ ကျမ်းစာ တော်ကဖော်ပြသည်အတိုင်း ``သင်တို့ အထဲမှဆိုးညစ်သောသူကိုပယ်ရှား ကြလော့။''
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16