bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Exodus 30
Exodus 30
Burmese (BCL) (Common Language Bible)
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 31 →
1
``နံ့သာပေါင်းမီးရှို့ပူဇော်ရာပလ္လင်ကို အကာရှ သစ်သားဖြင့်ပြုလုပ်လော့။-
2
ထိုပလ္လင်သည်စတုရန်းဖြစ်၍၊ အလျားတစ်ဆယ့် ရှစ်လက်မ၊ အနံတစ်ဆယ့်ရှစ်လက်မနှင့်အမြင့် သုံးဆယ့်ခြောက်လက်မရှိစေရမည်။ ဦးချို သဏ္ဌာန်ထောင့်ချွန်းအတက်များသည်ပလ္လင် နှင့်တစ်သားတည်းဖြစ်ရမည်။-
3
ပလ္လင်တော်မျက်နှာပြင်၊ ဘေးပတ်လည်၊ ထောင့်ချွန် အတက်များကိုရွှေချရမည်။ ပလ္လင်အပေါ်နား ပတ်လည်တွင်ရွှေကွပ်ရမည်။-
4
ပလ္လင်တော်၏ဘေးနှစ်ဘက်အနားအောက်တွင် ထမ်းပိုးများလျှိုရန်ရွှေကွင်းနှစ်ကွင်းတပ် ဆင်ရမည်။-
5
ထမ်းပိုးများကိုအကာရှသစ်သားဖြင့် ပြုလုပ်၍ ရွှေချထားရမည်။-
6
ပဋိညာဉ်သေတ္တာရှေ့တွင်ရှိသည့်ကန့်လန့်ကာ အပြင်ဘက်၌၊ ထိုပလ္လင်ကိုထားရမည်။ ထို နေရာ၌ငါသည်သင်နှင့်တွေ့ဆုံမည်။-
7
အာရုန်သည်နံနက်တိုင်းမီးခွက်များကိုပြင် သောအခါ၊ ပလ္လင်ပေါ်တွင်နံ့သာပေါင်းကို မီးရှို့ပူဇော်ရမည်။-
8
ညဦးယံတွင်သူသည်မီးခွက်များကိုထွန်း သောအခါ၌လည်း နံ့သာပေါင်းကိုမီးရှို့ ပူဇော်ရမည်။ သင်၏အမျိုးအစဉ်အဆက် တို့သည်နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းအမှု ကိုထာဝရဘုရား၏ရှေ့တော်တွင်မပြတ် မလပ်ပြုလုပ်ရမည်။-
9
ထိုပလ္လင်ပေါ်တွင်ကား၊ တားမြစ်ထားသော နံ့သာကိုမပူဇော်ရ။ ယဇ်ကောင်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း မပူဇော်ရ။ စပျစ်ရည်ပူဇော်သကာကို လည်း၊ မသွန်းလောင်းရ။-
10
``အာရုန်သည်တစ်နှစ်လျှင်တစ်ကြိမ်အပြစ် ဖြေရာယဇ်ကောင်၏အသွေးဖြင့်၊ ပလ္လင်၏ ထောင့်ချွန်အတက်လေးခုကိုသုတ်လိမ်း၍၊ ပလ္လင်ကိုသန့်ရှင်းစေရမည်။ သင်၏အမျိုး အစဉ်အဆက်တို့သည်ထိုဝတ်ကိုနှစ်စဉ် အမြဲပြုရမည်။ ထိုပလ္လင်သည်ငါထာဝရ ဘုရားအတွက်ဆက်ကပ်သော၊ အလွန် သန့်ရှင်းသောပလ္လင်ဖြစ်သတည်း။''
11
ထာဝရဘုရားကမောရှေအား၊-
12
``သင်သည်ဣသရေလအမျိုးသားတို့၏သန်း ခေါင်စာရင်းကိုကောက်ယူသောအခါ စာရင်း ယူချိန်တွင်၊ သူတို့၌ဘေးမသင့်စေခြင်းငှာ၊ လူတိုင်းမိမိ၏အသက်ဖိုးကိုထာဝရ ဘုရားအားဆက်သရမည်။-
13
သန်းခေါင်စာရင်းဝင်သူတိုင်းသည်လိုအပ်သော အသက်ဖိုးငွေကို သတ်မှတ်ထားသောစံနှုန်း အတိုင်းခြင်တွယ်၍ပေးရမည်။ လူတိုင်းထို အခွန်ငွေကိုငါ့အားဆက်ကပ်ရမည်။-
14
အသက်နှစ်ဆယ်နှင့်အထက်ရှိသောသန်း ခေါင်စာရင်းဝင်သူတိုင်းသည်၊ ငါ့အားအခွန် ငွေဆက်ကပ်ရမည်။-
15
ထာဝရဘုရားအားသင်တို့၏အသက်ဖိုး ငွေကိုဆက်သသောအခါချမ်းသာသူဖြစ် စေ၊ ဆင်းရဲသူဖြစ်စေ၊ သတ်မှတ်ထားသော ငွေထက်ပို၍သော်လည်းကောင်း၊ လျော့၍ သော်လည်းကောင်းမပေးစေရ။-
16
သင်သည်ဣသရေလအမျိုးသားတို့ထံမှ ထိုငွေကိုလက်ခံ၍၊ ငါစံရာတဲတော်စရိတ် အတွက်အသုံးပြုရမည်။ သင်တို့၏အသက် ဖိုးအတွက်ပေးသောအခွန်ငွေအားဖြင့်၊ ထာဝရဘုရားသည်သင်တို့၏အသက် ကိုကာကွယ်ရန်သတိရမည်'' ဟုမိန့်တော် မူ၏။
17
ထာဝရဘုရားသည်မောရှေအား၊-
18
``ကြေးဝါအောက်ခြေခံသောကြေးဝါအင် တုံကိုပြုလုပ်လော့။ ထိုအင်တုံကိုရေဖြည့်၍၊ ငါစံရာတဲတော်နှင့်ယဇ်ပလ္လင်အကြားတွင် ထားလော့။-
19
အာရုန်နှင့်သူ၏သားများသည်မိမိတို့၏ ခြေလက်များကို၊ ထိုအင်တုံရှိရေဖြင့်ဆေး ကြောရမည်။-
20
သူတို့သည်ငါစံရာတဲတော်ထဲသို့မဝင်မီ ဖြစ်စေ၊ ယဇ်ပလ္လင်ပေါ်တွင်ပူဇော်သကာကို ထာဝရဘုရားထံမပူဇော်မီဖြစ်စေ၊ ထို သို့ခြေလက်ကိုဆေးကြောခြင်းအားဖြင့်၊ အသက်ချမ်းသာရာရမည်။-
21
သူတို့နှင့်သူတို့၏အမျိုးအစဉ်အဆက် တို့သည်၊ ထိုပညတ်ကိုအမြဲလိုက်နာရ ကြမည်'' ဟုမိန့်တော်မူ၏။
22
ထာဝရဘုရားကမောရှေအား၊-
23
``မုရန်ဆီတစ်ဆယ့်နှစ်ပေါင်၊ မွှေးကြိုင်သောသစ် ကြမ်းပိုးခြောက်ပေါင်၊ စပါးလင်ခြောက်ပေါင်၊-
24
ကရမက်တစ်ဆယ့်နှစ်ပေါင်စသည့်အကောင်းဆုံး အမွှေးအကြိုင်တို့ကို (သတ်မှတ်ထားသောစံနှုန်း အတိုင်းခြင်တွယ်ရန်) သံလွင်ဆီတစ်ဂါလံနှင့် ရော၍၊-
25
ဆီမွှေးကဲ့သို့ဘိသိက်ဆီကိုဖော်စပ်လော့။
26
ဤဘိသိက်ဆီကိုအသုံးပြု၍၊ ငါစံရာတဲ တော်နှင့်ပဋိညာဉ်သေတ္တာတော်ကိုလည်းကောင်း၊-
27
စားပွဲနှင့်သက်ဆိုင်ရာပစ္စည်းရှိသမျှတို့ကို လည်းကောင်း၊ ဆီမီးတိုင်နှင့်သက်ဆိုင်ရာပစ္စည်း တို့ကိုလည်းကောင်း၊ နံ့သာပေါင်းမီးရှို့ရာ ပလ္လင်ကိုလည်းကောင်း၊-
28
မီးရှို့ရာယဇ်ပူဇော်သောပလ္လင်နှင့်သက်ဆိုင်ရာ ပစ္စည်းရှိသမျှတို့ကိုလည်းကောင်း၊ အင်တုံနှင့် အောက်ခြေခံကိုလည်းကောင်း၊ ထိုနံ့သာဆီ ဖြင့်သုတ်လိမ်းလော့။-
29
ထိုအရာများကိုဤသို့ဆက်ကပ်ခြင်းဖြင့်၊ အလွန်သန့်ရှင်းစေလော့။ ထိုအရာများကို ထိမိသောအရာဟူသမျှတို့သည် သန့် ရှင်းလိမ့်မည်။-
30
ထိုနောက်အာရုန်နှင့်သူ၏သားတို့ကို၊ ငါ၏ ယဇ်ပုရောဟိတ်များအဖြစ်အမှုထမ်းစေ ရန် သူတို့အားနံ့သာဆီဖြင့်ဘိသိက်ပေး လော့။-
31
ဣသရေလအမျိုးသားတို့အားဤသို့ ဆင့်ဆိုလော့။ ငါ၏အမှုတော်ကိုထမ်းရန် ဘိသိက်ပေးရာ၌၊ သင်တို့၏သားစဉ်မြေး ဆက်တို့သည်ဤသန့်ရှင်းသောဆီကိုအသုံး ပြုရမည်။-
32
ထိုဆီကိုသာမန်လူတို့၏ကိုယ်ခန္ဓာပေါ်သို့ မသွန်းလောင်းရ။ ထိုဆီနှင့်တူသောဆီမျိုး ကိုမဖော်စပ်ရ။ ထိုဆီသည်သန့်ရှင်းသည် ဖြစ်၍၊ သန့်ရှင်းသောဆီအဖြစ်လက်ခံရ မည်။-
33
မည်သူမဆိုထိုဆီနှင့်တူသောဆီကိုဖော် စပ်လျှင်ဖြစ်စေ၊ ယဇ်ပုရောဟိတ်မဟုတ်သူ အပေါ်သို့ထိုဆီကိုလောင်းလျှင်ဖြစ်စေ၊ ငါ ၏လူမျိုးတော်မှအပယ်ခံရမည်ဟုမိန့် တော်မူ၏။
34
ထာဝရဘုရားကမောရှေအား``မွှေးကြိုင် သောနံ့သာမျိုးဖြစ်သည့်အကျော်၊ စံပါ၊ ကရမက်၊ လော်ဗန်စေးစစ်စစ်တို့ကို၊ ဆတူ ချိန်ယူလော့။-
35
ရေမွှေးဖော်စပ်သကဲ့သို့၊ ထိုနံ့သာတို့ကို နံ့သာပေါင်းအဖြစ်ဖော်စပ်လော့။ စင်ကြယ်၍ သီးသန့်စေရန်နံ့သာပေါင်းတွင်ဆားခပ် လော့။-
36
ထိုနံ့သာပေါင်းအချို့ကိုညက်အောင်ထောင်း၍၊ ငါစံရာတဲတော်အတွင်းငါ၏ရှေ့တော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ပဋိညာဉ်သေတ္တာအရှေ့၌ ဖြူးရမည်။ ထိုနံ့သာပေါင်းကိုအလွန်သန့် ရှင်းသောနံ့သာပေါင်းအဖြစ်လက်ခံရမည်။-
37
သင်တို့ကိုယ်တိုင်သုံးရန်အတွက်၊ ထိုနိဿ ရည်းဖြင့်နံ့သာပေါင်းကိုမဖော်စပ်ရ။ ထို နံ့သာပေါင်းသည်ငါ့အဖို့ဆက်ကပ်ထား သည်ဖြစ်၍၊ သန့်ရှင်းသောနံ့သာပေါင်း အဖြစ်လက်ခံရမည်။-
38
ထိုနံ့သာပေါင်းကိုမိမိအတွက်အမွှေး အကြိုင်အဖြစ်ဖော်စပ်သူသည်၊ ငါ၏လူ မျိုးတော်မှအပယ်ခံရမည်'' ဟုမိန့်တော် မူ၏။
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 31 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40